ငါးနှစ်ကျော်အတွင်း ကွန်ဒိုဈေးနှုန်းများ( ၅) ဆမက မြင့်တက်လာ

 251

Photo: Shwe Property
Pearl (NP News) - မတ်လ ၁၁
(၅)နှစ်ကျော်အတွင်း ကွန်ဒိုဈေးနှုန်းများ (၅)ဆမကမြင့်တက်လာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် (၂၀၂၁)ခုနှစ်မတိုင်မီ 1Sq Feet (တစ်ပေပတ်လည်)လျှင် (၂)သိန်းကျပ် ပေါက် ဈေးရှိခဲ့သည့် အခန်းများသည် တည်နေရာနှင့်ပါရှိသည့် Facilities များပေါ်မူတည်၍ ယခုနှစ် (၂၀၂၆ ခုနှစ်) တွင် 1Sq Feet လျှင် (၇)သိန်းကျပ်မှ (၁၅)သိန်း ကျပ်အထိ ပေါက်ဈေးများဖြစ်ပေါ်နေကြောင်းသိရ သည်။
" အရင်က (၂)သိန်း၊ (၂)သိန်းခွဲ ဈေး နှုန်းက အခုဆို (၈)သိန်း၊ (၉)သိန်း၊ (၁၀)သိန်း လောက်ဖြစ်နေတယ်။ ဆောက်တဲ့ Quality ၊ Fac­ilities တွေပေါ်မှာမူတည်ပြီးတော့ ကွာသွားတယ်။ တချို့ကွန်ဒိုဆိုရင် အရင်တုန်းက (၂) သိန်း၊ (၃) သိန်း။ အခုဆိုရင် (၁၇) သိန်းတောင် ရောင်းမယ့်လူ မရှိဘူး။ Location အရတက်သွားတာ။ (၂၀၂၁) မှာ အဲဒီနားက မြေကွက်ဈေးနှုန်းက (၄)ဆ၊ (၅) ဆ တက်သွားတာ " ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။
ကွန်ဒိုဈေးနှုန်းများသည် ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် (၁)လပိုင်းမှစ၍ သိသိသာသာ ပြောင်း လဲလာပြီးနောက် မန္တလေးငလျင်ကြီးအပြီး ရန်ကုန် တိုင်းအတွင်း ရွေ့ပြောင်းနေထိုင်သူ ပိုများလာခြင်း ကြောင့် ပိုမိုသိသာစွာ ပြောင်းလဲလာခဲ့ကြောင်း သိရသည်။
" ဈေးနှုန်းတွေက (၂၀၂၅)ခုနှစ် (၁) လပိုင်းလောက်ကနေစပြီးတော့ တော်တော် သိသိသာ သာကိုပြောင်းသွားတယ်။ ငလျင်အပြီးမှာ တစ်ချက် ထပ်ခုန်တယ်။ ငလျင်ပြီးတဲ့နောက် တချို့တွေ ရန် ကုန်ကို‌ရွှေ့ပြောင်းတွေဝင်လာတယ်။ အငှားသမား တွေ တက်လာတယ်။ အဲဒါမျိုးတက်လာတဲ့အတွက် ရွှေ့ပြောင်းတွေတက်လာတဲ့အတွက်ကြောင့်မို့ အငှား ဈေးတွေတက်လာတော့ အခန်းဝယ်ပြီး ငှားစားတဲ့ လူတွေကလည်း ဘဏ်တိုးထက်သာတယ်ဆိုပြီး တချို့ဆို လာပြီးဝယ်တာတွေများလာတော့ (၂၀၂၅) ခုနှစ် (၈) လပိုင်းလောက်ကစပြီးတော့ ဈေးက သိသိ သာသာပြောင်းသွားတယ်။ မြေဈေးလည်း အဲဒီမှာ သိသိသာသာပြောင်းသွားတယ်"ဟုပြောသည်။
ပြီးခဲ့သည့် (၂၀၂၁) ခုနှစ် ဇန်နဝါရီလအ တွင်း အမေရိကန်ဒေါ်လာငွေလဲဈေးနှုန်းနှင့် ယခုနှစ် (၂၀၂၆)ခုနှစ် ဇန်နဝါရီလအတွင်း ငွေလဲဈေးနှုန်း ကိုနှိုင်းယှဉ်ပါက ယခင်ထက် (၃)ဆခန့်ပိုများလာ ခဲ့ပြီး ဆောက်လုပ်ရေးပစ္စည်းအများစုသည်လည်း ပြည်ပမှတင်သွင်းရသည့်အတွက် ဈေးနှုန်းများ ပိုမိုကြီးမြင့်လာကာ ဈေးကွက်အတွင်း လိုသလောက် ဝယ်ယူ၍မရကြောင်းလည်းသိရသည်။
ထို့ပြင် မြေကွက်ဈေးနှုန်းများတက်လာ ခြင်း၊ ဆောက်လုပ်ရေးပါမစ်များ ကြန့်ကြာခြင်းများ အပါအဝင် အကြောင်းအရင်းအချို့ကြောင့် ကွန်ဒိုဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
" အဲဒီတုန်းကဈေးနှုန်းနဲ့ အခုလက်ရှိဒေါ် လာဈေးနှုန်းနဲ့ကွာသွားတာ တစ်ကြောင်း။ နောက် တစ်ခါ အခုက ကုန်ပစ္စည်းတွေသွင်းဖို့ ပါမစ်တွေပေး တယ်ဆိုပေမယ့်လည်း ဆောက်လုပ်ရေးပစ္စည်းတွေ က လိုသလောက် ဈေးကွက်မှာမရှိနေဘူး။ အဆောက် အအုံနဲ့ပတ်သက်လို့ ပစ္စည်းအားလုံးက သွင်းရအရမ်း ခက်နေတယ်။ အဲဒါမျိုးတွေကြောင့် တက်လာတာ တစ်ကြောင်းပေါ့နော်။ နောက်တစ်ခါ မြေဈေးတွေ အဆမတန်ထိုးတက်လာတာ တစ်ကြောင်းပေါ့နော်။ ဆောက်လုပ်ရေးလုပ်တယ်ဆိုတာ မြေဝယ်ပြီး မြေရဲ့ တန်ဖိုးကို ပြန်ပြီးတော့ plus addition (ထပ်ပေါင်း) လုပ်ရတာကိုး။ အခုနောက်ပိုင်း ဆောက်လုပ်ရေးမှာ အလုပ်သမားတွေရဲ့ဈေးနှုန်းက အရမ်းမြင့်တက်လာ တယ်။ ဆောက်လုပ်ခွင့်တွေကလည်း လွယ်တယ်လို့ ပြောပေမယ့် တကယ့်လက်တွေ့မှာ အရမ်းခက်ခဲ ကြန့်ကြာနေတာတွေရှိတယ်။ အဲဒါမျိုးလေးတွေ ဖြစ်လာတဲ့အခါကျတော့ လုပ်သားအင်အားရှားတာ လည်းပါတာပေါ့နော်။ အ‌ကြောင်းအရပ်ရပ် ပေါင်း လိုက်တဲ့အခါကျတော့ တချို့နေရာတွေမှာ (၃)ဆ မကတက်သွားတာတွေရှိတယ်" ဟုပြောသည်။

Zawgyi Version:
ငါးႏွစ္ေက်ာ္အတြင္း ကြန္ဒိုေဈးႏႈန္းမ်ား( ၅) ဆ မက ျမင့္တက္လာ
Pearl (NP News) - မတ္လ ၁၁
(၅)ႏွစ္ေက်ာ္အတြင္း ကြန္ဒိုေဈးႏႈန္းမ်ား (၅)ဆမကျမင့္တက္လာေၾကာင္း ေဆာက္လုပ္ေရး လုပ္ငန္းရွင္ႀကီးတစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၁)ခုႏွစ္မတိုင္မီ 1Sq Feet (တစ္ေပပတ္လည္)လွ်င္ (၂)သိန္းက်ပ္ ေပါက္ ေဈးရွိခဲ့သည့္ အခန္းမ်ားသည္ တည္ေနရာႏွင့္ပါရွိသည့္ Facilities မ်ားေပၚမူတည္၍ ယခုႏွစ္ (၂၀၂၆ ခုႏွစ္) တြင္ 1Sq Feet လွ်င္ (၇)သိန္းက်ပ္မွ (၁၅)သိန္း က်ပ္အထိ ေပါက္ေဈးမ်ားျဖစ္ေပၚေနေၾကာင္းသိရ သည္။
" အရင္က (၂)သိန္း၊ (၂)သိန္းခြဲ ေဈး ႏႈန္းက အခုဆို (၈)သိန္း၊ (၉)သိန္း၊ (၁၀)သိန္း ေလာက္ျဖစ္ေနတယ္။ ေဆာက္တဲ့ Quality ၊ Fac­ilities ေတြေပၚမွာမူတည္ၿပီးေတာ့ ကြာသြားတယ္။ တခ်ိဳ႕ကြန္ဒိုဆိုရင္ အရင္တုန္းက (၂) သိန္း၊ (၃) သိန္း။ အခုဆိုရင္ (၁၇) သိန္းေတာင္ ေရာင္းမယ့္လူ မရွိဘူး။ Location အရတက္သြားတာ။ (၂၀၂၁) မွာ အဲဒီနားက ေျမကြက္ေဈးႏႈန္းက (၄)ဆ၊ (၅) ဆ တက္သြားတာ " ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္ တစ္ဦးကေျပာသည္။
ကြန္ဒိုေဈးႏႈန္းမ်ားသည္ ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ (၁)လပိုင္းမွစ၍ သိသိသာသာ ေျပာင္း လဲလာၿပီးေနာက္ မႏၲေလးငလ်င္ႀကီးအၿပီး ရန္ကုန္ တိုင္းအတြင္း ေ႐ြ႕ေျပာင္းေနထိုင္သူ ပိုမ်ားလာျခင္း ေၾကာင့္ ပိုမိုသိသာစြာ ေျပာင္းလဲလာခဲ့ေၾကာင္း သိရသည္။
" ေဈးႏႈန္းေတြက (၂၀၂၅)ခုႏွစ္ (၁) လပိုင္းေလာက္ကေနစၿပီးေတာ့ ေတာ္ေတာ္ သိသိသာ သာကိုေျပာင္းသြားတယ္။ ငလ်င္အၿပီးမွာ တစ္ခ်က္ ထပ္ခုန္တယ္။ ငလ်င္ၿပီးတဲ့ေနာက္ တခ်ိဳ႕ေတြ ရန္ ကုန္ကို‌ေ႐ႊ႕ေျပာင္းေတြဝင္လာတယ္။ အငွားသမား ေတြ တက္လာတယ္။ အဲဒါမ်ိဳးတက္လာတဲ့အတြက္ ေ႐ႊ႕ေျပာင္းေတြတက္လာတဲ့အတြက္ေၾကာင့္မို႔ အငွား ေဈးေတြတက္လာေတာ့ အခန္းဝယ္ၿပီး ငွားစားတဲ့ လူေတြကလည္း ဘဏ္တိုးထက္သာတယ္ဆိုၿပီး တခ်ိဳ႕ဆို လာၿပီးဝယ္တာေတြမ်ားလာေတာ့ (၂၀၂၅) ခုႏွစ္ (၈) လပိုင္းေလာက္ကစၿပီးေတာ့ ေဈးက သိသိ သာသာေျပာင္းသြားတယ္။ ေျမေဈးလည္း အဲဒီမွာ သိသိသာသာေျပာင္းသြားတယ္"ဟုေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၁) ခုႏွစ္ ဇန္နဝါရီလအ တြင္း အေမရိကန္ေဒၚလာေငြလဲေဈးႏႈန္းႏွင့္ ယခုႏွစ္ (၂၀၂၆)ခုႏွစ္ ဇန္နဝါရီလအတြင္း ေငြလဲေဈးႏႈန္း ကိုႏႈိင္းယွဥ္ပါက ယခင္ထက္ (၃)ဆခန႔္ပိုမ်ားလာ ခဲ့ၿပီး ေဆာက္လုပ္ေရးပစၥည္းအမ်ားစုသည္လည္း ျပည္ပမွတင္သြင္းရသည့္အတြက္ ေဈးႏႈန္းမ်ား ပိုမိုႀကီးျမင့္လာကာ ေဈးကြက္အတြင္း လိုသေလာက္ ဝယ္ယူ၍မရေၾကာင္းလည္းသိရသည္။
ထို႔ျပင္ ေျမကြက္ေဈးႏႈန္းမ်ားတက္လာ ျခင္း၊ ေဆာက္လုပ္ေရးပါမစ္မ်ား ၾကန႔္ၾကာျခင္းမ်ား အပါအဝင္ အေၾကာင္းအရင္းအခ်ိဳ႕ေၾကာင့္ ကြန္ဒိုေဈးႏႈန္းမ်ားျမင့္တက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
" အဲဒီတုန္းကေဈးႏႈန္းနဲ႔ အခုလက္ရွိေဒၚ လာေဈးႏႈန္းနဲ႔ကြာသြားတာ တစ္ေၾကာင္း။ ေနာက္ တစ္ခါ အခုက ကုန္ပစၥည္းေတြသြင္းဖို႔ ပါမစ္ေတြေပး တယ္ဆိုေပမယ့္လည္း ေဆာက္လုပ္ေရးပစၥည္းေတြ က လိုသေလာက္ ေဈးကြက္မွာမရွိေနဘူး။ အေဆာက္ အအုံနဲ႔ပတ္သက္လို႔ ပစၥည္းအားလုံးက သြင္းရအရမ္း ခက္ေနတယ္။ အဲဒါမ်ိဳးေတြေၾကာင့္ တက္လာတာ တစ္ေၾကာင္းေပါ့ေနာ္။ ေနာက္တစ္ခါ ေျမေဈးေတြ အဆမတန္ထိုးတက္လာတာ တစ္ေၾကာင္းေပါ့ေနာ္။ ေဆာက္လုပ္ေရးလုပ္တယ္ဆိုတာ ေျမဝယ္ၿပီး ေျမရဲ႕ တန္ဖိုးကို ျပန္ၿပီးေတာ့ plus addition (ထပ္ေပါင္း) လုပ္ရတာကိုး။ အခုေနာက္ပိုင္း ေဆာက္လုပ္ေရးမွာ အလုပ္သမားေတြရဲ႕ေဈးႏႈန္းက အရမ္းျမင့္တက္လာ တယ္။ ေဆာက္လုပ္ခြင့္ေတြကလည္း လြယ္တယ္လို႔ ေျပာေပမယ့္ တကယ့္လက္ေတြ႕မွာ အရမ္းခက္ခဲ ၾကန႔္ၾကာေနတာေတြရွိတယ္။ အဲဒါမ်ိဳးေလးေတြ ျဖစ္လာတဲ့အခါက်ေတာ့ လုပ္သားအင္အားရွားတာ လည္းပါတာေပါ့ေနာ္။ အ‌ေၾကာင္းအရပ္ရပ္ ေပါင္း လိုက္တဲ့အခါက်ေတာ့ တခ်ိဳ႕ေနရာေတြမွာ (၃)ဆ မကတက္သြားတာေတြရွိတယ္" ဟုေျပာသည္။

Related news

© 2021. All rights reserved.