ရုရှားကမ်းရိုးတန်းမှာ ဂရိအလံတင်ရေနံတင်သင်္ဘောတစ်စီး ဒရုန်းဒါမှမဟုတ် ဒုံးကျည်နဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရ

286

Pika (NP News)-မတ် ၁၅
ဂရိအလံလွှင့်တင်ထားတဲ့ ရေနံတင်သင်္ဘောတစ်စီးဟာ ရုရှားပင်လယ်နက်ကမ်းရိုးတန်းမှာ ဒရုန်းဒါမှမဟုတ် ဒုံးကျည်တစ်စင်းနဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ ဂရိအာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ရုရှားရေနံနဲ့ သဘာဝဓါတ်ငွေ့(LNG)တို့ကို သယ်ဆောင်လာတဲ့ သင်္ဘောများစွာဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာ ယူကရိန်းရဲ့ဒရုန်းတွေလို့ယူဆရတဲ့ ဒရုန်းများစွာနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ဒါ့ပြင် ယူကရိန်းတပ်ဖွဲ့တွေဟာ ပင်လယ်နက်နဲ့အခြားနေရာတွေမှာရှိတဲ့ ရုရှားရေနံနဲ့သဘာဝဓါတ်ငွေ့အခြေခံအဆောက်အဦးများစွာကို ဦးစားပေးပစ်မှတ်တွေအဖြစ် ရွေးချယ်သတ်မှတ်ခဲ့တယ်လို့လည်း သိရပါတယ်။သင်္ဘောသား(၂၄)ဦးလိုက်ပါလာတဲ့ Maran Homerရေနံတင်သင်္ဘောဟာ ရုရှားဆိပ်ကမ်း Novorossiyskရဲ့ မဝေးတဲ့နေရာမှာ ဒရုန်း ဒါမှမဟုတ် ဒုံးကျည်တစ်စင်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတယ်လို့ ဂရိရေကြောင်းရေးရာဝန်ကြီး Vassilis Kikiliasက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Maran Homerရေနံတင်သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ သင်္ဘောသားတွေထဲမှာ ဂရိလူမျိုး(၁၀)ဦး၊ဖိလစ်ပိုင်လူမျိုး(၁၃)ဦးနဲ့ ရိုမေးနီးယားလူမျိုးတစ်ဦးတို့ပါဝင်ပြီး တိုက်ခိုက်မှုအတွင်း ဘယ်သူမှထိခိုက်ဒဏ်ရာရရှိခဲ့တာမျိုး မရှိခဲ့ဘူးလို့ Vassilis Kikiliasကထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version:
႐ုရွားကမ္း႐ိုးတန္းမွာ ဂရိအလံတင္ေရနံတင္သေဘၤာတစ္စီး ဒ႐ုန္းဒါမွမဟုတ္ ဒုံးက်ည္နဲ႔ ပစ္မွတ္ထားတိုက္ခိုက္ခံရ
Pika (NP News)-မတ္ ၁၅
ဂရိအလံလႊင့္တင္ထားတဲ့ ေရနံတင္သေဘၤာတစ္စီးဟာ ႐ုရွားပင္လယ္နက္ကမ္း႐ိုးတန္းမွာ ဒ႐ုန္းဒါမွမဟုတ္ ဒုံးက်ည္တစ္စင္းနဲ႔ တိုက္ခိုက္မႈကို ခံခဲ့ရတယ္လို႔ ဂရိအာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။႐ုရွားေရနံနဲ႔ သဘာဝဓါတ္ေငြ႕(LNG)တို႔ကို သယ္ေဆာင္လာတဲ့ သေဘၤာမ်ားစြာဟာ ၿပီးခဲ့တဲ့လေတြအတြင္းမွာ ယူကရိန္းရဲ႕ဒ႐ုန္းေတြလို႔ယူဆရတဲ့ ဒ႐ုန္းမ်ားစြာနဲ႔ ပစ္မွတ္ထားတိုက္ခိုက္ခံခဲ့ရတာလည္းျဖစ္ပါတယ္။ဒါ့ျပင္ ယူကရိန္းတပ္ဖြဲ႕ေတြဟာ ပင္လယ္နက္နဲ႔အျခားေနရာေတြမွာရွိတဲ့ ႐ုရွားေရနံနဲ႔သဘာဝဓါတ္ေငြ႕အေျခခံအေဆာက္အဦးမ်ားစြာကို ဦးစားေပးပစ္မွတ္ေတြအျဖစ္ ေ႐ြးခ်ယ္သတ္မွတ္ခဲ့တယ္လို႔လည္း သိရပါတယ္။သေဘၤာသား(၂၄)ဦးလိုက္ပါလာတဲ့ Maran Homerေရနံတင္သေဘၤာဟာ ႐ုရွားဆိပ္ကမ္း Novorossiyskရဲ႕ မေဝးတဲ့ေနရာမွာ ဒ႐ုန္း ဒါမွမဟုတ္ ဒုံးက်ည္တစ္စင္းနဲ႔ ပစ္မွတ္ထားတိုက္ခိုက္ခံခဲ့ရတယ္လို႔ ဂရိေရေၾကာင္းေရးရာဝန္ႀကီး Vassilis Kikiliasက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ Maran Homerေရနံတင္သေဘၤာေပၚမွာ လိုက္ပါလာတဲ့ သေဘၤာသားေတြထဲမွာ ဂရိလူမ်ိဳး(၁၀)ဦး၊ဖိလစ္ပိုင္လူမ်ိဳး(၁၃)ဦးနဲ႔ ႐ိုေမးနီးယားလူမ်ိဳးတစ္ဦးတို႔ပါဝင္ၿပီး တိုက္ခိုက္မႈအတြင္း ဘယ္သူမွထိခိုက္ဒဏ္ရာရရွိခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ Vassilis Kikiliasကထပ္မံေျပာၾကားခဲ့ပါတယ္။