လိုင်စင်မဲ့/ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ စစ်တောင်းတံတား(ဟောင်း)ကို ဖြတ်၍ နေ့စဉ်သယ်ယူနေဟုဆို

 539

Pearl (NP News) - မတ် ၁ဝ

လိုင်စင်မဲ့/အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို တောလမ်းများမှတစ်ဆင့် စစ်တောင်းတံတား (ဟောင်း)ကိုဖြတ်၍ ပြန်လည်သယ်ယူနေကြောင်း ယင်းနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက NP News သို့ ပြောသည်။
ပြီးခဲ့သည့် (၂၀၂၅)ခုနှစ် ဇူလိုင်လအ တွင်းက ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း ဒေသ ကြီး၊ ရှမ်းပြည်နယ်အထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ လိုင်စင်မဲ့/အကောက် ခွန်မဲ့ကုန် ပစ္စည်းများနှင့် ပိတ်ပင်တားမြစ် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များကို စစ်ဆေးဖမ်းဆီးခဲ့သဖြင့် ကုန် သည်များက လိုင်စင်မဲ့/ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို မြဝတီရှိ ဂိုထောင်အချို့တွင်လည်းကောင်း၊ သာမည တောင်အနီးရှိ ဂိုထောင်များတွင်လည်းကောင်း သိုလှောင်ထားကြကြောင်း သိရသည်။
“မြဝတီရောက်နေတဲ့ပစ္စည်းတွေ တချို့လိုင်စင်မရှိရင် ဖမ်းတယ်ဆိုတော့ အဲဒါတွေ အကုန်လုံး ဂိုထောင်တွေထဲ သိမ်းကြ၊ ကုန်ကားတွေ ဖျောက်ထားကြဆိုတော့ နည်းမျိုးစုံနဲ့ဖျောက်ထားတာတွေကို အခုထုတ်နေကြတာ။ တရားဝင်အဖမ်းခံထားရတာတွေက အဲဒါတွေက ရွေးလို့မရဘူး။ ဖမ်းပြီဆိုတာ သိ တော့ တချို့တွေက ဖျောက်ကြတာ။ မြဝတီမှာ ဂိုထောင်တွေ ရှိတယ်။ သာမညတောင်နားလေးမှာ လည်း တောထဲမှာ ဂိုထောင်တွေရှိတယ်။ ကားတွေ အကုန်ထိုးထားတာရှိတယ်။ တချို့ကျတော့လည်း အဲဒါတွေကို မြဝတီကို ပြန်သယ်တယ်။ မြဝတီကနေ ဘယ်လို ပြန်သယ်လဲတော့မသိဘူး။ ဒီထက်ကို မှောင်ခိုလမ်းကြောင်းနဲ့အဆက်အသွယ်ရှိတဲ့လူကျတော့ အခု ဘားအံကနေ ဘီးလင်း ၊ ဘီးလင်းကနေ အာရှလမ်းတောက်လျှောက်ဆင်းပြီးတော့ ရန်ကုန်ကို ပို့နေတာ။ နေ့နေ့ညညသွားနေတာ”ဟု ပြော သည်။
လက်ရှိတွင် အဆိုပါ လိုင်စင်မဲ့/အကောက်ခွန်မဲ့ကုန်ပစ္စည်းများကို တောလမ်းမှတစ်ဆင့် ကုန် ကားကြီးများဖြင့် သယ်ဆောင်နေခြင်းဖြစ်ပြီး (၁၅) စီးထက်မနည်း နေ့စဉ်သယ်ဆောင်နေခြင်းဖြစ် ကြောင်းလည်း သိရသည်။
“မှောင်ခိုလမ်းကြောင်းက ဘယ်လိုချနေလဲဆိုရင် ဘားအံကနေ ဘီးလင်းအထိကို တောလမ်းက ချောမွတ်အောင်ပြီးနေပြီ။ ဖောက်ထားတာလည်း ကြာပြီ။ ကွန်ကရစ်တောင် လောင်းထားပြီးပြီ။ ဘီး လင်းအထိရောက်ရင် အာရှလမ်းကို တန်းဝင်တာ။ အောက်မှာက ရန်ကုန် - မော်လမြိုင်လမ်းက ရှိတယ်။ ပြီးရင် စစ်တောင်းတံတားအခြေထိဝင်းကလော လမ်းဆုံကနေ တောက်လျှောက်သွားတာ။ ညောင်ခါး ရှည်ဘက်က မသွားဘူး။ ကားကြီးရော၊ ကား လေးရော ဆိုင်ကယ်ရော နေ့ရောညပါဆင်းတာ လက်နက် တွေလည်းပါနိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီဘက်အပေါ်လမ်းက တအား အစစ်အဆေးများတဲ့အခါကျ တော့ ဒီကောင်တွေက ရတဲ့လမ်းကဖြတ်မှာပဲ။ (၂)နာရီ (၃)နာရီလောက်အတွင်းမှာကို (၁၄)စီး၊ (၁၅)စီး ဖြတ်တာ။ သစ်ဆိုရင်လည်း အကြီးကြီးတွေ။ ကုန်ကားတွေ ၊ သစ်ကားတွေ”ဟု ပြောသည်။
ပြီးခဲ့သည့် (၂၀၂၅)ခုနှစ် ဇူလိုင်လ အတွင်းက ကရင်အထူးအဖွဲ့အနေဖြင့် လိုင်စင်မဲ့ (၆) စီး အပါ အဝင် (၂၀၁) စီး ၊ မန္တလေးအထူးအဖွဲ့မှ လိုင်စင်မဲ့ (၉)စီးအပါအဝင် (၇၂)စီး၊ မွန်အထူးအဖွဲ့မှ (၁၂၁) စီး၊ ရှမ်းအထူးအဖွဲ့မှ လိုင်စင်မဲ့ (၆)စီးအပါအဝင် (၆၄) စီး ၊ အကောက်ခွန်မှ (၁၂) စီး စုစုပေါင်း (၄၇၀) စီး ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ မော်တော်ယာဉ်များ အပေါ်မှ ကန့်သတ်/တားမြစ်ကုန်ပစ္စည်းများကို သိမ်း ဆည်းခဲ့ပြီး ခွင့်ပြုချက်နှင့် ကွဲလွဲ တင်သွင်းလာ သည့် သို့မဟုတ် လုံးဝခွင့်ပြုချက်မပါဘဲ တင်သွင်းလာ သည့် လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို သင့်လျော်သည့် ရွေးယူဒဏ်ငွေ တပ်ရိုက်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ကုန်ပစ္စည်းများအလိုက် ဒဏ်ငွေများကိုလည်း (ဝ.၅) ဆ ၊ (ဝ.၇၅) ဆ၊ (၁) ဆ ၊ (၂)ဆ ၊ (၃) ဆနှင့် (၄)ဆ စသည်ဖြင့် သတ်မှတ်ထားပြီး အချို့ကုန်သည်များက ဒဏ်ငွေလျှော့ပေါ့ပေးရန် အသနားခံ တင်ပြမှုများဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
လိုင္စင္မဲ့/ အေကာက္ခြန္မဲ့ ကုန္ပစၥည္းမ်ား စစ္ေတာင္းတံတား(ေဟာင္း)ကို ျဖတ္၍ ေန႔စဥ္သယ္ယူေနဟုဆို
Pearl (NP News) - မတ္ ၁ဝ
လိုင္စင္မဲ့/အေကာက္ခြန္မဲ့ ကုန္ပစၥည္းမ်ားကို ေတာလမ္းမ်ားမွတစ္ဆင့္ စစ္ေတာင္းတံတား (ေဟာင္း)ကိုျဖတ္၍ ျပန္လည္သယ္ယူေနေၾကာင္း ယင္းႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္ ဇူလိုင္လအ တြင္းက ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ မႏၲေလးတိုင္း ေဒသ ႀကီး၊ ရွမ္းျပည္နယ္အထူးအဖြဲ႕မ်ားႏွင့္ အေကာက္ခြန္ဦးစီးဌာနတို႔မွ လိုင္စင္မဲ့/အေကာက္ ခြန္မဲ့ကုန္ ပစၥည္းမ်ားႏွင့္ ပိတ္ပင္တားျမစ္ ကုန္ပစၥည္းတင္ ေမာ္ေတာ္ယာဥ္မ်ားကို စစ္ေဆးဖမ္းဆီးခဲ့သျဖင့္ ကုန္ သည္မ်ားက လိုင္စင္မဲ့/ အေကာက္ခြန္မဲ့ ကုန္ပစၥည္းမ်ားကို ျမဝတီရွိ ဂိုေထာင္အခ်ိဳ႕တြင္လည္းေကာင္း၊ သာမည ေတာင္အနီးရွိ ဂိုေထာင္မ်ားတြင္လည္းေကာင္း သိုေလွာင္ထားၾကေၾကာင္း သိရသည္။
“ျမဝတီေရာက္ေနတဲ့ပစၥည္းေတြ တခ်ိဳ႕လိုင္စင္မရွိရင္ ဖမ္းတယ္ဆိုေတာ့ အဲဒါေတြ အကုန္လုံး ဂိုေထာင္ေတြထဲ သိမ္းၾက၊ ကုန္ကားေတြ ေဖ်ာက္ထားၾကဆိုေတာ့ နည္းမ်ိဳးစုံနဲ႔ေဖ်ာက္ထားတာေတြကို အခုထုတ္ေနၾကတာ။ တရားဝင္အဖမ္းခံထားရတာေတြက အဲဒါေတြက ေ႐ြးလို႔မရဘူး။ ဖမ္းၿပီဆိုတာ သိ ေတာ့ တခ်ိဳ႕ေတြက ေဖ်ာက္ၾကတာ။ ျမဝတီမွာ ဂိုေထာင္ေတြ ရွိတယ္။ သာမညေတာင္နားေလးမွာ လည္း ေတာထဲမွာ ဂိုေထာင္ေတြရွိတယ္။ ကားေတြ အကုန္ထိုးထားတာရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း အဲဒါေတြကို ျမဝတီကို ျပန္သယ္တယ္။ ျမဝတီကေန ဘယ္လို ျပန္သယ္လဲေတာ့မသိဘူး။ ဒီထက္ကို ေမွာင္ခိုလမ္းေၾကာင္းနဲ႔အဆက္အသြယ္ရွိတဲ့လူက်ေတာ့ အခု ဘားအံကေန ဘီးလင္း ၊ ဘီးလင္းကေန အာရွလမ္းေတာက္ေလွ်ာက္ဆင္းၿပီးေတာ့ ရန္ကုန္ကို ပို႔ေနတာ။ ေန႔ေန႔ညညသြားေနတာ”ဟု ေျပာ သည္။
လက္ရွိတြင္ အဆိုပါ လိုင္စင္မဲ့/အေကာက္ခြန္မဲ့ကုန္ပစၥည္းမ်ားကို ေတာလမ္းမွတစ္ဆင့္ ကုန္ ကားႀကီးမ်ားျဖင့္ သယ္ေဆာင္ေနျခင္းျဖစ္ၿပီး (၁၅) စီးထက္မနည္း ေန႔စဥ္သယ္ေဆာင္ေနျခင္းျဖစ္ ေၾကာင္းလည္း သိရသည္။
“ေမွာင္ခိုလမ္းေၾကာင္းက ဘယ္လိုခ်ေနလဲဆိုရင္ ဘားအံကေန ဘီးလင္းအထိကို ေတာလမ္းက ေခ်ာမြတ္ေအာင္ၿပီးေနၿပီ။ ေဖာက္ထားတာလည္း ၾကာၿပီ။ ကြန္ကရစ္ေတာင္ ေလာင္းထားၿပီးၿပီ။ ဘီး လင္းအထိေရာက္ရင္ အာရွလမ္းကို တန္းဝင္တာ။ ေအာက္မွာက ရန္ကုန္ - ေမာ္လၿမိဳင္လမ္းက ရွိတယ္။ ၿပီးရင္ စစ္ေတာင္းတံတားအေျခထိဝင္းကေလာ လမ္းဆုံကေန ေတာက္ေလွ်ာက္သြားတာ။ ေညာင္ခါး ရွည္ဘက္က မသြားဘူး။ ကားႀကီးေရာ၊ ကား ေလးေရာ ဆိုင္ကယ္ေရာ ေန႔ေရာညပါဆင္းတာ လက္နက္ ေတြလည္းပါႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ ဒီဘက္အေပၚလမ္းက တအား အစစ္အေဆးမ်ားတဲ့အခါက် ေတာ့ ဒီေကာင္ေတြက ရတဲ့လမ္းကျဖတ္မွာပဲ။ (၂)နာရီ (၃)နာရီေလာက္အတြင္းမွာကို (၁၄)စီး၊ (၁၅)စီး ျဖတ္တာ။ သစ္ဆိုရင္လည္း အႀကီးႀကီးေတြ။ ကုန္ကားေတြ ၊ သစ္ကားေတြ”ဟု ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္ ဇူလိုင္လ အတြင္းက ကရင္အထူးအဖြဲ႕အေနျဖင့္ လိုင္စင္မဲ့ (၆) စီး အပါ အဝင္ (၂၀၁) စီး ၊ မႏၲေလးအထူးအဖြဲ႕မွ လိုင္စင္မဲ့ (၉)စီးအပါအဝင္ (၇၂)စီး၊ မြန္အထူးအဖြဲ႕မွ (၁၂၁) စီး၊ ရွမ္းအထူးအဖြဲ႕မွ လိုင္စင္မဲ့ (၆)စီးအပါအဝင္ (၆၄) စီး ၊ အေကာက္ခြန္မွ (၁၂) စီး စုစုေပါင္း (၄၇၀) စီး ဖမ္းဆီးရမိခဲ့ၿပီး အဆိုပါ ေမာ္ေတာ္ယာဥ္မ်ား အေပၚမွ ကန႔္သတ္/တားျမစ္ကုန္ပစၥည္းမ်ားကို သိမ္း ဆည္းခဲ့ၿပီး ခြင့္ျပဳခ်က္ႏွင့္ ကြဲလြဲ တင္သြင္းလာ သည့္ သို႔မဟုတ္ လုံးဝခြင့္ျပဳခ်က္မပါဘဲ တင္သြင္းလာ သည့္ လိုင္စင္မဲ့၊ အေကာက္ခြန္မဲ့ ကုန္ပစၥည္းမ်ားကို သင့္ေလ်ာ္သည့္ ေ႐ြးယူဒဏ္ေငြ တပ္႐ိုက္ေဆာင္ ႐ြက္ခဲ့ေၾကာင္း သိရသည္။
ကုန္ပစၥည္းမ်ားအလိုက္ ဒဏ္ေငြမ်ားကိုလည္း (ဝ.၅) ဆ ၊ (ဝ.၇၅) ဆ၊ (၁) ဆ ၊ (၂)ဆ ၊ (၃) ဆႏွင့္ (၄)ဆ စသည္ျဖင့္ သတ္မွတ္ထားၿပီး အခ်ိဳ႕ကုန္သည္မ်ားက ဒဏ္ေငြေလွ်ာ့ေပါ့ေပးရန္ အသနားခံ တင္ျပမႈမ်ားေဆာင္႐ြက္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.