ဗင်နီဇွဲလားယာယီအစိုးရကို တရားဝင်အသိအမှတ်ပြုပေးလိုက်ပြီလို့ ဒေါ်နယ်ထရမ့်ပြော

 838

Pika (NP News) - မတ် ၁ဝ

ဗင်နီဇွဲလားယာယီအစိုးရကို တရားဝင်အသိအမှတ်ပြုပေးလိုက်ပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရွှေနဲ့ပတ်သက်ပြီး ဗင်နီဇွဲလားအစိုးရနဲ့ သဘောတူညီချက်အသစ်တစ်ခုကို ဒေါ်နယ်ထရမ့်က ကြွားဝါခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုကို ပြန်ပေးဆွဲပြီးနောက်ပိုင်းတည်းက ဒေါ်နယ်ထရမ့်ဟာ ဗင်နီဇွဲလားနဲ့ပတ်သက်တဲ့စကားလုံးတွေကို သိသိသာသာပြောင်းလဲလာခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နီကိုလက်စ်မာဒူရိုဟာ မူးယစ်ဆေးဝါး၊ ကိုကင်းရောင်းဝယ်မှု၊သေနတ်ဆိုင်ရာပြစ်မှုတွေ နဲ့ အမေရိကန်ရဲ့စွဲချက်တွေကို ရင်ဆိုင်နေရပေမယ့်လည်း ၎င်းကတော့ အဲဒီစွဲချက်တွေအားလုံးကို ငြင်းဆန်ပယ်ချထားတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဗင်နီဇွဲလားရဲ့ကြီးမားတဲ့ရေနံကြွယ်ဝမှုကိုလည်း ထိန်းချုပ်ဖို့ကြိုးပမ်းနေတယ်ဆိုတာကို ဒေါ်နယ်ထရမ့်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံးရေနံသိုက်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းရဲ့ ငါးပုံပုံ တစ်ပုံခန့်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဗင္နီဇြဲလားယာယီအစိုးရကို တရားဝင္အသိအမွတ္ျပဳေပးလိုက္ၿပီလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - မတ္ ၁ဝ
ဗင္နီဇြဲလားယာယီအစိုးရကို တရားဝင္အသိအမွတ္ျပဳေပးလိုက္ၿပီလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေ႐ႊနဲ႔ပတ္သက္ၿပီး ဗင္နီဇြဲလားအစိုးရနဲ႔ သေဘာတူညီခ်က္အသစ္တစ္ခုကို ေဒၚနယ္ထရမ့္က ႂကြားဝါခဲ့တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက အေမရိကန္တပ္ဖြဲ႕ေတြက ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ိုကို ျပန္ေပးဆြဲၿပီးေနာက္ပိုင္းတည္းက ေဒၚနယ္ထရမ့္ဟာ ဗင္နီဇြဲလားနဲ႔ပတ္သက္တဲ့စကားလုံးေတြကို သိသိသာသာေျပာင္းလဲလာခဲ့တာလည္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ နီကိုလက္စ္မာဒူ႐ိုဟာ မူးယစ္ေဆးဝါး၊ ကိုကင္းေရာင္းဝယ္မႈ၊ေသနတ္ဆိုင္ရာျပစ္မႈေတြ နဲ႔ အေမရိကန္ရဲ႕စြဲခ်က္ေတြကို ရင္ဆိုင္ေနရေပမယ့္လည္း ၎ကေတာ့ အဲဒီစြဲခ်က္ေတြအားလုံးကို ျငင္းဆန္ပယ္ခ်ထားတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဗင္နီဇြဲလားရဲ႕ႀကီးမားတဲ့ေရနံႂကြယ္ဝမႈကိုလည္း ထိန္းခ်ဳပ္ဖို႔ႀကိဳးပမ္းေနတယ္ဆိုတာကို ေဒၚနယ္ထရမ့္က ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ဗင္နီဇြဲလားႏိုင္ငံဟာ ကမာၻ႔အႀကီးဆုံးေရနံသိုက္ကို ပိုင္ဆိုင္ထားၿပီး ကမာၻလုံးဆိုင္ရာ စုစုေပါင္းရဲ႕ ငါးပုံပုံ တစ္ပုံခန႔္ရွိတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.