စင်ကာပူ Lucky Plaza အစားအသောက်ဆိုင်တန်းမှာ ကြွက်တွေ့ရှိမှု SFA စုံစမ်းစစ်ဆေးနေ

 645

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃

စင်ကာပူနိုင်ငံရဲ့၊ Lucky Plaza အရောင်းစင်တာရှိ အစားအသောက်ဆိုင်တန်း (Food Court) တစ်ခုမှာ ကြွက်တစ်ကောင် တွေ့ရှိခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စင်ကာပူအစားအသောက်အေဂျင်စီ (Singapore Food Agency - SFA) က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တစ်ခုမှာ အဆိုပါအစားအသောက်ဆိုင်တန်းရဲ့စားပွဲတစ်ခုပေါ်ရှိ အသုံးပြုပြီးသား ဟင်းပွဲဗန်းတွေနဲ့ ပန်းကန်ခွက်ယောက်တွေ ကြားမှာ ကြွက်တစ်ကောင် ပြေးလွှားနေတာကို မြင်တွေ့ရပါတယ်။ SFA က ၎င်းတို့အနေနဲ့ အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးနေပြီဖြစ်တယ်လို့ အတည်ပြုပြောကြား ခဲ့ပြီး အစားအသောက်ဘေးကင်းလုံခြုံရေးအတွက် အားလုံးမှာ တာဝန်ရှိတယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။
အစားအသောက် လုပ်ငန်းရှင်တွေ အနေနဲ့ သူတို့ရဲ့ ဆိုင်ဝန်းကျင် သန့်ရှင်းရေးနဲ့ ပိုးမွှားတိရစ္ဆာန် ကင်းစင်ရေးကို အမြဲတမ်း ဂရုစိုက်ဖို့ လိုအပ်တယ် လို့ SFA က ဆိုပါတယ်။ အေဂျင်စီအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး လုံလောက်တဲ့ သက်သေအထောက်အထား တွေ့ရှိရင် ပေါ့ဆတဲ့ အစားအသောက် လုပ်ငန်းရှင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံရဲ့ စားသောက်ဆိုင် သန့်ရှင်းရေးဆိုင်ရာစည်းမျဉ်းတွေအရ ဆိုင် တွေမှာ ပိုးမွှားတိရစ္ဆာန်များ မရှိစေဖို့ ကာကွယ်ရမှာဖြစ်ပြီး ဆိုင်ပတ်ဝန်းကျင်ကို စနစ်တကျထိန်းသိမ်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စည်းကမ်းဖောက်ဖျက်မှု တွေ့ရှိရင် ဒဏ်ငွေရိုက်ခြင်း (သို့) လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း များအထိ ရင်ဆိုင်ရနိုင်ပါတယ်။
အများပြည်သူအနေနဲ့လည်း အစားအသောက်ဆိုင်တွေမှာ သန့်ရှင်းမှုအားနည်းခြင်း (သို့) စည်းကမ်း ဖောက်ဖျက်ခြင်းတို့တွေ့ရှိရင် SFA ရဲ့အွန်လိုင်းတိုင်ကြားစာ စာမျက်နှာမှတစ်ဆင့် သတင်းပေးပို့နိုင်တယ်လို့ နှိုးဆော်ထားပါတယ်။

Zawgyi Version;
စင္ကာပူ Lucky Plaza အစားအေသာက္ဆိုင္တန္းမွာ ႂကြက္ေတြ႕ရွိမႈ SFA စုံစမ္းစစ္ေဆးေန
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃
စင္ကာပူႏိုင္ငံရဲ႕၊ Lucky Plaza အေရာင္းစင္တာရွိ အစားအေသာက္ဆိုင္တန္း (Food Court) တစ္ခုမွာ ႂကြက္တစ္ေကာင္ ေတြ႕ရွိခဲ့ရတဲ့ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စင္ကာပူအစားအေသာက္ေအဂ်င္စီ (Singapore Food Agency - SFA) က စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။
လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ႐ုပ္သံဖိုင္တစ္ခုမွာ အဆိုပါအစားအေသာက္ဆိုင္တန္းရဲ႕စားပြဲတစ္ခုေပၚရွိ အသုံးျပဳၿပီးသား ဟင္းပြဲဗန္းေတြနဲ႔ ပန္းကန္ခြက္ေယာက္ေတြ ၾကားမွာ ႂကြက္တစ္ေကာင္ ေျပးလႊားေနတာကို ျမင္ေတြ႕ရပါတယ္။ SFA က ၎တို႔အေနနဲ႔ အဆိုပါကိစၥကို စုံစမ္းစစ္ေဆးေနၿပီျဖစ္တယ္လို႔ အတည္ျပဳေျပာၾကား ခဲ့ၿပီး အစားအေသာက္ေဘးကင္းလုံၿခဳံေရးအတြက္ အားလုံးမွာ တာဝန္ရွိတယ္လို႔ အေလးေပးေျပာဆိုခဲ့ပါတယ္။
အစားအေသာက္ လုပ္ငန္းရွင္ေတြ အေနနဲ႔ သူတို႔ရဲ႕ ဆိုင္ဝန္းက်င္ သန႔္ရွင္းေရးနဲ႔ ပိုးမႊားတိရစာၦန္ ကင္းစင္ေရးကို အၿမဲတမ္း ဂ႐ုစိုက္ဖို႔ လိုအပ္တယ္ လို႔ SFA က ဆိုပါတယ္။ ေအဂ်င္စီအေနနဲ႔ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ၿပီး လုံေလာက္တဲ့ သက္ေသအေထာက္အထား ေတြ႕ရွိရင္ ေပါ့ဆတဲ့ အစားအေသာက္ လုပ္ငန္းရွင္ေတြကို ထိေရာက္စြာ အေရးယူသြားမယ္လို႔ ဆိုပါတယ္။ စင္ကာပူႏိုင္ငံရဲ႕ စားေသာက္ဆိုင္ သန႔္ရွင္းေရးဆိုင္ရာစည္းမ်ဥ္းေတြအရ ဆိုင္ ေတြမွာ ပိုးမႊားတိရစာၦန္မ်ား မရွိေစဖို႔ ကာကြယ္ရမွာျဖစ္ၿပီး ဆိုင္ပတ္ဝန္းက်င္ကို စနစ္တက်ထိန္းသိမ္းရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ စည္းကမ္းေဖာက္ဖ်က္မႈ ေတြ႕ရွိရင္ ဒဏ္ေငြ႐ိုက္ျခင္း (သို႔) လုပ္ငန္းလိုင္စင္ ပိတ္သိမ္းျခင္း မ်ားအထိ ရင္ဆိုင္ရႏိုင္ပါတယ္။
အမ်ားျပည္သူအေနနဲ႔လည္း အစားအေသာက္ဆိုင္ေတြမွာ သန႔္ရွင္းမႈအားနည္းျခင္း (သို႔) စည္းကမ္း ေဖာက္ဖ်က္ျခင္းတို႔ေတြ႕ရွိရင္ SFA ရဲ႕အြန္လိုင္းတိုင္ၾကားစာ စာမ်က္ႏွာမွတစ္ဆင့္ သတင္းေပးပို႔ႏိုင္တယ္လို႔ ႏႈိးေဆာ္ထားပါတယ္။

Related news

© 2021. All rights reserved.