စက်သုံးဆီအခက်အခဲကြောင့် ပင်းတယမြို့နယ်မှ ပန်းခင်းများ တစ်ပတ်ကျော်သည်အထိ ရေမဖြန်းရသည့် အခြေအနေနှင့်ကြုံတွေ့နေ

163

သန့်ဇင်၊ သန့်မင်းအိမ်(NP News)-မတ် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် စက်သုံးဆီအခက်အခဲကြောင့် ပန်းခင်းများ တစ်ပတ်ကျော်သည် အထိ ရေမဖြန်းရသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ဒေသခံပန်းစိုက်တောင်သူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် ပင်းတယမြို့နယ်တွင် စုံ၊ မ သတ်မှတ်ချက်ဖြင့် စက်သုံးဆီဝယ်ယူနေရကာ ဒေသခံပန်းစိုက်တောင် သူများအနေဖြင့် ပန်းခင်းများအား ရေပေးရန်အတွက် စက်သုံးဆီဝယ်ယူ၍ မရသည့်အခက်အခဲနှင့် ရင်ဆိုင်နေရ ကြောင်း သိရသည်။
“ကျွန်တော်တို့က အခု ဟို နှင်းဆီ ပန်း စိုက်ပျိုးရေးသမားတွေပေါ့ဗျာ။ ဆီဆိုင်တွေက ဒီလိုဗျ၊ ကားတွေပဲ ရောင်းတာ ဖြစ်နေတယ်ဗျ ဒီဘက်မှာကျတော့။ ကျွန်တော်တို့က တောင်သူတွေဆိုတော့ ကားမရှိဘူးလေ။ ပုံးလေးနဲ့ သွားဝယ်တာကို ဝယ်လို့မရတော့ ကျွန်တော်တို့မှာ (၇) ရက် (၁၀) ရက်လောက်ရှိပြီ ရေလည်းမလောင်းရဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ဒီ ဆီဆိုင်တွေကို သဘောတစ်ခု ကား ကျွန်တော်တို့ တောင်သူတွေကျတော့ ကားမရှိဘူးလေ။ အဲဒီတော့ ပုံးလေးတွေနဲ့ ရေလောင်းချင်လို့ သွားဝယ်တာကို တစ်ဦးကို တစ်ပုံးနှုန်းလေးလောက်တော့ ရောင်းစေချင်တာပေါ့ဗျာ။ အခုက မရတော့ ဘယ်မှလည်း ဝယ်မရဘူး၊ မြို့ထဲလည်း ဝယ်မရဘူး”ဟု ဒေသခံပန်းစိုက်တောင်သူတစ်ဦးက ပြောသည်။
ထို့ပြင် ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင်သွားရောက်ဝယ်ယူရာတွင်လည်း တစ်ခါဝယ်ယူလျှင် ကျပ် (၁၅၀၀၀) ခန့်သာ ဝယ်ယူရသည့်အတွက် စက်သုံးဆီမလုံလောက်သည့် အခက်ခဲနှင့်လည်း ရင်ဆိုင်နေရကြောင်း ၎င်းကဆိုသည်။
“အခု အပြင်ဆိုင်တွေကျတော့ ရောင်းတဲ့ဆိုင်တွေက မနက်အစေား သွားသွားတိုးတယ်ဗျ။ တိုးမှ (၁၅၀၀၀)ဖိုးပဲ။ ဒါပေမဲ့ ကျွန်တော်တို့ (၁၅၀၀၀)ဖိုးလည်း တစ်ခါတလေကျတော့ မရဘူးဗျ။ ရပြန်တော့လည်း တစ်သောင်းခွဲဖိုးနဲ့က မလောင်းလောက်ဘူးလေ။အဲဒါ ကျွန်တော် တို့ တောင်သူတွေ ဒုက္ခရောက်နေလို့ဗျာ။ ကျွန်တော်ဆိုရင် အခု ၁၀ ရက်ခန့်ရှိပြီ ရေမလောင်းရတာ”ဟု ၎င်းကပြောသည်။
ယင်းတယမြို့နယ်သည် ဥယာဉ်ခြံမြေလုပ်ငန်းကိုလုပ်ကိုင်ကာ စီးပွားရေးလုပ်ကိုင်ကြသည့် ဒေသတစ်ခုဖြစ်ပြီး စက်သုံးဆီလို အပ်ချက်မြင့်များမှုကြောင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ထိခိုက်လာနိုင်ကြောင်း ၎င်းဆိုသည်။
“ပန်းတွေဆိုတာ ဆူရိုးတွေညှိုးနွမ်း ပြီးတော့ သေမလိုတွေ ဖြစ်နေလို့၊ အဲဒါကြောင့် ပင်းတယကို ဆီသွားဝယ်တော့လည်း မရဘူးဗျ။ နောက်ပြီး ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အခု ပင်းတယမြို့နယ်ထဲက ကျွန်တော်တို့မှာ ရေလောင်းဖို့ရာ ရေကလည်း နွေရာသီရောက်တော့ ရေက ဒီလောက်ကြီး ရေမပေါဘူးလေ။မပေါတော့ ညဉ့်သန်းခေါင်မှာ (၄) (၅) ခါလောက် အိပ်ရေးပျက်ခံ ထပြီးတော့မှ ရတဲ့ရေ လောင်းရတာ။ ဒီကြားထဲမှာ ရေကမရတဲ့ထဲမှာ ဆီက ဝယ်မရတော့ ကျွန်တော်တို့မှာ ရေကခက်ခဲဖြစ်၊ ဆီကခက်ခဲဖြစ်နေတာ”ဟု ဒေသခံက ပြောသည်။

Zawgyi Version:
စက္သုံးဆီအခက္အခဲေၾကာင့္ ပင္းတယၿမိဳ႕နယ္မွ ပန္းခင္းမ်ား တစ္ပတ္ေက်ာ္သည္အထိ ေရမျဖန္းရသည့္ အေျခအေနႏွင့္ႀကဳံေတြ႕ေန
သန႔္ဇင္၊ သန႔္မင္းအိမ္(NP News)-မတ္ ၁၀
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပင္းတယၿမိဳ႕နယ္တြင္ စက္သုံးဆီအခက္အခဲေၾကာင့္ ပန္းခင္းမ်ား တစ္ပတ္ေက်ာ္သည္ အထိ ေရမျဖန္းရသည့္ အေျခအေနႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း ေဒသခံပန္းစိုက္ေတာင္သူတစ္ဦးက NP News ကိုေျပာသည္။
လက္ရွိတြင္ ပင္းတယၿမိဳ႕နယ္တြင္ စုံ၊ မ သတ္မွတ္ခ်က္ျဖင့္ စက္သုံးဆီဝယ္ယူေနရကာ ေဒသခံပန္းစိုက္ေတာင္ သူမ်ားအေနျဖင့္ ပန္းခင္းမ်ားအား ေရေပးရန္အတြက္ စက္သုံးဆီဝယ္ယူ၍ မရသည့္အခက္အခဲႏွင့္ ရင္ဆိုင္ေနရ ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔က အခု ဟို ႏွင္းဆီ ပန္း စိုက္ပ်ိဳးေရးသမားေတြေပါ့ဗ်ာ။ ဆီဆိုင္ေတြက ဒီလိုဗ်၊ ကားေတြပဲ ေရာင္းတာ ျဖစ္ေနတယ္ဗ် ဒီဘက္မွာက်ေတာ့။ ကြၽန္ေတာ္တို႔က ေတာင္သူေတြဆိုေတာ့ ကားမရွိဘူးေလ။ ပုံးေလးနဲ႔ သြားဝယ္တာကို ဝယ္လို႔မရေတာ့ ကြၽန္ေတာ္တို႔မွာ (၇) ရက္ (၁၀) ရက္ေလာက္ရွိၿပီ ေရလည္းမေလာင္းရဘူး။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဒီ ဆီဆိုင္ေတြကို သေဘာတစ္ခု ကား ကြၽန္ေတာ္တို႔ ေတာင္သူေတြက်ေတာ့ ကားမရွိဘူးေလ။ အဲဒီေတာ့ ပုံးေလးေတြနဲ႔ ေရေလာင္းခ်င္လို႔ သြားဝယ္တာကို တစ္ဦးကို တစ္ပုံးႏႈန္းေလးေလာက္ေတာ့ ေရာင္းေစခ်င္တာေပါ့ဗ်ာ။ အခုက မရေတာ့ ဘယ္မွလည္း ဝယ္မရဘူး၊ ၿမိဳ႕ထဲလည္း ဝယ္မရဘူး”ဟု ေဒသခံပန္းစိုက္ေတာင္သူတစ္ဦးက ေျပာသည္။
ထို႔ျပင္ ပုဂၢလိကစက္သုံးဆီဆိုင္မ်ားတြင္သြားေရာက္ဝယ္ယူရာတြင္လည္း တစ္ခါဝယ္ယူလွ်င္ က်ပ္ (၁၅၀၀၀) ခန႔္သာ ဝယ္ယူရသည့္အတြက္ စက္သုံးဆီမလုံေလာက္သည့္ အခက္ခဲႏွင့္လည္း ရင္ဆိုင္ေနရေၾကာင္း ၎ကဆိုသည္။
“အခု အျပင္ဆိုင္ေတြက်ေတာ့ ေရာင္းတဲ့ဆိုင္ေတြက မနက္အေစား သြားသြားတိုးတယ္ဗ်။ တိုးမွ (၁၅၀၀၀)ဖိုးပဲ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ (၁၅၀၀၀)ဖိုးလည္း တစ္ခါတေလက်ေတာ့ မရဘူးဗ်။ ရျပန္ေတာ့လည္း တစ္ေသာင္းခြဲဖိုးနဲ႔က မေလာင္းေလာက္ဘူးေလ။အဲဒါ ကြၽန္ေတာ္ တို႔ ေတာင္သူေတြ ဒုကၡေရာက္ေနလို႔ဗ်ာ။ ကြၽန္ေတာ္ဆိုရင္ အခု ၁၀ ရက္ခန႔္ရွိၿပီ ေရမေလာင္းရတာ”ဟု ၎ကေျပာသည္။
ယင္းတယၿမိဳ႕နယ္သည္ ဥယာဥ္ၿခံေျမလုပ္ငန္းကိုလုပ္ကိုင္ကာ စီးပြားေရးလုပ္ကိုင္ၾကသည့္ ေဒသတစ္ခုျဖစ္ၿပီး စက္သုံးဆီလို အပ္ခ်က္ျမင့္မ်ားမႈေၾကာင့္ ေဒသတြင္းစီးပြားေရးလုပ္ငန္းမ်ား ထိခိုက္လာႏိုင္ေၾကာင္း ၎ဆိုသည္။
“ပန္းေတြဆိုတာ ဆူ႐ိုးေတြညႇိဳးႏြမ္း ၿပီးေတာ့ ေသမလိုေတြ ျဖစ္ေနလို႔၊ အဲဒါေၾကာင့္ ပင္းတယကို ဆီသြားဝယ္ေတာ့လည္း မရဘူးဗ်။ ေနာက္ၿပီး ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အခု ပင္းတယၿမိဳ႕နယ္ထဲက ကြၽန္ေတာ္တို႔မွာ ေရေလာင္းဖို႔ရာ ေရကလည္း ေႏြရာသီေရာက္ေတာ့ ေရက ဒီေလာက္ႀကီး ေရမေပါဘူးေလ။မေပါေတာ့ ညဥ့္သန္းေခါင္မွာ (၄) (၅) ခါေလာက္ အိပ္ေရးပ်က္ခံ ထၿပီးေတာ့မွ ရတဲ့ေရ ေလာင္းရတာ။ ဒီၾကားထဲမွာ ေရကမရတဲ့ထဲမွာ ဆီက ဝယ္မရေတာ့ ကြၽန္ေတာ္တို႔မွာ ေရကခက္ခဲျဖစ္၊ ဆီကခက္ခဲျဖစ္ေနတာ”ဟု ေဒသခံက ေျပာသည္။