အီရန်ထိပ်တန်းခေါင်းဆောင်နေရာယူမယ့် ဘယ်သူ့ကိုမဆို သတ်ပစ်မယ်လို့ အစ္စရေးစစ်တပ် ခြိမ်းခြောက်

593
Pika (NP News) - မတ် ၁ဝ
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ သေဆုံးသွားခဲ့တဲ့အီရန်ထိပ်တန်းခေါင်းဆောင်အလီခါမေနီရဲ့နေရာမှာ အစားထိုး တာဝန်ယူမယ့် ဘယ်သူ့ကိုမဆို သတ်ပစ်မယ်လို့ အစ္စရေးစစ်တပ်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၂၈)ရက်က လုပ်ဆောင်ခဲ့တဲ့ အမေရိကန်-အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အလီခါမေနီနဲ့ အခြားအကြီးတန်းအရာရှိများစွာ သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း အီရန်က လက်ရှိအချိန်မှာ အလီခါမေနီနေရာမှာ အစားထိုးတာဝန်ယူမယ့်လူကို ရွေးချယ်ပြီးပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
အီရန်အစိုးရဟာ သေဆုံးသွားခဲ့တဲ့ အလီခါမေနီနေရာမှာ ၎င်းရဲ့သားဖြစ်တဲ့ အသက်(၅၆)နှစ်အရွယ် မို့ချ်တာ ဘာခါမေနီကို ဆက်လက်တာဝန်ယူခိုင်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အစ္စရေးစစ်တပ်က “အစ္စရေးစစ်တပ်ဟာ အီရန်ထိပ်တန်းခေါင်းဆောင်နေရာကို ဆက်ခံမယ့်လူနဲ့ အဲဒီခန့်အပ်မှုမှာ ပါဝင်ပတ်သက်သူတွေအားလုံးကို လိုက်လံရှာဖွေပြီး သုတ်သင်ပစ်မှာပါ။ ပြီးတော့ အဲဒီခန့်အပ်မှုအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ဘုန်းတော်ကြီးတွေကိုလည်း ပစ်မှတ်ထားသွားဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး” လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
အီရန္ထိပ္တန္းေခါင္းေဆာင္ေနရာယူမယ့္ ဘယ္သူ႔ကိုမဆို သတ္ပစ္မယ္လို႔ အစၥေရးစစ္တပ္ ၿခိမ္းေျခာက္
Pika (NP News) - မတ္ ၁ဝ
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ေသဆုံးသြားခဲ့တဲ့အီရန္ထိပ္တန္းေခါင္းေဆာင္အလီခါေမနီရဲ႕ေနရာမွာ အစားထိုး တာဝန္ယူမယ့္ ဘယ္သူ႔ကိုမဆို သတ္ပစ္မယ္လို႔ အစၥေရးစစ္တပ္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ(၂၈)ရက္က လုပ္ေဆာင္ခဲ့တဲ့ အေမရိကန္-အစၥေရးေလေၾကာင္းတိုက္ခိုက္မႈအတြင္းမွာ အလီခါေမနီနဲ႔ အျခားအႀကီးတန္းအရာရွိမ်ားစြာ ေသဆုံးခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမယ့္လည္း အီရန္က လက္ရွိအခ်ိန္မွာ အလီခါေမနီေနရာမွာ အစားထိုးတာဝန္ယူမယ့္လူကို ေ႐ြးခ်ယ္ၿပီးၿပီ ျဖစ္တယ္လို႔လည္း သိရပါတယ္။
အီရန္အစိုးရဟာ ေသဆုံးသြားခဲ့တဲ့ အလီခါေမနီေနရာမွာ ၎ရဲ႕သားျဖစ္တဲ့ အသက္(၅၆)ႏွစ္အ႐ြယ္ မို႔ခ်္တာ ဘာခါေမနီကို ဆက္လက္တာဝန္ယူခိုင္းခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
အစၥေရးစစ္တပ္က “အစၥေရးစစ္တပ္ဟာ အီရန္ထိပ္တန္းေခါင္းေဆာင္ေနရာကို ဆက္ခံမယ့္လူနဲ႔ အဲဒီခန႔္အပ္မႈမွာ ပါဝင္ပတ္သက္သူေတြအားလုံးကို လိုက္လံရွာေဖြၿပီး သုတ္သင္ပစ္မွာပါ။ ၿပီးေတာ့ အဲဒီခန႔္အပ္မႈအစည္းအေဝးကို တက္ေရာက္ခဲ့တဲ့ဘုန္းေတာ္ႀကီးေတြကိုလည္း ပစ္မွတ္ထားသြားဖို႔ တြန႔္ဆုတ္ေနမွာ မဟုတ္ပါဘူး” လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။