ပြည်တွင်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြည်သူလူထုအကျိုးကိုရှေးရှုကာ ဖြစ်လိုသည်ထက်ဖြစ်သင့်သည်ကို ဆောင်ရွက်ရမည်

 242

သန့်ဇင်(NP News)-မတ် ၁၁

ပြည်တွင်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြည်သူလူထုအကျိုးကိုရှေးရှုကာ ဖြစ်ချင်သည်ထက်ဖြစ်သင့်သည်ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့( မတ်လ ၁၀ ရက်) မွန်းလွဲပိုင်းကနေပြည်တော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင် စီရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သော နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မဖြစ်မနေတိုးတက်မှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအကျိုးကိုရှေးရှု၍ ဖြစ်ချင်သည်ထက်ဖြစ်သင့်သည်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၈၉) ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုရ သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၂၅) ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၂၂) ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ နှင့် (၁၃) ကြိမ်၊ စုစုပေါင်း (၁၄၉) ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ထိုသို့ ဆွေးနွေးသည့်နေရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးကိစ္စရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်သော ဖြစ်သင့်ဖြစ်ထိုက်သည့်အချက်များကို အကျေအလည် ဆွေးနွေးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဆွေးနွေးနိုင်ခဲ့သည့်အချက်များကို လာမည့်လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး လွှတ်တော်၏ဆုံးဖြတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

အခြေခံဥပဒေများနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီး၌လည်း ပြင်ဆင်နေကြသည့် အခြေအနေများရှိနေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

လက်ရှိအခြေခံဥပဒေသည် ၁၉၉၁ ခုနှစ် အမျိုးသားညီလာခံမှ စတင်အခြေပြုရေးဆွဲခဲ့ခြင်းဖြစ်၍ ယခုခေတ်စနစ်နှင့်အညီ ပြုပြင်ရန် များရှိနိုင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
အခြေခံဥပဒေသည် ခိုင်မာမှုရှိပါက ပိုမိုကောင်းမွန်သဖြင့် ဥပဒေရေးဆွဲရာတွင် အရှည်မျှော်တွေးပြီး ဘက်ပေါင်းစုံမှ စဉ်းစားရေးဆွဲရန် လိုကြောင်းနှင့် အခြားအဓိကကျသည့် ဥပဒေများရေးဆွဲရာတွင်လည်း ၎င်းအချက်သည် အရေးပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အမျိုးသားအဆင့် အားလုံးပါဝင်သည့် အခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာ စေရေးအတွက် ငြိမ်းချမ်းရေးစကားဝိုင်း၊ ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် နည်းဗျူဟာများဖော်ထုတ် နိုင်ရေးအတွက် ငြိမ်းချမ်းရေးဖိုရမ်နှင့် နိုင်ငံတစ်ဝန်းတွင်ရှိသည့်လူငယ်များ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင် စိတ်ပါဝင်စားမှုရှိလာစေရေးအတွက် လူငယ်ငြိမ်းချမ်းရေးဖိုရမ်များကိုလည်း ကျင်းပပေးခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

အဆိုပါဖိုရမ်များမှရရှိသည့် ဆွေးနွေးချက်များသည် ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် များစွာအထောက်အကူပြု စေမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နိုင်ငံ့အရေးကို ဆောင်ရွက်ရာ၌ လူငယ်များပါဝင်မှုကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံ၏အနာဂတ် ပိုမိုကောင်းမွန် လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

zawgyi version

ျပည္တြင္ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ျပည္သူလူထုအက်ိဳးကိုေရွးရႈကာ ျဖစ္လိုသည္ထက္ျဖစ္သင့္သည္ကို ေဆာင္႐ြက္ရမည္

သန႔္ဇင္(NP News)-မတ္ ၁၁

ျပည္တြင္ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ျပည္သူလူထုအက်ိဳးကိုေရွးရႈကာ ျဖစ္ခ်င္သည္ထက္ျဖစ္သင့္သည္ကို ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔( မတ္လ ၁၀ ရက္) မြန္းလြဲပိုင္းကေနျပည္ေတာ္၊ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္ စီ႐ုံး၊ သဘင္ေဆာင္ခန္းမ၌ က်င္းပျပဳလုပ္ေသာ ႏိုင္ငံေတာ္အစိုးရ၏ ၂၀၂၁ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္အတြင္း ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေစေရး ေဆာင္႐ြက္ခဲ့မႈႏွင့္ပတ္သက္၍ ျပန္လည္သုံးသပ္ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ မျဖစ္မေနတိုးတက္မႈရွိေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ျပည္သူလူထုအက်ိဳးကိုေရွးရႈ၍ ျဖစ္ခ်င္သည္ထက္ျဖစ္သင့္သည္ကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

ထို႔ျပင္ တပ္မေတာ္အေနျဖင့္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လမ္းေၾကာင္းေပၚတြင္ ခိုင္ခိုင္မာမာျဖင့္ ဆက္လက္ေလွ်ာက္လွမ္းလ်က္ရွိၿပီး ၿငိမ္းခ်မ္းေရးကို တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ေရးအတြက္လည္း ၂၀၂၂ ခုႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္အျဖစ္ သတ္မွတ္ေဆာင္႐ြက္ခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

NCA လက္မွတ္ေရးထိုးၿပီးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ (၈၉) ႀကိမ္၊ NCA လက္မွတ္ေရးထိုးထားျခင္း မျပဳရ ေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ (၂၅) ႀကိမ္၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ (၂၂) ႀကိမ္၊ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္မ်ား ႏွင့္ (၁၃) ႀကိမ္၊ စုစုေပါင္း (၁၄၉) ႀကိမ္ ေတြ႕ဆုံညႇိႏႈိင္းေဆြးေႏြးႏိုင္ခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

ထိုသို႔ ေဆြးေႏြးသည့္ေနရာတြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၏ ေတာင္းဆိုခ်က္မ်ား၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ျပင္ဆင္ေရးကိစၥရပ္မ်ား၊ ေဒသႏွင့္တိုင္းျပည္အတြက္ အမွန္တကယ္လိုအပ္ေသာ ျဖစ္သင့္ျဖစ္ထိုက္သည့္အခ်က္မ်ားကို အေက်အလည္ ေဆြးေႏြးႏိုင္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

ေဆြးေႏြးႏိုင္ခဲ့သည့္အခ်က္မ်ားကို လာမည့္လႊတ္ေတာ္တြင္ ေဆြးေႏြးသြားမည္ျဖစ္ၿပီး လႊတ္ေတာ္၏ဆုံးျဖတ္ခ်က္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။

အေျခခံဥပေဒမ်ားႏွင့္ပတ္သက္၍ ကမာၻေပၚရွိႏိုင္ငံအသီးသီး၌လည္း ျပင္ဆင္ေနၾကသည့္ အေျခအေနမ်ားရွိေနေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

လက္ရွိအေျခခံဥပေဒသည္ ၁၉၉၁ ခုႏွစ္ အမ်ိဳးသားညီလာခံမွ စတင္အေျချပဳေရးဆြဲခဲ့ျခင္းျဖစ္၍ ယခုေခတ္စနစ္ႏွင့္အညီ ျပဳျပင္ရန္ မ်ားရွိႏိုင္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
အေျခခံဥပေဒသည္ ခိုင္မာမႈရွိပါက ပိုမိုေကာင္းမြန္သျဖင့္ ဥပေဒေရးဆြဲရာတြင္ အရွည္ေမွ်ာ္ေတြးၿပီး ဘက္ေပါင္းစုံမွ စဥ္းစားေရးဆြဲရန္ လိုေၾကာင္းႏွင့္ အျခားအဓိကက်သည့္ ဥပေဒမ်ားေရးဆြဲရာတြင္လည္း ၎အခ်က္သည္ အေရးပါေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအေပၚ အမ်ိဳးသားအဆင့္ အားလုံးပါဝင္သည့္ အခင္းအက်င္းတစ္ရပ္ ျဖစ္ေပၚလာ ေစေရးအတြက္ ၿငိမ္းခ်မ္းေရးစကားဝိုင္း၊ ၿငိမ္းခ်မ္းေရးကို အေထာက္အကူျပဳသည့္ နည္းဗ်ဴဟာမ်ားေဖာ္ထုတ္ ႏိုင္ေရးအတြက္ ၿငိမ္းခ်မ္းေရးဖိုရမ္ႏွင့္ ႏိုင္ငံတစ္ဝန္းတြင္ရွိသည့္လူငယ္မ်ား ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ လုပ္ငန္းစဥ္မ်ားတြင္ စိတ္ပါဝင္စားမႈရွိလာေစေရးအတြက္ လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္မ်ားကိုလည္း က်င္းပေပးခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

အဆိုပါဖိုရမ္မ်ားမွရရွိသည့္ ေဆြးေႏြးခ်က္မ်ားသည္ ၿငိမ္းခ်မ္းေရးႏွင့္ အေျခခံဥပေဒျပင္ဆင္ေရးအတြက္ မ်ားစြာအေထာက္အကူျပဳ ေစမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ႏိုင္ငံ့အေရးကို ေဆာင္႐ြက္ရာ၌ လူငယ္မ်ားပါဝင္မႈကို ျမႇင့္တင္ေပးျခင္းျဖင့္ ႏိုင္ငံ၏အနာဂတ္ ပိုမိုေကာင္းမြန္ လာေအာင္ ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.