စုံရက်၊မရက်ကားထွက် စနစ်ကြောင့် EV ကားဈေးကွက်အပြောင်းအလဲဖြစ်

 279

ပြည့်ဖြိုး(NP News)-မတ် ၁၁
EVကားဈေးကွက်အတွင်းယခင်ကကားသစ်ဝယ်ယူပါကအရှုံးများသည့်အခြေအနေမှ လက်ရှိတွင် ကုမ္ပဏီ ဝယ်ဈေး ဝန်းကျင်သို့ဈေးပြန်တက်လာသော်လည်း အမြတ်ပေါ်သည့်အခြေအနေမရှိကြောင်း ဝါရင့်ကားဝယ်ရောင်းလုပ်ငန်းရှင်များထံမှ သိရသည်။
“EVကားဆိုရင်အရင်ကဝယ်ရှုံး ဘဲ ဥပမာ သိန်းတစ်ထောင်ကားဒီနေ့ဝယ်ရင်နောက်နေ့ဆို ပြန်ရောင်းရင် သိန်းနှစ်ရာလောက်ရှုံးတယ်၊ အခု စုံရက်မရက်သတ်မှတ်ပြီးကားစီးရမယ်ဆိုတော့ စက်သုံးဆီကား တွေအခက်တွေ့ပြီး ဈေးကွက်လဲ အပြောင်းအလဲဖြစ်နေတယ်၊ EVကားတွေကကြိုက်တဲ့အချိန်ထွက် ဆိုတော့ EVကားဝယ်ဖို့မေးတဲ့သူတွေများလာပြီးရက်ပိုင်းအတွင်းမှာ (၂၀)ရာခိုင်နှုန်းလောက် ဈေးပြန်တက်လာတာပါ။ ဝယ်ဈေးနဲ့ယှဉ်ရင် အရင်းနီးနီးဈေးပြန်ရတဲ့သဘောပါ”ဟု ဝါရင့်ကား အကျိုးဆောင် တစ်ဦးက The Statesman ဂျာနယ်သို့ပြောသည်။
စုံရက်၊မရက် ကားထွက်သည့်စနစ်တွင် အိမ်စီးကားများသည် နယ်ဝေးညအိပ်ခရီးထွက်ရာတွင် ရောက်ရာရက်အ‌ရောက်အရပ်၌ ကားမောင်း၍မရသောအခြေအနေသို့ရောက်ရှိနိုင်‌ကြောင်း EVကားများမှာလည်းတစ်နိုင်ငံလုံးသို့ လွယ်ကူစွာသွားလာရန်ခက်ခဲပြီး အားသွင်းရသည်ပြသနာများ ကြုံတွေ့နေရဆဲဖြစ်ကြောင်းသိရသည်။
“အခုအချိန်အထိ စက်သုံးဆီကားတွေက ဝယ်ယူသူတွေအတွက်ရေပန်းစားဆဲပါဘဲ၊EVကားတွေကတော့ ရန်ကုန်၊မန္တလေးလိုမြို့ကြီးတွေမှာဘဲ အရောင်းအဝယ်များပါတယ်။ ဒီတော့စုံရက်မရက် သတ်မှတ်ချက်ကို တစ်နိုင်ငံလုံးမလုပ်ဘဲ နေရာဒေသအလိုက် အကန့်အသတ်နဲ့အကောင်အထည်ဖေါ်သင့်ပါတယ်”ဟု ရန်ကုန်မြို့ခံကားသုံးစွဲသူတစ်ဦးကပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင်EVကားသစ်သုံးစွဲသူများတွင် ဝင်ငွေကောင်းမွန်သူအထက်တန်းလွာများသာ အများဆုံး သုံးစွဲနေကြပြီး အခြေခံပြည်သူအများစု အိမ်စီးကားများမှာ စက်သုံးဆီသုံးစွဲသည့်ကားများဖြစ် ကြောင်းသိရသည်။
“EVကားဝယ်နိုင်တဲ့သူတွေက နဂိုကတည်းက စက်သုံးဆီကားရှိပြီးသားတွေလေ သူတို့အတွက် ဘာမှ ထူးလာမှာမဟုတ်ဘူး၊ကျတော်တို့လို့ တပိုင်တနိုင် ဟိုက်ဂျက်လေးနဲ့ဈေးကြိုလိုက်နေသူတွေက တစ်ရက်ဆင်းတစ်ရက်နားရမယ့်သဘောဘဲ၊ကုမ္ပဏီမှာအငှားချထားတဲ့ကားတွေလည်း အကုန်အခက်တွေ့ နေကြပါပြီ”ဟု တောင်ဒဂုံမြို့နယ်မှ ကားလုပ်ငန်းရှင်တစ်ဦးကပြောသည်။
လက်တလောတွင်စက်သုံးဆီသုံးကားများမှာ အရောင်းအဝယ်ဆက်လက်ကောင်းမွန်နေပြီး EVကားဈေးကွက်အတွင်း ကားဈေးမေး၍ဝယ်ယူရန်စုံစမ်းမှုများရှိနေသော်လည်း အမှန်တကယ် ဝယ်ယူသူနည်းပါးနေဆဲဖြစ်ကြောင်းသိရသည်။

Zawgyi Version:
စုံရက္၊မရက္ကားထြက္ စနစ္ေၾကာင့္ EV ကားေဈးကြက္အေျပာင္းအလဲျဖစ္
ျပည့္ၿဖိဳး(NP News)-မတ္ ၁၁
EVကားေဈးကြက္အတြင္းယခင္ကကားသစ္ဝယ္ယူပါကအရႈံးမ်ားသည့္အေျခအေနမွ လက္ရွိတြင္ ကုမၸဏီ ဝယ္ေဈး ဝန္းက်င္သို႔ေဈးျပန္တက္လာေသာ္လည္း အျမတ္ေပၚသည့္အေျခအေနမရွိေၾကာင္း ဝါရင့္ကားဝယ္ေရာင္းလုပ္ငန္းရွင္မ်ားထံမွ သိရသည္။
“EVကားဆိုရင္အရင္ကဝယ္ရႈံး ဘဲ ဥပမာ သိန္းတစ္ေထာင္ကားဒီေန႔ဝယ္ရင္ေနာက္ေန႔ဆို ျပန္ေရာင္းရင္ သိန္းႏွစ္ရာေလာက္ရႈံးတယ္၊ အခု စုံရက္မရက္သတ္မွတ္ၿပီးကားစီးရမယ္ဆိုေတာ့ စက္သုံးဆီကား ေတြအခက္ေတြ႕ၿပီး ေဈးကြက္လဲ အေျပာင္းအလဲျဖစ္ေနတယ္၊ EVကားေတြကႀကိဳက္တဲ့အခ်ိန္ထြက္ ဆိုေတာ့ EVကားဝယ္ဖို႔ေမးတဲ့သူေတြမ်ားလာၿပီးရက္ပိုင္းအတြင္းမွာ (၂၀)ရာခိုင္ႏႈန္းေလာက္ ေဈးျပန္တက္လာတာပါ။ ဝယ္ေဈးနဲ႔ယွဥ္ရင္ အရင္းနီးနီးေဈးျပန္ရတဲ့သေဘာပါ”ဟု ဝါရင့္ကား အက်ိဳးေဆာင္ တစ္ဦးက The Statesman ဂ်ာနယ္သို႔ေျပာသည္။
စုံရက္၊မရက္ ကားထြက္သည့္စနစ္တြင္ အိမ္စီးကားမ်ားသည္ နယ္ေဝးညအိပ္ခရီးထြက္ရာတြင္ ေရာက္ရာရက္အ‌ေရာက္အရပ္၌ ကားေမာင္း၍မရေသာအေျခအေနသို႔ေရာက္ရွိႏိုင္‌ေၾကာင္း EVကားမ်ားမွာလည္းတစ္ႏိုင္ငံလုံးသို႔ လြယ္ကူစြာသြားလာရန္ခက္ခဲၿပီး အားသြင္းရသည္ျပသနာမ်ား ႀကဳံေတြ႕ေနရဆဲျဖစ္ေၾကာင္းသိရသည္။
“အခုအခ်ိန္အထိ စက္သုံးဆီကားေတြက ဝယ္ယူသူေတြအတြက္ေရပန္းစားဆဲပါဘဲ၊EVကားေတြကေတာ့ ရန္ကုန္၊မႏၲေလးလိုၿမိဳ႕ႀကီးေတြမွာဘဲ အေရာင္းအဝယ္မ်ားပါတယ္။ ဒီေတာ့စုံရက္မရက္ သတ္မွတ္ခ်က္ကို တစ္ႏိုင္ငံလုံးမလုပ္ဘဲ ေနရာေဒသအလိုက္ အကန႔္အသတ္နဲ႔အေကာင္အထည္ေဖၚသင့္ပါတယ္”ဟု ရန္ကုန္ၿမိဳ႕ခံကားသုံးစြဲသူတစ္ဦးကေျပာသည္။
လက္ရွိျမန္မာႏိုင္ငံတြင္EVကားသစ္သုံးစြဲသူမ်ားတြင္ ဝင္ေငြေကာင္းမြန္သူအထက္တန္းလြာမ်ားသာ အမ်ားဆုံး သုံးစြဲေနၾကၿပီး အေျခခံျပည္သူအမ်ားစု အိမ္စီးကားမ်ားမွာ စက္သုံးဆီသုံးစြဲသည့္ကားမ်ားျဖစ္ ေၾကာင္းသိရသည္။
“EVကားဝယ္ႏိုင္တဲ့သူေတြက နဂိုကတည္းက စက္သုံးဆီကားရွိၿပီးသားေတြေလ သူတို႔အတြက္ ဘာမွ ထူးလာမွာမဟုတ္ဘူး၊က်ေတာ္တို႔လို႔ တပိုင္တႏိုင္ ဟိုက္ဂ်က္ေလးနဲ႔ေဈးႀကိဳလိုက္ေနသူေတြက တစ္ရက္ဆင္းတစ္ရက္နားရမယ့္သေဘာဘဲ၊ကုမၸဏီမွာအငွားခ်ထားတဲ့ကားေတြလည္း အကုန္အခက္ေတြ႕ ေနၾကပါၿပီ”ဟု ေတာင္ဒဂုံၿမိဳ႕နယ္မွ ကားလုပ္ငန္းရွင္တစ္ဦးကေျပာသည္။
လက္တေလာတြင္စက္သုံးဆီသုံးကားမ်ားမွာ အေရာင္းအဝယ္ဆက္လက္ေကာင္းမြန္ေနၿပီး EVကားေဈးကြက္အတြင္း ကားေဈးေမး၍ဝယ္ယူရန္စုံစမ္းမႈမ်ားရွိေနေသာ္လည္း အမွန္တကယ္ ဝယ္ယူသူနည္းပါးေနဆဲျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.