နိုင်ငံတွင်းမှာရှိတဲ့ အမေရိကန်စစ်ပစ္စည်းတွေ အရှေ့အလယ်ပိုင်းသို့ ရွှေ့ပြောင်းမှာကို တောင်ကိုရီးယားကန့်ကွက်

 358

Pika(NP News) မတ်-၁၁
အမေရိကန်ရဲ့ လေကြောင်းကာကွယ်ရေးပိုင်ဆိုင်မှုတွေကို ၎င်းရဲ့နယ်မြေထဲကနေ အရှေ့အလယ်ပိုင်းဒေသသို့ ပြန်လည်ရွှေ့ပြောင်းချထားမှာကို တောင်ကိုရီးယားက ကန့်ကွက်‌တယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း အဲ့ဒီလှုပ်ရှားမှုကို တားဆီးနိုင်မယ့် အနေအထားမျိုးက တောင်ကိုရီးယားမှာမရှိဘူးလို့ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ရဲ့စစ်ပွဲဟာ (၁၂)ရက်မြောက်နေ့ကို ရောက်ရှိလာပြီဖြစ်ပြီး ပင်လယ်ကွေ့နိုင်ငံတွေက အသုံးပြုနေတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ကြားဖြတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အားနည်းလာနေတယ်လို့လည်း မီဒီယာအများအပြားက ဝေဖန်သုံးသပ်ထားကြပါတယ်။တောင်ကိုရီးယားနိုင်ငံတွင်းမှာရှိတဲ့ အမေရိကန်လေတပ်ရဲ့ အဓိကအခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ အိုဆန်လေတပ်စခန်းမှာ တပ်စွဲထားတဲ့ အမေရိကန်လက်နက်အချို့ကို ဆော်ဒီအာရေးဗျနဲ့ ယူအေအီးတို့ကို လွှဲပြောင်းပေးအပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို တောင်ကိုရီးယားသမ္မတလီဂျေးမြောင်က တုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။မီဒီယာတွေရဲ့ ဖော်ပြချက်အရ အမေရိကန်စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာ အိုဆန်လေတပ်စခန်းကို ရောက်ရှိလာခဲ့ပြီး ထွက်ခွါမှုတွေလုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။လီဂျေးမြောင်က”တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်လေကြောင်းကာကွယ်ရေးပိုင်ဆိုင်မှုတွေကို အရှေ့အလယ်ပိုင်းကို ရွှေ့ပြောင်းမှာနဲ့ပတ်သက်ပြီး တောင်ကိုရီယားက ကန့်ကွက်ခဲ့ပါတယ်။ဒါပေမယ့်လည်း အဲ့ဒီလှုပ်ရှားမှုကို တားဆီးနိုင်မယ့် အနေအထားမျိုး ကျွန်တော်တို့မှာမရှိပါဘူး။”လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ႏိုင္ငံတြင္းမွာရွိတဲ့ အေမရိကန္စစ္ပစၥည္းေတြ အေရွ႕အလယ္ပိုင္းသို႔ ေ႐ႊ႕ေျပာင္းမွာကို ေတာင္ကိုရီးယားကန႔္ကြက္
Pika(NP News) မတ္-၁၁
အေမရိကန္ရဲ႕ ေလေၾကာင္းကာကြယ္ေရးပိုင္ဆိုင္မႈေတြကို ၎ရဲ႕နယ္ေျမထဲကေန အေရွ႕အလယ္ပိုင္းေဒသသို႔ ျပန္လည္ေ႐ႊ႕ေျပာင္းခ်ထားမွာကို ေတာင္ကိုရီးယားက ကန႔္ကြက္‌တယ္လို႔ ေျပာဆိုခဲ့ေပမယ့္လည္း အဲ့ဒီလႈပ္ရွားမႈကို တားဆီးႏိုင္မယ့္ အေနအထားမ်ိဳးက ေတာင္ကိုရီးယားမွာမရွိဘူးလို႔ ေတာင္ကိုရီးယားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔ရဲ႕စစ္ပြဲဟာ (၁၂)ရက္ေျမာက္ေန႔ကို ေရာက္ရွိလာၿပီျဖစ္ၿပီး ပင္လယ္ေကြ႕ႏိုင္ငံေတြက အသုံးျပဳေနတဲ့ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြဟာ ၾကားျဖတ္တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ အားနည္းလာေနတယ္လို႔လည္း မီဒီယာအမ်ားအျပားက ေဝဖန္သုံးသပ္ထားၾကပါတယ္။ေတာင္ကိုရီးယားႏိုင္ငံတြင္းမွာရွိတဲ့ အေမရိကန္ေလတပ္ရဲ႕ အဓိကအေျခစိုက္စခန္းတစ္ခုျဖစ္တဲ့ အိုဆန္ေလတပ္စခန္းမွာ တပ္စြဲထားတဲ့ အေမရိကန္လက္နက္အခ်ိဳ႕ကို ေဆာ္ဒီအာေရးဗ်နဲ႔ ယူေအအီးတို႔ကို လႊဲေျပာင္းေပးအပ္ခဲ့တယ္ဆိုတဲ့ သတင္းေတြကို ေတာင္ကိုရီးယားသမၼတလီေဂ်းေျမာင္က တုံ႔ျပန္ေျဖၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ အေမရိကန္စစ္ဘက္သယ္ယူပို႔ေဆာင္ေရးေလယာဥ္ဟာ ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္းမွာ အိုဆန္ေလတပ္စခန္းကို ေရာက္ရွိလာခဲ့ၿပီး ထြက္ခြါမႈေတြလုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။လီေဂ်းေျမာင္က”ေတာင္ကိုရီးယားမွာရွိတဲ့ အေမရိကန္ေလေၾကာင္းကာကြယ္ေရးပိုင္ဆိုင္မႈေတြကို အေရွ႕အလယ္ပိုင္းကို ေ႐ႊ႕ေျပာင္းမွာနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီယားက ကန႔္ကြက္ခဲ့ပါတယ္။ဒါေပမယ့္လည္း အဲ့ဒီလႈပ္ရွားမႈကို တားဆီးႏိုင္မယ့္ အေနအထားမ်ိဳး ကြၽန္ေတာ္တို႔မွာမရွိပါဘူး။”လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.