မအူပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း (G-12)စာမေးပွဲ မြန်မာစာစတင်ဖြေသည့်နေ၌ ပျက်ကွက် (၁၀၀)ဦးကျော်ရှိခဲ့

607

ပြည့်ဖြိုးပိုင် (မအူပင်)-မတ် - ၁၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ယနေ့မတ်လ (၁၁)ရက်နေ့၌ မြန်မာတစ်နိုင်ငံလုံးတွင်ကျင်းပလျှက်ရှိသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade-12) စာမေးပွဲ မြန်မာစာဘာသာဖြေဆိုသည့် နေ့တွင် ပျက်ကွက်သူ (၁၀၀)ဦးကျော်ရှိခဲ့ကြောင်းသိရသည်။
မအူပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (G-12)ဖြေဆိုရန်လျှောက်ထားသောကျောင်းသား/ကျောင်းသူ (၂၀၉၈)ဦးရှိခဲ့ရာ ယနေ့ မတ်လ (၁၁)ရက်နေ့ မြန်မာစာဘာသာအားစတင်ဖြေဆိုသည့်နေ့၌ ကျောင်းသား/ကျောင်းသူ (၁၉၃၃)ဦးမှ စာမေးပွဲလာရောက်ဖြေဆိုခဲ့သဖြင့် မအူပင်တစ်မြို့နယ်လုံးတွင် စာမေးပွဲဖြေဆိုရန်ပျက်ကွက်သူ (၁၆၅) ဦး ရှိခဲ့ပြီး
စက်မှု ၊ စိုက်ပျိုးရေး ၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ၌ မအူပင်မြို့နယ်တွင် စာမေးပွဲဖြေရန်လျှောက်ထားသူ (၅၃)ဦး ၊ ဖြေဆိုသူ (၅၂)ဦးနှင့် ပျက်ကွက်(၁)ဦး ရှိခဲ့ကြောင်းလည်းသိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade -12)စာမေးပွဲအား မအူပင်မြို့နယ်တွင် စာစစ်ဌာန (၁၀)ခုဖြင့်ကျင်းပပြုလုပ်လျှက်ရှိပြီး စက်မှု ၊ စိုက်ပျိုးရေး ၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ၌ မအူပင်မြို့နယ်တွင် စက်မှု အထူးပြုဖြေဆိုသူ များအတွက် စာစစ်ဌာနတစ်ခုပါဝင်ကြောင်းလည်းသိရသည်။
သတင်းဓါတ်ပုံ - ပြည့်ဖြိုးပိုင် (NP News)

Zawgyi Version:
မအူပင္ၿမိဳ႕နယ္တြင္ တကၠသိုလ္ဝင္တန္း (G-12)စာေမးပြဲ ျမန္မာစာစတင္ေျဖသည့္ေန၌ ပ်က္ကြက္ (၁၀၀)ဦးေက်ာ္ရွိခဲ့
ျပည့္ၿဖိဳးပိုင္ (မအူပင္)-မတ္ - ၁၁
ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕နယ္တြင္ ယေန႔မတ္လ (၁၁)ရက္ေန႔၌ ျမန္မာတစ္ႏိုင္ငံလုံးတြင္က်င္းပလွ်က္ရွိေသာ တကၠသိုလ္ဝင္တန္းစာေမးပြဲ (Grade-12) စာေမးပြဲ ျမန္မာစာဘာသာေျဖဆိုသည့္ ေန႔တြင္ ပ်က္ကြက္သူ (၁၀၀)ဦးေက်ာ္ရွိခဲ့ေၾကာင္းသိရသည္။
မအူပင္ၿမိဳ႕နယ္တြင္ တကၠသိုလ္ဝင္တန္းစာေမးပြဲ (G-12)ေျဖဆိုရန္ေလွ်ာက္ထားေသာေက်ာင္းသား/ေက်ာင္းသူ (၂၀၉၈)ဦးရွိခဲ့ရာ ယေန႔ မတ္လ (၁၁)ရက္ေန႔ ျမန္မာစာဘာသာအားစတင္ေျဖဆိုသည့္ေန႔၌ ေက်ာင္းသား/ေက်ာင္းသူ (၁၉၃၃)ဦးမွ စာေမးပြဲလာေရာက္ေျဖဆိုခဲ့သျဖင့္ မအူပင္တစ္ၿမိဳ႕နယ္လုံးတြင္ စာေမးပြဲေျဖဆိုရန္ပ်က္ကြက္သူ (၁၆၅) ဦး ရွိခဲ့ၿပီး
စက္မႈ ၊ စိုက္ပ်ိဳးေရး ၊ ေမြးျမဴေရးတကၠသိုလ္ဝင္စာေမးပြဲ၌ မအူပင္ၿမိဳ႕နယ္တြင္ စာေမးပြဲေျဖရန္ေလွ်ာက္ထားသူ (၅၃)ဦး ၊ ေျဖဆိုသူ (၅၂)ဦးႏွင့္ ပ်က္ကြက္(၁)ဦး ရွိခဲ့ေၾကာင္းလည္းသိရသည္။
တကၠသိုလ္ဝင္တန္းစာေမးပြဲ (Grade -12)စာေမးပြဲအား မအူပင္ၿမိဳ႕နယ္တြင္ စာစစ္ဌာန (၁၀)ခုျဖင့္က်င္းပျပဳလုပ္လွ်က္ရွိၿပီး စက္မႈ ၊ စိုက္ပ်ိဳးေရး ၊ ေမြးျမဴေရးတကၠသိုလ္ဝင္စာေမးပြဲ၌ မအူပင္ၿမိဳ႕နယ္တြင္ စက္မႈ အထူးျပဳေျဖဆိုသူ မ်ားအတြက္ စာစစ္ဌာနတစ္ခုပါဝင္ေၾကာင္းလည္းသိရသည္။
သတင္းဓါတ္ပုံ - ျပည့္ၿဖိဳးပိုင္ (NP News)