ငလျင်ဒဏ်ခံခဲ့ရသော အမျိုးသားပြတိုက် (နေပြည်တော်) ကို ယနေ့ စတင် ဖွင့်လှစ်

 244

ထိုက်စံ (NP News)- မတ် ၁၀
ငလျင်ဒဏ်ခံခဲ့ရပြီးနောက် ထိခိုက်မှုများ ရှိခဲ့သော အအမျိုးသားပြတိုက် (နေပြည်တော်) တွင် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ယနေ့ (မတ်လ ၁၀ ရက်) တွင် စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အမျိုးသားပြတိုက် ( နေပြည်တော်)၏ အဆောင်A နှင့် B တို့ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်သဖြင့် မတ်လ ၁၀ ရက်မှ စတင်ကာ တနင်္လါနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ် နံနက် ၉ နာရီ ခွဲ အချိန်မှ ညနေ ၄ နာရီခွဲ အချိန် အထိ ပြခန်း (၇) ခန်းကို ဖွင့်လှစ်ပြသနေကြောင်း သိရသည်။
ထိုသို့ ပြန်လည် ဖွင့်လှစ်ရာတွင် နိုင်ငံသား တစ်ဦးလျှင် ၁၀၀၀ ကျပ်၊ နိုင်ငံခြားသား တစ်ဉီး ၁၀၀၀၀ ကျပ် နှုန်းဖြင့်လက်မှတ်ဝယ်ယူ၍ လေ့လာကြည့်ရှုနိုင်ပြီး သံဃာ၊ သီလရှင်၊ ကျောင်းသား၊ ကျောင်းသူများမှာ ဝင်ကြေးအခမဲ့ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြတိုက် ပြန်လည် ဖွင့်လှစ်သည့် မတ်လ (၁၀) ရက် နှင့် မတ်လ (၁၁) ရက်၊ မတ်လ (၁၂) ရက် တို့တွင် ဝင်ကြေး အခမဲ့ဖြင့် ဝင်ရောက်ခွင့်ပေးကြောင်းလည်း သိရသည်။
ပြီးခဲ့သည် မန္တလေးငလျင်ကြောင့် အမျိုးသားပြတိုက်(နေပြည်တော်)၏ (A)ဆောင် ၊ (B)ဆောင် ၊ (C)ဆောင် နှင့် (D)ဆောင်တို့တွင် ထိခိုက်မှုများ ရှိခဲ့သည့် အတွက် ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Zawgyi Version:
ငလ်င္ဒဏ္ခံခဲ့ရေသာ အမ်ိဳးသားျပတိုက္ (ေနျပည္ေတာ္) ကို ယေန႔ စတင္ ဖြင့္လွစ္
ထိုက္စံ (NP News)- မတ္ ၁၀
ငလ်င္ဒဏ္ခံခဲ့ရၿပီးေနာက္ ထိခိုက္မႈမ်ား ရွိခဲ့ေသာ အအမ်ိဳးသားျပတိုက္ (ေနျပည္ေတာ္) တြင္ ျပင္ဆင္မႈမ်ား ျပဳလုပ္ၿပီးေနာက္ ယေန႔ (မတ္လ ၁၀ ရက္) တြင္ စတင္ ဖြင့္လွစ္လိုက္ၿပီ ျဖစ္ေၾကာင္း သိရသည္။
အမ်ိဳးသားျပတိုက္ ( ေနျပည္ေတာ္)၏ အေဆာင္A ႏွင့္ B တို႔ကို ျပန္လည္ျပင္ဆင္ၿပီးျဖစ္သျဖင့္ မတ္လ ၁၀ ရက္မွ စတင္ကာ တနလၤါေန႔ႏွင့္ ျပန္တမ္းဝင္႐ုံးပိတ္ရက္မ်ားမွလြဲ၍ ေန႔စဥ္ နံနက္ ၉ နာရီ ခြဲ အခ်ိန္မွ ညေန ၄ နာရီခြဲ အခ်ိန္ အထိ ျပခန္း (၇) ခန္းကို ဖြင့္လွစ္ျပသေနေၾကာင္း သိရသည္။
ထိုသို႔ ျပန္လည္ ဖြင့္လွစ္ရာတြင္ ႏိုင္ငံသား တစ္ဦးလွ်င္ ၁၀၀၀ က်ပ္၊ ႏိုင္ငံျခားသား တစ္ဉီး ၁၀၀၀၀ က်ပ္ ႏႈန္းျဖင့္လက္မွတ္ဝယ္ယူ၍ ေလ့လာၾကည့္ရႈႏိုင္ၿပီး သံဃာ၊ သီလရွင္၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားမွာ ဝင္ေၾကးအခမဲ့ ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ျပတိုက္ ျပန္လည္ ဖြင့္လွစ္သည့္ မတ္လ (၁၀) ရက္ ႏွင့္ မတ္လ (၁၁) ရက္၊ မတ္လ (၁၂) ရက္ တို႔တြင္ ဝင္ေၾကး အခမဲ့ျဖင့္ ဝင္ေရာက္ခြင့္ေပးေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည္ မႏၲေလးငလ်င္ေၾကာင့္ အမ်ိဳးသားျပတိုက္(ေနျပည္ေတာ္)၏ (A)ေဆာင္ ၊ (B)ေဆာင္ ၊ (C)ေဆာင္ ႏွင့္ (D)ေဆာင္တို႔တြင္ ထိခိုက္မႈမ်ား ရွိခဲ့သည့္ အတြက္ ျပင္ဆင္ေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္သည္။

Related news

© 2021. All rights reserved.