ပစ္စတိုသေနတ်နှင့်မိသည့် သရုပ်ဆောင်မင်းအုပ်စိုးကို တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးထား

10336

သန့်ဇင်(NP News)-မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ပစ္စတိုသေနတ်နှင့်မိသည့် သရုပ်ဆောင်မင်းအုပ်စိုးကို တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
သရုပ်ဆောင်မင်းအုပ်စိုးသည် မတ်လ ၉ ရက် နံနက် ၁၀ နာရီခန့်က တွံတေးမြို့နယ်၊ ဘုရားငုတ်တိုင် X-ray ပူးပေါင်းစစ် ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာနေသည့် ယာဉ်များအား X-ray စက်ဖြင့်ရပ်တန့် စစ်ဆေးစဉ် ဒလမြို့နယ်ဘက်မှ တွံတေးမြို့နယ်ဘက်သို့ ဒလ-တွံတေးကားလမ်း အတိုင်း ယာဉ်မောင်း အောင်နိုင်ထွန်း(ခ)မင်းအုပ်စိုး မောင်းနှင်လာသည့် ယာဉ်အား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရှာဖွေစဉ် ယာဉ်ပေါ်တွင် သေနတ်နံပါတ် A 895629 Made In CZECH REPUBLIC စာတန်းပါ CZ 75D COMPACT 9X19 ပစ္စတို သေနတ်(၁)လက်ကို 9X19 ကျည်ဆံ(၇)တောင့်ပါ ကျည်အိမ်(၁)ခုတို့နှင့်အတူ တပ်လျက်သား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဦးအောင်နိုင်ထွန်း(ခ)မင်းအုပ်စိုးက မိမိကိုယ်ကို ခုခံပိုင်ခွင့်အတွက် အဆိုပါ ပစ္စတိုလက်နက်အား ကိုင်ဆောင်ထားခြင်း ဖြစ်ကြောင်းနှင့် မည်သည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့်မှ ပတ်သက် ဆက်နွယ်ခြင်းမျိုးမရှိကြောင်း ထွက်ဆိုထားကြောင်း သိရသည်။
သို့သော်လည်း သရုပ်ဆောင်မင်းအုပ်စိုးတွင် သေနတ်ကိုင်ဆောင်ခြင်း ခွင့်ပြုချက် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည့်အတွက် တွံတေးမြို့မရဲစခန်း (ပ)၆၅/၂၀၂၆၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Zawgyi Version:
ပစၥတိုေသနတ္ႏွင့္မိသည့္ သ႐ုပ္ေဆာင္မင္းအုပ္စိုးကို တရားမဝင္လက္နက္ကိုင္ေဆာင္မႈျဖင့္ ဖမ္းဆီးထား
သန႔္ဇင္(NP News)-မတ္ ၁၁
ရန္ကုန္တိုင္းေဒသႀကီး၊ တြံေတးၿမိဳ႕နယ္တြင္ ပစၥတိုေသနတ္ႏွင့္မိသည့္ သ႐ုပ္ေဆာင္မင္းအုပ္စိုးကို တရားမဝင္လက္နက္ကိုင္ေဆာင္မႈျဖင့္ ဖမ္းဆီးထားေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
သ႐ုပ္ေဆာင္မင္းအုပ္စိုးသည္ မတ္လ ၉ ရက္ နံနက္ ၁၀ နာရီခန႔္က တြံေတးၿမိဳ႕နယ္၊ ဘုရားငုတ္တိုင္ X-ray ပူးေပါင္းစစ္ ေဆးေရးဂိတ္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စစ္ေဆးေရးဂိတ္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျဖတ္သန္းသြားလာေနသည့္ ယာဥ္မ်ားအား X-ray စက္ျဖင့္ရပ္တန႔္ စစ္ေဆးစဥ္ ဒလၿမိဳ႕နယ္ဘက္မွ တြံေတးၿမိဳ႕နယ္ဘက္သို႔ ဒလ-တြံေတးကားလမ္း အတိုင္း ယာဥ္ေမာင္း ေအာင္ႏိုင္ထြန္း(ခ)မင္းအုပ္စိုး ေမာင္းႏွင္လာသည့္ ယာဥ္အား စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စစ္ေဆးရွာေဖြစဥ္ ယာဥ္ေပၚတြင္ ေသနတ္နံပါတ္ A 895629 Made In CZECH REPUBLIC စာတန္းပါ CZ 75D COMPACT 9X19 ပစၥတို ေသနတ္(၁)လက္ကို 9X19 က်ည္ဆံ(၇)ေတာင့္ပါ က်ည္အိမ္(၁)ခုတို႔ႏွင့္အတူ တပ္လ်က္သား စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ဦးေအာင္ႏိုင္ထြန္း(ခ)မင္းအုပ္စိုးက မိမိကိုယ္ကို ခုခံပိုင္ခြင့္အတြက္ အဆိုပါ ပစၥတိုလက္နက္အား ကိုင္ေဆာင္ထားျခင္း ျဖစ္ေၾကာင္းႏွင့္ မည္သည့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္မွ ပတ္သက္ ဆက္ႏြယ္ျခင္းမ်ိဳးမရွိေၾကာင္း ထြက္ဆိုထားေၾကာင္း သိရသည္။
သို႔ေသာ္လည္း သ႐ုပ္ေဆာင္မင္းအုပ္စိုးတြင္ ေသနတ္ကိုင္ေဆာင္ျခင္း ခြင့္ျပဳခ်က္ အေထာက္အထားတစ္စုံတစ္ရာ ျပသႏိုင္ျခင္း မရွိသည့္အတြက္ တြံေတးၿမိဳ႕မရဲစခန္း (ပ)၆၅/၂၀၂၆၊ ၂၀၂၃ ခုႏွစ္ လက္နက္ဥပေဒပုဒ္မ ၂၄ ျဖင့္ အမႈဖြင့္အေရးယူေဆာင္႐ြက္ထားေၾကာင္း သိရသည္။