သဘင်အနုပညာရှင်များ မလိုလားအပ်သော သရုပ်ပျက်ဖျော်ဖြေမှုများနှင့် ဥပဒေများနှင့်မညီသော ဖျော်ဖြေမှုများ မဖြစ်ပေါ်စေရန် အသိပညာပေးဆွေးနွေးပွဲကျင်းပမည်

331

ထိုက်စံ(NP News)-မတ် ၁၁
သဘင်အနုပညာရှင်များ မလိုလားအပ်သော သရုပ်ပျက်ဖျော်ဖြေမှုများနှင့် ဥပဒေများနှင့်မညီသော ဖျော်ဖြေမှုများ မဖြစ်ပေါ်စေရန် အသိပညာပေးဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို လာမည့် (မတ်လ ၁၄ ရက်)တွင် နံနက် (၁ဝ) နာရီ မှ ညနေ (၄) နာရီထိ ရန်ကုန်မြို့၊ အင်းစိန်ဘူတာရုံလမ်း နှင့် လမ်းသစ်လမ်းထောင့်ရှိ ဗဟိုသဘင်ရုံးတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ယင်း ဆွေးနွေးပွဲကို သဘင်စင်မြင့်ထက်တွင် ဖျော်ဖြေတင်ဆက်နေကြသော သဘင်အနုပညာရှင်များ အနေဖြင့် မလိုလားအပ်သော သရုပ်ပျက် ဖျော်ဖြေတင်ဆက်မှုများ၊ တည်ဆဲဥပဒေများနှင့် မညီညွတ်သော ဖျော်ဖြေတင်ဆက်မှုများ မဖြစ်ပေါ်စေရေးအတွက် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အသိပညာပေးလုပ်ငန်းများကိုလည်း မိမိတို့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် သဘင်အစည်းအရုံးများမှတဆင့် ပြန်လည်ဖြန့်ဝေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ၊ မြို့နယ် သဘင်အစည်းအရုံးများမှ ဥက္ကဌ၊ အတွင်းရေးမှုး၊ ကိုယ်စားလှယ်များ၊ သဘင်တည်ထောင်သူများ၊ မန်နေဂျာများ၊ ပညာရပ်ဆိုင်ရာကော်မတီအသီးသီးမှ ကိုယ်စားလှယ်များ နှင့် အခြား စိတ်ပါဝင်စားသူ သဘင်အနုပညာရှင်များအား တက်ရောက်ဆွေးနွေးနိုင်ကြောင်းလည်း ဗဟိုသဘင်ရုံးက အသိပေးထုတ်ပြန်ထားသည်။
zawgyi version
သဘင္အႏုပညာရွင္မ်ား မလိုလားအပ္ေသာ သ႐ုပ္ပ်က္ေဖ်ာ္ေျဖမႈမ်ားႏွင့္ ဥပေဒမ်ားႏွင့္မညီေသာ ေဖ်ာ္ေျဖမႈမ်ား မျဖစ္ေပၚေစရန္ အသိပညာေပးေဆြးေႏြးပြဲက်င္းပမည္
ထိုက္စံ(NP News)-မတ္ ၁၁
သဘင္အႏုပညာရွင္မ်ား မလိုလားအပ္ေသာ သ႐ုပ္ပ်က္ေဖ်ာ္ေျဖမႈမ်ားႏွင့္ ဥပေဒမ်ားႏွင့္မညီေသာ ေဖ်ာ္ေျဖမႈမ်ား မျဖစ္ေပၚေစရန္ အသိပညာေပးေဆြးေႏြးပြဲက်င္းပမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး (ဗဟို)က အသိေပးထုတ္ျပန္ထားသည္။
အဆိုပါ အသိပညာေပးေဆြးေႏြးပြဲကို လာမည့္ (မတ္လ ၁၄ ရက္)တြင္ နံနက္ (၁ဝ) နာရီ မွ ညေန (၄) နာရီထိ ရန္ကုန္ၿမိဳ႕၊ အင္းစိန္ဘူတာ႐ုံလမ္း ႏွင့္ လမ္းသစ္လမ္းေထာင့္ရွိ ဗဟိုသဘင္႐ုံးတြင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
ယင္း ေဆြးေႏြးပြဲကို သဘင္စင္ျမင့္ထက္တြင္ ေဖ်ာ္ေျဖတင္ဆက္ေနၾကေသာ သဘင္အႏုပညာရွင္မ်ား အေနျဖင့္ မလိုလားအပ္ေသာ သ႐ုပ္ပ်က္ ေဖ်ာ္ေျဖတင္ဆက္မႈမ်ား၊ တည္ဆဲဥပေဒမ်ားႏွင့္ မညီၫြတ္ေသာ ေဖ်ာ္ေျဖတင္ဆက္မႈမ်ား မျဖစ္ေပၚေစေရးအတြက္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ အသိပညာေပးလုပ္ငန္းမ်ားကိုလည္း မိမိတို႔ သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ၿမိဳ႕နယ္ သဘင္အစည္းအ႐ုံးမ်ားမွတဆင့္ ျပန္လည္ျဖန႔္ေဝႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ က်င္းပရမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ေၾကာင့္ ျမန္မာတစ္ႏိုင္ငံလုံးဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္ ၊ ၿမိဳ႕နယ္ သဘင္အစည္းအ႐ုံးမ်ားမွ ဥကၠဌ၊ အတြင္းေရးမႈး၊ ကိုယ္စားလွယ္မ်ား၊ သဘင္တည္ေထာင္သူမ်ား၊ မန္ေနဂ်ာမ်ား၊ ပညာရပ္ဆိုင္ရာေကာ္မတီအသီးသီးမွ ကိုယ္စားလွယ္မ်ား ႏွင့္ အျခား စိတ္ပါဝင္စားသူ သဘင္အႏုပညာရွင္မ်ားအား တက္ေရာက္ေဆြးေႏြးႏိုင္ေၾကာင္းလည္း ဗဟိုသဘင္႐ုံးက အသိေပးထုတ္ျပန္ထားသည္။