7-Eleven က ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ချဲ့ထွင်တဲ့အနေနဲ့ သြစတြေးလျမှာ စတင်မိတ်ဆက်လာ

 270

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃

ကမ္ဘာကျော် စတိုးဆိုင်လုပ်ငန်း တစ်ခုဖြစ်တဲ့ 7-Eleven ဟာ သြစတြေးလျနိုင်ငံမှာ ဆိုင်ခွဲအသစ် ရာပေါင်း များစွာ တိုးချဲ့ဖွင့်လှစ်သွားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
7-Eleven ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Seven & i Holdings ကုမ္ပဏီဟာ ၂၀၂၄ ခုနှစ်မှာ သြစတြေးလျရှိ လုပ်ငန်းတွေကို ဒေါ်လာ ၁.၇ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီးနောက် ယခုလို အရှိန်အဟုန်နဲ့ ချဲ့ထွင်ဖို့ ပြင်ဆင်လာခြင်းဖြစ် ပါတယ်။ ကုမ္ပဏီက အခုလို ဆိုင်ခွဲတိုးချဲ့မှုမှ ၂၀၃၀ ပြည့်နှစ်မှာ သြစတြေးလျတစ်လွှား ဆိုင်ခွဲပေါင်း ၁,၀၀၀ အထိ ဖွင့်လှစ်နိုင်ဖို့၊ လတ်ဆတ်တဲ့ အစားအစာ၊ နေ့စဉ်သုံး ဝန်ဆောင်မှုတွေနဲ့ သန့်ရှင်းသပ်ရပ်မှုတို့ကို အခြေခံတဲ့ ဂျပန် စတိုင် စတိုးဆိုင်ကို သြစတြေးလျမှာ အကောင်အထည်ဖော်နိုင်ဖို့၊ ၂၀၃၀ ပြည့်နှစ်မှာ ဝင်ငွေ ဒေါ်လာ သန်း ၄၀၀ အထိမြှင့်တင်ဖို့ ရည်မှန်းထားပါတယ်။ လက်ရှိ သြစတြေးလျမှာ 7-Eleven ဆိုင်တွေဟာ ဂျပန်နိုင်ငံက ဆိုင်တွေလိုပဲ ကြက်ကြော်၊ ပီဇာ၊ ဆန်းဒဝှစ်ချ်နဲ့ အိုနီဂီရီ (ထမင်းလုံး) တွေကို စတင်ရောင်းချနေပြီဖြစ်ပါတယ်။
"သြစတြေးလျဟာ ကျွန်တော်တို့ရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့နဲ့ အောင်မြင်တဲ့ဖော်မြူလာကို တီထွင်ဖို့ အကောင်း ဆုံးနေရာပါ" လို့ 7-Eleven International ဥက္ကဋ္ဌ မစ္စတာရှင်းအေဘေးက ပြောကြားခဲ့ပါတယ်။ 7-Eleven အနေနဲ့ သြစတြေးလျမှာ ဂျပန်စတိုင်မော်ဒယ် အောင်မြင်ခဲ့ရင် ဥရောပနဲ့လက်တင်အမေရိက ဈေးကွက်တွေဆီ ဆက်လက် တိုးချဲ့ဖို့ လမ်းကြောင်းပွင့်သွားနိုင်မယ်လို့ သိရပါတယ်။

Zawgyi Version;
7-Eleven က ကမာၻလုံးဆိုင္ရာ ေဈးကြက္ခ်ဲ႕ထြင္တဲ့အေနနဲ႔ ၾသစေၾတးလ်မွာ စတင္မိတ္ဆက္လာ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃
ကမာၻေက်ာ္ စတိုးဆိုင္လုပ္ငန္း တစ္ခုျဖစ္တဲ့ 7-Eleven ဟာ ၾသစေၾတးလ်ႏိုင္ငံမွာ ဆိုင္ခြဲအသစ္ ရာေပါင္း မ်ားစြာ တိုးခ်ဲ႕ဖြင့္လွစ္သြားဖို႔ ရည္မွန္းထားတယ္လို႔ သိရပါတယ္။
7-Eleven ရဲ႕ မိခင္ကုမၸဏီျဖစ္တဲ့ Seven & i Holdings ကုမၸဏီဟာ ၂၀၂၄ ခုႏွစ္မွာ ၾသစေၾတးလ်ရွိ လုပ္ငန္းေတြကို ေဒၚလာ ၁.၇ ဘီလီယံနဲ႔ ဝယ္ယူခဲ့ၿပီးေနာက္ ယခုလို အရွိန္အဟုန္နဲ႔ ခ်ဲ႕ထြင္ဖို႔ ျပင္ဆင္လာျခင္းျဖစ္ ပါတယ္။ ကုမၸဏီက အခုလို ဆိုင္ခြဲတိုးခ်ဲ႕မႈမွ ၂၀၃၀ ျပည့္ႏွစ္မွာ ၾသစေၾတးလ်တစ္လႊား ဆိုင္ခြဲေပါင္း ၁,၀၀၀ အထိ ဖြင့္လွစ္ႏိုင္ဖို႔၊ လတ္ဆတ္တဲ့ အစားအစာ၊ ေန႔စဥ္သုံး ဝန္ေဆာင္မႈေတြနဲ႔ သန႔္ရွင္းသပ္ရပ္မႈတို႔ကို အေျခခံတဲ့ ဂ်ပန္ စတိုင္ စတိုးဆိုင္ကို ၾသစေၾတးလ်မွာ အေကာင္အထည္ေဖာ္ႏိုင္ဖို႔၊ ၂၀၃၀ ျပည့္ႏွစ္မွာ ဝင္ေငြ ေဒၚလာ သန္း ၄၀၀ အထိျမႇင့္တင္ဖို႔ ရည္မွန္းထားပါတယ္။ လက္ရွိ ၾသစေၾတးလ်မွာ 7-Eleven ဆိုင္ေတြဟာ ဂ်ပန္ႏိုင္ငံက ဆိုင္ေတြလိုပဲ ၾကက္ေၾကာ္၊ ပီဇာ၊ ဆန္းဒဝွစ္ခ်္နဲ႔ အိုနီဂီရီ (ထမင္းလုံး) ေတြကို စတင္ေရာင္းခ်ေနၿပီျဖစ္ပါတယ္။
"ၾသစေၾတးလ်ဟာ ကြၽန္ေတာ္တို႔ရဲ႕ စြမ္းရည္ကို စမ္းသပ္ဖို႔နဲ႔ ေအာင္ျမင္တဲ့ေဖာ္ျမဴလာကို တီထြင္ဖို႔ အေကာင္း ဆုံးေနရာပါ" လို႔ 7-Eleven International ဥကၠ႒ မစၥတာရွင္းေအေဘးက ေျပာၾကားခဲ့ပါတယ္။ 7-Eleven အေနနဲ႔ ၾသစေၾတးလ်မွာ ဂ်ပန္စတိုင္ေမာ္ဒယ္ ေအာင္ျမင္ခဲ့ရင္ ဥေရာပနဲ႔လက္တင္အေမရိက ေဈးကြက္ေတြဆီ ဆက္လက္ တိုးခ်ဲ႕ဖို႔ လမ္းေၾကာင္းပြင့္သြားႏိုင္မယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.