သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီ ဓာတ်များခြင်း ကဲ့သို့ ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာ

 681

Pearl (NP News) - မတ် ၁၂

၂၀၁၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ် သုတေသနရလဒ်များနှင့် နှိုင်းယှဉ်ပါက သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီ ဓာတ်များခြင်း ကဲ့သို့ ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့ (မတ်လ ၁၁ရက်) က ကျင်းပသော မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်း သုတေသနအစီရင်ခံစာ အသိပေးတင်ပြခြင်းအခမ်းအနားတွင် ပြောသည်။

အခမ်းအနားတွင် ဒေါက်တာသက်ခိုင်ဝင်းက မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို STEPs Survey နည်းလမ်းဖြင့် လေ့လာခြင်း သုတေသနကို မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်၊ ၂၀၀၉ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စတင်၍ ၂၀၂၅ ခုနှစ်တွင် ပြီးစီးခဲ့သည့် သုတေသနအပါအဝင် စုစုပေါင်း လေးကြိမ်ဆောင်ရွက်ပြီး ဖြစ်ကြောင်း ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သုတေသနရလဒ်များနှင့် နှိုင်းယှဉ်သည့်အခါ သွေးတိုးရောဂါ ဖြစ်ပွားမှုနှင့်ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုတို့မှာ အနည်းငယ်လျော့ကျလာပြီး ပြည်သူလူထုအတွင်း အခြေခံဆေးဝါးများ ရရှိမှုအခြေအနေ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရသော်လည်း သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီ ဓာတ်များခြင်း၊ ခန္ဓာကိုယ်အလေး ချိန်များခြင်းကဲ့သို့သော ရောဂါဖြစ်ပွားနိုင်ခြေအများစုသည် ပိုမိုမြင့်တက်လာသည်ကို တွေ့ရကြောင်းလည်း ပြောသည်။

၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် ပတ်သက်၍ ကျန်းမာရေးကဏ္ဍ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သည့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို သက္ကရာဇ် ၂၀၃၀ တွင် ပြည့်မီရန် ရည်မှန်းထားသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုမှ လိုအပ်လျက်ရှိသည့် လူမှုစီးပွားဘဝ ထိခိုက်လာသည်အထိ ကျန်းမာရေးအတွက် ငွေကြေးစိုက်ထုတ်သုံးစွဲရမှု ကုန်ကျစရိတ်များကို ကာကွယ်နိုင်ရန် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် နှလုံးသွေးကြောရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ကင်ဆာရောဂါအစရှိသည့် မကူးစက်နိုင်သော ရောဂါများ ကြောင့် နှစ်စဉ် လူဦးရေ ၄၃ သန်းကျော် သေဆုံးနေရပါကြောင်း၊ အဆိုပါသေဆုံးမှုများ၏ ၈၀ ရာခိုင် နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများသုံးစွဲခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်း စသည့် အကြောင်းရင်းများကြောင့် သွေးပေါင်ချိန်တက်ခြင်း၊ သွေးတွင်းအချိုဓာတ်နှင့် အဆီဓာတ်များခြင်း၊ အဝလွန်ခြင်းကဲ့သို့သော ရောဂါဖြစ်ပွားနိုင်ခြေများ မြင့်မားလာစေကြောင်းလည်း သိရသည်။

zawgyi version

ေသြးတြင္းသၾကားဓာတ္ႏွင့္ ေသြးတြင္းအဆီ ဓာတ္မ်ားျခင္း ကဲ့သို႔ ေရာဂါျဖစ္ပြားႏိုင္ေျခ ပိုမိုျမင့္တက္လာ
Pearl (NP News) - မတ္ ၁၂

၂၀၁၄ ခုႏွစ္ ႏွင့္ ၂၀၂၅ ခုႏွစ္ သုေတသနရလဒ္မ်ားႏွင့္ ႏႈိင္းယွဥ္ပါက ေသြးတြင္းသၾကားဓာတ္ႏွင့္ ေသြးတြင္းအဆီ ဓာတ္မ်ားျခင္း ကဲ့သို႔ ေရာဂါျဖစ္ပြားႏိုင္ေျခ ပိုမိုျမင့္တက္လာေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ယမန္ေန႔ (မတ္လ ၁၁ရက္) က က်င္းပေသာ ျမန္မာႏိုင္ငံတြင္ မကူးစက္ႏိုင္ေသာေရာဂါမ်ား ျဖစ္ပြားႏိုင္ေျခမ်ားကို ေလ့လာျခင္း သုေတသနအစီရင္ခံစာ အသိေပးတင္ျပျခင္းအခမ္းအနားတြင္ ေျပာသည္။

အခမ္းအနားတြင္ ေဒါက္တာသက္ခိုင္ဝင္းက မကူးစက္ႏိုင္ေသာေရာဂါမ်ား ျဖစ္ပြားႏိုင္ေျခမ်ားကို STEPs Survey နည္းလမ္းျဖင့္ ေလ့လာျခင္း သုေတသနကို ျမန္မာႏိုင္ငံတြင္ ၂၀၀၃ ခုႏွစ္၊ ၂၀၀၉ ခုႏွစ္၊ ၂၀၁၄ ခုႏွစ္တို႔တြင္ ေဆာင္႐ြက္ခဲ့ၿပီး ၂၀၂၄ ခုႏွစ္တြင္ စတင္၍ ၂၀၂၅ ခုႏွစ္တြင္ ၿပီးစီးခဲ့သည့္ သုေတသနအပါအဝင္ စုစုေပါင္း ေလးႀကိမ္ေဆာင္႐ြက္ၿပီး ျဖစ္ေၾကာင္း ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၄ ခုႏွစ္ သုေတသနရလဒ္မ်ားႏွင့္ ႏႈိင္းယွဥ္သည့္အခါ ေသြးတိုးေရာဂါ ျဖစ္ပြားမႈႏွင့္ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးသုံးစြဲမႈတို႔မွာ အနည္းငယ္ေလ်ာ့က်လာၿပီး ျပည္သူလူထုအတြင္း အေျခခံေဆးဝါးမ်ား ရရွိမႈအေျခအေန တိုးတက္ျမင့္မားလာသည္ကို ေတြ႕ရွိရေသာ္လည္း ေသြးတြင္းသၾကားဓာတ္ႏွင့္ ေသြးတြင္းအဆီ ဓာတ္မ်ားျခင္း၊ ခႏၶာကိုယ္အေလး ခ်ိန္မ်ားျခင္းကဲ့သို႔ေသာ ေရာဂါျဖစ္ပြားႏိုင္ေျခအမ်ားစုသည္ ပိုမိုျမင့္တက္လာသည္ကို ေတြ႕ရေၾကာင္းလည္း ေျပာသည္။

၂၀၃၀ ျပည့္ႏွစ္ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးမႈပန္းတိုင္မ်ားႏွင့္ ပတ္သက္၍ က်န္းမာေရးက႑ အေနျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရမည့္ ဖြံ႕ၿဖိဳးမႈပန္းတိုင္မ်ား ျပည့္မီႏိုင္ေရးကိုလည္း ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသည့္အျပင္ လူတိုင္းလက္လွမ္းမီ လႊမ္းၿခဳံႏိုင္သည့္ အရည္အေသြး ျပည့္ဝေသာ က်န္းမာေရးေစာင့္ေရွာက္မႈကို သကၠရာဇ္ ၂၀၃၀ တြင္ ျပည့္မီရန္ ရည္မွန္းထားသည့္အတြက္ ဝန္ႀကီးဌာနအေနျဖင့္ ျပည္သူလူထုမွ လိုအပ္လ်က္ရွိသည့္ လူမႈစီးပြားဘဝ ထိခိုက္လာသည္အထိ က်န္းမာေရးအတြက္ ေငြေၾကးစိုက္ထုတ္သုံးစြဲရမႈ ကုန္က်စရိတ္မ်ားကို ကာကြယ္ႏိုင္ရန္ တစ္ႏိုင္ငံလုံး လႊမ္းၿခဳံႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ေျပာၾကားခဲ့သည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕၏ အခ်က္အလက္မ်ားအရ ကမာၻတစ္ဝန္းတြင္ ႏွလုံးေသြးေၾကာေရာဂါ၊ ဆီးခ်ိဳ ေသြးခ်ိဳေရာဂါ၊ ေလျဖတ္ေလငန္းေရာဂါ၊ ကင္ဆာေရာဂါအစရွိသည့္ မကူးစက္ႏိုင္ေသာ ေရာဂါမ်ား ေၾကာင့္ ႏွစ္စဥ္ လူဦးေရ ၄၃ သန္းေက်ာ္ ေသဆုံးေနရပါေၾကာင္း၊ အဆိုပါေသဆုံးမႈမ်ား၏ ၈၀ ရာခိုင္ ႏႈန္းေက်ာ္သည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားမွ ျဖစ္ေၾကာင္း သိရသည္။

က်န္းမာေရးႏွင့္ မညီၫြတ္သည့္ အစားအေသာက္မ်ား စားသုံးျခင္း၊ ကိုယ္လက္လႈပ္ရွားမႈနည္းပါးျခင္း၊ ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီး ထြက္ပစၥည္းမ်ားသုံးစြဲျခင္း၊ အရက္အလြန္အကြၽံ ေသာက္သုံးျခင္း စသည့္ အေၾကာင္းရင္းမ်ားေၾကာင့္ ေသြးေပါင္ခ်ိန္တက္ျခင္း၊ ေသြးတြင္းအခ်ိဳဓာတ္ႏွင့္ အဆီဓာတ္မ်ားျခင္း၊ အဝလြန္ျခင္းကဲ့သို႔ေသာ ေရာဂါျဖစ္ပြားႏိုင္ေျခမ်ား ျမင့္မားလာေစေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.