စစ်ဖြစ်နေသည့် အရှေ့အလယ်ပိုင်းဒေသသို့ ယူကရိန်း ဒရုန်းပညာရှင်များ စေလွှတ်ဖွယ်ရှိနေ

423

ဂျန်ဇက် (NP News) - မတ် ၁ဝ
ယူကရိန်း ဒရုန်းပညာရှင်များသည် လာမည့်သီတင်းပတ်တွင် အရှေ့အလယ်ပိုင်းဒေသသို့သွားရောက်ဖွယ်ရှိနေကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ယူကရိန်းသမ္မတသည် ယူကရိန်းဒရုန်းပညာရှင်များ နှင့် အမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အလဲလှယ်လုပ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
ယူကရိန်းသည် လက်ရှီအချိန်တွင် အမေရိကန်နိုင်ငံထုတ် US PAC-3 အမျိုးအစား လေကြောင်းရန်ကာကွယ်ရေးစနစ်တွင်အသုံးပြုသည့် ကျည်ဆံများ ကုန်ခမ်းခါနီးသည့်အတွက် အလဲလှယ်လုပ်ရန် စိတ်ဝင်စားနေကြောင်း သိရသည်။ အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသည့် စစ်ပွဲအချိန်ကြာလာမည်ဆိုလျှင် ယူကရိန်းအတွက် အမေရိကန်နိုင်ငံထုတ် လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်နှင့် ခဲယမ်းများရရှီရန်အတားဆီးဖြစ်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။
ယူကရိန်းသမ္မတက ''အခြေနေတွေကို ပြောဖို့ စောလွန်းသေးတယ်။ ဒါပေမယ့် လာမယ့်သီတင်းပတ်မှာ ယူကရိန်းရဲ့ ဒရုန်းကျွမ်းကျင်ပညာရှင်တွေဟာအရှေ့အလယ်ပိုင်းဒေသကို ရောက်ဖွယ်ရှိပါတယ်။ ယူကရိန်းပညာရှင်တွေဟာ အခြေနေတွေကို လေ့လာသုံးသပ်ပြီးနောက် ကူညီပေးမှာဖြစ်တယ်'' ဟု ပြောသည်။
ယူကရိန်းဒရုန်းများသည် ရုရှားနှင့်စစ်ပွဲတွင် ရုရှားစစ်တပ်အသုံးပြုသည့် အီရန်နိုင်ငံထုတ် ရှာဟတ် ၁၃၆ အမျိုးအစားဒရုန်းများကို ဟန့်တားကာကွယ်နိုင်ခဲ့ကြောင်းသိရသည်။ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကလည်း ယူကရိန်းစစ်တပ်သည် ရုရှားနှင့်ဖြစ်ပွားသည့် စစ်ပွဲအတွင်း ရှာဟတ်အမျိုးအစားဒရုန်းများကို ၉၀ ရာခိုင်နှုန်းခန့် တားဆီးဖျက်ချနိုင်ခဲ့ကြောင်း ပြောသည်။
အီရန်နိုင်ငံထုတ် ရှာဟတ်အမျိုးအစားဒရုန်းမျးသည် အမေရိကန် နှင့် ပင်လယ်ကွေ့နိုင်ငံများကို များစွာအခက်ခဲဖြစ်စေခဲ့ကြောင်း သိရသည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ''ကျွန်တော်တို့ဟာ ယူကရိန်းစစ်သားများအားလုံးကို အရှေ့အလယ်ပိုင်းကို စေလွှတ်မှာမဟုတ်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံကို ရုရှားဘက်က ဒရုန်းနဲ့တိုက်ခိုက်လို့မရအောင် လုပ်ပြနိုင်ခဲ့တဲ့ လူအချို့ကိုတော့ စေလွှတ်မယ်'' ဟု ပြောသည်။

Zawgyi Version;
စစ္ျဖစ္ေနသည့္ အေရွ႕အလယ္ပိုင္းေဒသသို႔ ယူကရိန္း ဒ႐ုန္းပညာရွင္မ်ား ေစလႊတ္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - မတ္ ၁ဝ
ယူကရိန္း ဒ႐ုန္းပညာရွင္မ်ားသည္ လာမည့္သီတင္းပတ္တြင္ အေရွ႕အလယ္ပိုင္းေဒသသို႔သြားေရာက္ဖြယ္ရွိေနေၾကာင္း ယူကရိန္းသမၼတ ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ယူကရိန္းသမၼတသည္ ယူကရိန္းဒ႐ုန္းပညာရွင္မ်ား ႏွင့္ အေမရိကန္ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ကို အလဲလွယ္လုပ္ရန္ ႀကိဳးပမ္းေနေၾကာင္း သိရသည္။
ယူကရိန္းသည္ လက္ရွီအခ်ိန္တြင္ အေမရိကန္ႏိုင္ငံထုတ္ US PAC-3 အမ်ိဳးအစား ေလေၾကာင္းရန္ကာကြယ္ေရးစနစ္တြင္အသုံးျပဳသည့္ က်ည္ဆံမ်ား ကုန္ခမ္းခါနီးသည့္အတြက္ အလဲလွယ္လုပ္ရန္ စိတ္ဝင္စားေနေၾကာင္း သိရသည္။ အေရွ႕အလယ္ပိုင္းေဒသတြင္ျဖစ္ပြားေနသည့္ စစ္ပြဲအခ်ိန္ၾကာလာမည္ဆိုလွ်င္ ယူကရိန္းအတြက္ အေမရိကန္ႏိုင္ငံထုတ္ ေလေၾကာင္းရန္ကာကြယ္ေရးလက္နက္စနစ္ႏွင့္ ခဲယမ္းမ်ားရရွီရန္အတားဆီးျဖစ္လာမည္ကို စိုးရိမ္ေနေၾကာင္း သိရသည္။
ယူကရိန္းသမၼတက ''အေျခေနေတြကို ေျပာဖို႔ ေစာလြန္းေသးတယ္။ ဒါေပမယ့္ လာမယ့္သီတင္းပတ္မွာ ယူကရိန္းရဲ႕ ဒ႐ုန္းကြၽမ္းက်င္ပညာရွင္ေတြဟာအေရွ႕အလယ္ပိုင္းေဒသကို ေရာက္ဖြယ္ရွိပါတယ္။ ယူကရိန္းပညာရွင္ေတြဟာ အေျခေနေတြကို ေလ့လာသုံးသပ္ၿပီးေနာက္ ကူညီေပးမွာျဖစ္တယ္'' ဟု ေျပာသည္။
ယူကရိန္းဒ႐ုန္းမ်ားသည္ ႐ုရွားႏွင့္စစ္ပြဲတြင္ ႐ုရွားစစ္တပ္အသုံးျပဳသည့္ အီရန္ႏိုင္ငံထုတ္ ရွာဟတ္ ၁၃၆ အမ်ိဳးအစားဒ႐ုန္းမ်ားကို ဟန႔္တားကာကြယ္ႏိုင္ခဲ့ေၾကာင္းသိရသည္။ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးကလည္း ယူကရိန္းစစ္တပ္သည္ ႐ုရွားႏွင့္ျဖစ္ပြားသည့္ စစ္ပြဲအတြင္း ရွာဟတ္အမ်ိဳးအစားဒ႐ုန္းမ်ားကို ၉၀ ရာခိုင္ႏႈန္းခန႔္ တားဆီးဖ်က္ခ်ႏိုင္ခဲ့ေၾကာင္း ေျပာသည္။
အီရန္ႏိုင္ငံထုတ္ ရွာဟတ္အမ်ိဳးအစားဒ႐ုန္းမ်းသည္ အေမရိကန္ ႏွင့္ ပင္လယ္ေကြ႕ႏိုင္ငံမ်ားကို မ်ားစြာအခက္ခဲျဖစ္ေစခဲ့ေၾကာင္း သိရသည္။ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးက ''ကြၽန္ေတာ္တို႔ဟာ ယူကရိန္းစစ္သားမ်ားအားလုံးကို အေရွ႕အလယ္ပိုင္းကို ေစလႊတ္မွာမဟုတ္ဘူး၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ႏိုင္ငံကို ႐ုရွားဘက္က ဒ႐ုန္းနဲ႔တိုက္ခိုက္လို႔မရေအာင္ လုပ္ျပႏိုင္ခဲ့တဲ့ လူအခ်ိဳ႕ကိုေတာ့ ေစလႊတ္မယ္'' ဟု ေျပာသည္။