မန္တလေးရှိ KBZ စက်မှုပန်းခြံဘဏ်ခွဲကို အမျိုးသား(၂) ဦးဝင်ရောက်ဓားပြတိုက်ကာ ပိုက်ဆံများအား ဆာလာအိတ်ဖြင့်သယ်သွား

 2857

သန့်ဇင်(NP News)-မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ KBZ စက်မှုပန်းခြံဘဏ်ခွဲကို အမျိုးသား(၂) ဦးဝင်ရောက်ဓားပြတိုက်ကာ ပိုက်ဆံများအား ဆာလာအိတ်ဖြင့် လုယက်သယ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၁၃ ရက်) မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၄ x ၁၃၅ လမ်း၊ အမှတ် ၄၂ KBZ(စက်မှုပန်းခြံ)ဘဏ်ခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဓားပြတိုက်ခံရတဲ့ ဘဏ်ကရန်ကုန်ဘက်ကလာရင် လမ်းညာဘက်ခြမ်းမှာ။ ပြည်ကြီးတံခွန်မြို့နယ်ထဲမှာဖြစ်တာ။ ဆာလာအိတ် (၂)အိတ်နဲ့ နိုင်သလောက် သယ်သွားတယ်။ အမျိုးသား (၂) ယောက်ပါ။ Mask တပ်ထားတယ်။ ဆိုင်ကယ်ဦးထုတ်ကလည်း အကုန်အုပ်တဲ့ ဦးထုတ် တွေနဲ့ ဆိုင်ကယ်က Scoopy တစ်စီးနဲ့လာတာ”ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။
ဓားပြတိုက်ခံရမှုတွင် ကျူးလွန်သူအမျိုးသား (၂) ဦးတွင် သေနတ် (၂) လက်ဖြင့် ဘဏ်အတွင်းဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်ပြီး ပိုက်ဆံများအား ဆာလာအိတ်(၂) အိတ်ဖြင့်လုယက်ကာ ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
လက်ရှိတွင် ဓားပြတိုက်မှုဖြစ်စဉ်အား သက်ဆိုင်ရာက လာရောက်စုံစမ်းနေဆဲဖြစ်ကြောင်းနှင့် ဓားပြတိုက်လုယက်ခံရသည့် ငွေပမာဏအား မသိရှိရသေးကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူက ဆိုသည်။
“ဘာမှပြောလို့မရသေးပါဘူး။ အမှုက စုံစမ်းနေတုန်းပါ”ဟု ၎င်းကပြောသည်။

Zawgyi Version:
မႏၲေလးရွိ KBZ စက္မႈပန္းၿခံဘဏ္ခြဲကို အမ်ိဳးသား(၂) ဦးဝင္ေရာက္ဓားျပတိုက္ကာ ပိုက္ဆံမ်ားအား ဆာလာအိတ္ျဖင့္သယ္သြား
သန႔္ဇင္(NP News)-မတ္ ၁၃
မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ KBZ စက္မႈပန္းၿခံဘဏ္ခြဲကို အမ်ိဳးသား(၂) ဦးဝင္ေရာက္ဓားျပတိုက္ကာ ပိုက္ဆံမ်ားအား ဆာလာအိတ္ျဖင့္ လုယက္သယ္ေဆာင္သြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၁၃ ရက္) မြန္းလြဲ ၃ နာရီ ၁၅ မိနစ္ဝန္းက်င္အခ်ိန္ခန႔္က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဇ)ရပ္ကြက္၊ ၁၃၄ x ၁၃၅ လမ္း၊ အမွတ္ ၄၂ KBZ(စက္မႈပန္းၿခံ)ဘဏ္ခြဲတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဓားျပတိုက္ခံရတဲ့ ဘဏ္ကရန္ကုန္ဘက္ကလာရင္ လမ္းညာဘက္ျခမ္းမွာ။ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ထဲမွာျဖစ္တာ။ ဆာလာအိတ္ (၂)အိတ္နဲ႔ ႏိုင္သေလာက္ သယ္သြားတယ္။ အမ်ိဳးသား (၂) ေယာက္ပါ။ Mask တပ္ထားတယ္။ ဆိုင္ကယ္ဦးထုတ္ကလည္း အကုန္အုပ္တဲ့ ဦးထုတ္ ေတြနဲ႔ ဆိုင္ကယ္က Scoopy တစ္စီးနဲ႔လာတာ”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
ဓားျပတိုက္ခံရမႈတြင္ က်ဴးလြန္သူအမ်ိဳးသား (၂) ဦးတြင္ ေသနတ္ (၂) လက္ျဖင့္ ဘဏ္အတြင္းဝင္ေရာက္ဓားျပတိုက္ခဲ့ျခင္းျဖစ္ၿပီး ပိုက္ဆံမ်ားအား ဆာလာအိတ္(၂) အိတ္ျဖင့္လုယက္ကာ ဆိုင္ကယ္ျဖင့္ ျပန္လည္ထြက္ခြာသြားေၾကာင္း သိရသည္။
လက္ရွိတြင္ ဓားျပတိုက္မႈျဖစ္စဥ္အား သက္ဆိုင္ရာက လာေရာက္စုံစမ္းေနဆဲျဖစ္ေၾကာင္းႏွင့္ ဓားျပတိုက္လုယက္ခံရသည့္ ေငြပမာဏအား မသိရွိရေသးေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူက ဆိုသည္။
“ဘာမွေျပာလို႔မရေသးပါဘူး။ အမႈက စုံစမ္းေနတုန္းပါ”ဟု ၎ကေျပာသည္။

Related news

© 2021. All rights reserved.