နိုင်ငံ့ဝန်ထမ်းများ ပြည်သူ့ဆေးရုံများတွင် တက်ရောက်ကုသစဉ် ပြင်ပမှဆေးများဝယ်ယူသုံးစွဲရပါက ဆေးဖိုး ပြန်ထုတ်ပေးနေ

 831

Pearl (NP News)-မတ် ၉
နိုင်ငံ့ဝန်ထမ်းများ ပြည်သူ့ဆေးရုံများတွင် တက်ရောက်ကုသစဉ် ပြင်ပမှဆေးများဝယ်ယူသုံးစွဲ ရပါက ငွေစာရင်းခေါင်းစဉ်ဖြင့် ဆေးဖိုးပြန်ထုတ်ပေးနေကြောင်း ကျန်မာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးက NP News သို့ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံ (၆၇) ရုံတွင် နိုင်ငံ့ဝန်ထမ်းများအတွက် အထူးခုတင်နေရာ (Government Staffs Priority Corner) သတ်မှတ်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးသည့်ဆေးဝါးများနှင့်စမ်းသပ်မှုများအတွက် အခမဲ့ကုသပေးပြီး ပြင်ပမှဆေးများဝယ်ယူသုံးစွဲရလျှင်လည်း ငွေစာရင်းခေါင်းစဉ် (ဝ၃၁၆) ဖြင့် ပြန်လည်ထုတ်ပေးနေ ကြောင်း သိရသည်။
အလားတူ အထူးခုတင်နေရာ မသတ်မှတ်ထားသည့် ပြည်သူ့ဆေးရုံများတွင်လည်း နိုင်ငံ့ဝန် ထမ်းများအတွက် အခမဲ့ ကုသပေးနေပြီး ပြင်ပမှဆေးများဝယ်ယူသုံးစွဲရလျှင်လည်း ငွေစာရင်းခေါင်းစဉ် ဖြင့် ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဆီမှာရှိတဲ့ ဆေးဝါးတွေ အဓိကတော့ မရှိမဖြစ် လိုအပ်တဲ့ဆေးဝါးတွေကတော့ နိုင်ငံတော် ရန်ပုံငွေနဲ့ဝယ်ထားတယ်။ အဲဒါတွေဆိုလည်း အခမဲ့ပဲပေါ့နော်။ တစ်ခါတလေတော့လည်း ထပ်တိုးပြီး ဝယ်ရတာတွေရှိရင်လည်း အစောတည်းက ဒါတွေအတွက်လည်းငွေ ငွေစာရင်းခေါင်းစဉ်ရှိ တယ်။ အဲဒါတွေနဲ့ ပြန်ပေးနေတယ်။ ရန်ကုန်တိုင်းကတော့ Corner လေးခွဲထုတ်လိုက်တော့ ပိုပြီးတော့ ထင်ထင်ရှားရှားဖြစ်သွားတာပေါ့။ Corner သတ်သတ် မဟုတ်ရင်လည်း အဓိကကတော့ Service ပေါ့ နော်။ ကျွန်တော်တို့ပေးတဲ့ ကျန်းမာရေး Service ကို ငွေကြေးကုန်ကျမှုသက်သာစွာနဲ့ရတယ်။ နိုင်ငံ့ ဝန်ထမ်းဖြစ်နေတဲ့အတွက် ပိုပြီးတော့ အလေးပေးတာပေါ့။ လောလောဆယ်ကတော့ သူခဏတော့ စိုက်ဝယ်ရတယ်။ ပြီးရင် ပြန်တောင်းခံလို့ရတယ်။ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ရတာပေါ့ နော်” ဟု ဒေါက်တာ သန်းနိုင်စိုးက NP News သို့ပြောသည်။
ထိုသို့ ပြင်ပမှဆေးများဝယ်ယူသုံးစွဲရ၍ ဆေးဆိုင်ဘောင်ချာနှင့်အတူ တင်ပြတောင်းခံပါက (၅) သိန်းအောက်ကုန်ကျပါက ပြည်နယ်/တိုင်း ကျန်းမာရေးဦးစီးဌာနမှူးများမှ စိစစ်ဆုံးဖြတ်၍လည်း ကောင်း၊ (၅) သိန်းနှင့်အထက်ကုန်ကျပါက ရုံးချုပ်မှလည်းကောင်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ခွင့်ပြုပေးနေကြောင်းလည်း သိရသည်။
“ဆရာဝန်ကနေ ဒီဆေးကို On ရမယ်ဆိုရင် ဆရာဝန်က ဒီဆေးဆိုင်မှာသွားဝယ်တဲ့အခါကျရင် ဘောင်ချာရှိရမယ်။ အဲဒီဘောက်ချာကိုလည်း ဘုတ်အဖွဲ့တော့ ဖြတ်ပေးရမယ်။ အဲဒီဘုတ်အဖွဲ့မှာ ပေး လိုက်တဲ့ဆရာဝန်ကြီးတွေပါတယ်။ ဆေးရုံမှာရှိတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကျွမ်း ကျင်သူတွေပါတယ်။ ဒီဘောက်ချာနဲ့ ဒီပေးထားတဲ့ဆေးနဲ့ ဒီတန်ဖိုးနဲ့ သင့်၊ မသင့်ပေါ့။ များသောအားဖြင့် (၅) သိန်းအောက်ဆိုရင် ပြည်နယ်/တိုင်း ကျန်းမာရေးဦးစီးဌာနမှူးတွေက ဘုတ်အဖွဲ့ EC နဲ့ ဖြတ်ရတာ ပေါ့နော်။ (၅) သိန်းနဲ့အထက်ဆိုရင် ရုံးချုပ်ကို တင်ရတယ်။ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့အညီတော့ စိစစ်မှုခံရမှာပေါ့နော်။ ဒါတွေကို တချို့ကျတော့လည်း မတင်ဘူး။ တင်လာတာတွေကိုလည်း စဉ်းစားပြီး လုပ်ပေးပါတယ်။ (၉၉) ရာခိုင်နှုန်းလောက်က ရသွားကြတယ်။ တချို့ကျတော့လည်း ဘောက်ချာ တွေ မမှန်တာတွေ ၊ နိုင်ငံတော်က ထောက်ပံ့ပေးထားတဲ့ဆေးဝါးပစ္စည်းကို ဥပမာဆေးထိုးအပ်ဆိုရင် နိုင်ငံ တော်ကပေးထားတယ်။ ဆေးထိုးအပ်ဝယ်ထားတဲ့ ဘောက်ချာတွေထည့်ပေးရင်တော့ Pending (ဆိုင်းငံ့) တော့ဖြစ်တာပေါ့” ဟု ဒေါက်တာ သန်း နိုင်စိုးကပြောသည်။

Zawgyi Version:
ႏိုင္ငံ့ဝန္ထမ္းမ်ား ျပည္သူ႔ေဆး႐ုံမ်ားတြင္ တက္ေရာက္ကုသစဥ္ ျပင္ပမွေဆးမ်ားဝယ္ယူသုံးစြဲရပါက ေဆးဖိုး ျပန္ထုတ္ေပးေန
Pearl (NP News)-မတ္ ၉
ႏိုင္ငံ့ဝန္ထမ္းမ်ား ျပည္သူ႔ေဆး႐ုံမ်ားတြင္ တက္ေရာက္ကုသစဥ္ ျပင္ပမွေဆးမ်ားဝယ္ယူသုံးစြဲ ရပါက ေငြစာရင္းေခါင္းစဥ္ျဖင့္ ေဆးဖိုးျပန္ထုတ္ေပးေနေၾကာင္း က်န္မာေရးဝန္ႀကီးဌာန၊ ျပည္သူ႔ က်န္းမာေရး/ ကုသေရးဦးစီးဌာနမႉး ေဒါက္တာ သန္းႏိုင္စိုးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလမွစတင္၍ ရန္ကုန္တိုင္းေဒသႀကီး ကုသေရးဦးစီးဌာနေအာက္ရွိ ေဆး႐ုံ (၆၇) ႐ုံတြင္ ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ အထူးခုတင္ေနရာ (Government Staffs Priority Corner) သတ္မွတ္၍ ႏိုင္ငံေတာ္မွ ေထာက္ပံ့ေပးသည့္ေဆးဝါးမ်ားႏွင့္စမ္းသပ္မႈမ်ားအတြက္ အခမဲ့ကုသေပးၿပီး ျပင္ပမွေဆးမ်ားဝယ္ယူသုံးစြဲရလွ်င္လည္း ေငြစာရင္းေခါင္းစဥ္ (ဝ၃၁၆) ျဖင့္ ျပန္လည္ထုတ္ေပးေန ေၾကာင္း သိရသည္။
အလားတူ အထူးခုတင္ေနရာ မသတ္မွတ္ထားသည့္ ျပည္သူ႔ေဆး႐ုံမ်ားတြင္လည္း ႏိုင္ငံ့ဝန္ ထမ္းမ်ားအတြက္ အခမဲ့ ကုသေပးေနၿပီး ျပင္ပမွေဆးမ်ားဝယ္ယူသုံးစြဲရလွ်င္လည္း ေငြစာရင္းေခါင္းစဥ္ ျဖင့္ ျပန္လည္ထုတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ဆီမွာရွိတဲ့ ေဆးဝါးေတြ အဓိကေတာ့ မရွိမျဖစ္ လိုအပ္တဲ့ေဆးဝါးေတြကေတာ့ ႏိုင္ငံေတာ္ ရန္ပုံေငြနဲ႔ဝယ္ထားတယ္။ အဲဒါေတြဆိုလည္း အခမဲ့ပဲေပါ့ေနာ္။ တစ္ခါတေလေတာ့လည္း ထပ္တိုးၿပီး ဝယ္ရတာေတြရွိရင္လည္း အေစာတည္းက ဒါေတြအတြက္လည္းေငြ ေငြစာရင္းေခါင္းစဥ္ရွိ တယ္။ အဲဒါေတြနဲ႔ ျပန္ေပးေနတယ္။ ရန္ကုန္တိုင္းကေတာ့ Corner ေလးခြဲထုတ္လိုက္ေတာ့ ပိုၿပီးေတာ့ ထင္ထင္ရွားရွားျဖစ္သြားတာေပါ့။ Corner သတ္သတ္ မဟုတ္ရင္လည္း အဓိကကေတာ့ Service ေပါ့ ေနာ္။ ကြၽန္ေတာ္တို႔ေပးတဲ့ က်န္းမာေရး Service ကို ေငြေၾကးကုန္က်မႈသက္သာစြာနဲ႔ရတယ္။ ႏိုင္ငံ့ ဝန္ထမ္းျဖစ္ေနတဲ့အတြက္ ပိုၿပီးေတာ့ အေလးေပးတာေပါ့။ ေလာေလာဆယ္ကေတာ့ သူခဏေတာ့ စိုက္ဝယ္ရတယ္။ ၿပီးရင္ ျပန္ေတာင္းခံလို႔ရတယ္။ ဘ႑ာေရးလုပ္ထုံးလုပ္နည္းနဲ႔အညီလုပ္ရတာေပါ့ ေနာ္” ဟု ေဒါက္တာ သန္းႏိုင္စိုးက NP News သို႔ေျပာသည္။
ထိုသို႔ ျပင္ပမွေဆးမ်ားဝယ္ယူသုံးစြဲရ၍ ေဆးဆိုင္ေဘာင္ခ်ာႏွင့္အတူ တင္ျပေတာင္းခံပါက (၅) သိန္းေအာက္ကုန္က်ပါက ျပည္နယ္/တိုင္း က်န္းမာေရးဦးစီးဌာနမႉးမ်ားမွ စိစစ္ဆုံးျဖတ္၍လည္း ေကာင္း၊ (၅) သိန္းႏွင့္အထက္ကုန္က်ပါက ႐ုံးခ်ဳပ္မွလည္းေကာင္း ဘ႑ာေရးလုပ္ထုံးလုပ္နည္းမ်ားႏွင့္ အညီ စိစစ္ခြင့္ျပဳေပးေနေၾကာင္းလည္း သိရသည္။
“ဆရာဝန္ကေန ဒီေဆးကို On ရမယ္ဆိုရင္ ဆရာဝန္က ဒီေဆးဆိုင္မွာသြားဝယ္တဲ့အခါက်ရင္ ေဘာင္ခ်ာရွိရမယ္။ အဲဒီေဘာက္ခ်ာကိုလည္း ဘုတ္အဖြဲ႕ေတာ့ ျဖတ္ေပးရမယ္။ အဲဒီဘုတ္အဖြဲ႕မွာ ေပး လိုက္တဲ့ဆရာဝန္ႀကီးေတြပါတယ္။ ေဆး႐ုံမွာရွိတဲ့ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ၊ ဘ႑ာေရးပိုင္းဆိုင္ရာ ကြၽမ္း က်င္သူေတြပါတယ္။ ဒီေဘာက္ခ်ာနဲ႔ ဒီေပးထားတဲ့ေဆးနဲ႔ ဒီတန္ဖိုးနဲ႔ သင့္၊ မသင့္ေပါ့။ မ်ားေသာအားျဖင့္ (၅) သိန္းေအာက္ဆိုရင္ ျပည္နယ္/တိုင္း က်န္းမာေရးဦးစီးဌာနမႉးေတြက ဘုတ္အဖြဲ႕ EC နဲ႔ ျဖတ္ရတာ ေပါ့ေနာ္။ (၅) သိန္းနဲ႔အထက္ဆိုရင္ ႐ုံးခ်ဳပ္ကို တင္ရတယ္။ ဘ႑ာေရးလုပ္ထုံးလုပ္နည္းနဲ႔အညီေတာ့ စိစစ္မႈခံရမွာေပါ့ေနာ္။ ဒါေတြကို တခ်ိဳ႕က်ေတာ့လည္း မတင္ဘူး။ တင္လာတာေတြကိုလည္း စဥ္းစားၿပီး လုပ္ေပးပါတယ္။ (၉၉) ရာခိုင္ႏႈန္းေလာက္က ရသြားၾကတယ္။ တခ်ိဳ႕က်ေတာ့လည္း ေဘာက္ခ်ာ ေတြ မမွန္တာေတြ ၊ ႏိုင္ငံေတာ္က ေထာက္ပံ့ေပးထားတဲ့ေဆးဝါးပစၥည္းကို ဥပမာေဆးထိုးအပ္ဆိုရင္ ႏိုင္ငံ ေတာ္ကေပးထားတယ္။ ေဆးထိုးအပ္ဝယ္ထားတဲ့ ေဘာက္ခ်ာေတြထည့္ေပးရင္ေတာ့ Pending (ဆိုင္းငံ့) ေတာ့ျဖစ္တာေပါ့” ဟု ေဒါက္တာ သန္း ႏိုင္စိုးကေျပာသည္။

Related news

© 2021. All rights reserved.