ဖလမ်းမြို့နယ်အတွင်း တံတားတည်ဆောက်ရေးလုပ်ငန်းပြီးစီးမှုကို လိမ်လည်တင်ပြ၍ ငွေထုတ်ယူခဲ့သည့် ကုမ္ပဏီနှင့် ဒါရိုက်တာကို အမည်မည်းစာရင်းသွင်း

 351

သန့်မင်းအိမ်(NP News) - မတ် ၁၃
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လုပ်ငန်းပြီးစီးမှု အခြေအနေအား လိမ်လည်တင်ပြ၍ ငွေကြေးထုတ်ယူခဲ့သည့် ကုမ္ပဏီနှင့် ဒါရိုက်တာတစ်ဦးကို အမည်မည်းစာရင်း သတ်မှတ်လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ တံတားတည်ဆောက်ရေးလုပ်ငန်း ကိုတာဝန်ယူတည်ဆောက်ပေးရသည့် M SINAI COMPANY LIMITED နှင့် ကုမ္ပဏီဒါရိုက်တာ ဦးရိုဇမ်ထန် (U RO ZAM THANG) တို့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၂၂ ဒသမ ၅၀၀ သန်းဖြင့် ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာတွင် Double Single Bailey တံတား (၅၀) တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တင်ဒါအောင်မြင်ခဲံပြီး တံတားတည်ဆောက်ခဲ့ရာ မြေပြင်တွင် လုပ်ငန်း၏ ၃၅ ရာခိုင်နှုန်းသာ ပြီးစီးခဲ့သော်လည်း ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း လိမ်လည်အစီရင်ခံကာ ငွေထုတ်ယူခဲ့ကြောင်း သိရသည်။

ယင်းသို့ ငွေလိမ်လည်ထုတ်ယူခဲ့မှုနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးတွင် အဆိုပါကုမ္ပဏီနှင့် ဒါရိုက်တာဖြစ်သူအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ အမည်မည်းစာရင်း သတ်မှတ်ကြေငြာလိုက်ကြောင့် ထုတ်ပြန်ချက်အရသိရသည်။

Zawgyi Version:
ဖလမ္းၿမိဳ႕နယ္အတြင္း တံတားတည္ေဆာက္ေရးလုပ္ငန္းၿပီးစီးမႈကို လိမ္လည္တင္ျပ၍ ေငြထုတ္ယူခဲ့သည့္ ကုမၸဏီႏွင့္ ဒါ႐ိုက္တာကို အမည္မည္းစာရင္းသြင္း
သန႔္မင္းအိမ္(NP News) - မတ္ ၁၃
ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္အတြင္း တံတားတည္ေဆာက္ေရးလုပ္ငန္း ေဆာင္႐ြက္ရာတြင္ လုပ္ငန္းၿပီးစီးမႈ အေျခအေနအား လိမ္လည္တင္ျပ၍ ေငြေၾကးထုတ္ယူခဲ့သည့္ ကုမၸဏီႏွင့္ ဒါ႐ိုက္တာတစ္ဦးကို အမည္မည္းစာရင္း သတ္မွတ္လိုက္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါ တံတားတည္ေဆာက္ေရးလုပ္ငန္း ကိုတာဝန္ယူတည္ေဆာက္ေပးရသည့္ M SINAI COMPANY LIMITED ႏွင့္ ကုမၸဏီဒါ႐ိုက္တာ ဦး႐ိုဇမ္ထန္ (U RO ZAM THANG) တို႔သည္ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္၊ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီ၏ ခြင့္ျပဳရန္ပုံေငြက်ပ္ ၁၂၂ ဒသမ ၅၀၀ သန္းျဖင့္ ဖလမ္းၿမိဳ႕နယ္၊ ရမ္ထလိုေက်း႐ြာတြင္ Double Single Bailey တံတား (၅၀) တည္ေဆာက္ျခင္းလုပ္ငန္းကို တင္ဒါေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ တင္ဒါေအာင္ျမင္ခဲံၿပီး တံတားတည္ေဆာက္ခဲ့ရာ ေျမျပင္တြင္ လုပ္ငန္း၏ ၃၅ ရာခိုင္ႏႈန္းသာ ၿပီးစီးခဲ့ေသာ္လည္း ၇၅ ရာခိုင္ႏႈန္း ၿပီးစီးၿပီျဖစ္ေၾကာင္း လိမ္လည္အစီရင္ခံကာ ေငြထုတ္ယူခဲ့ေၾကာင္း သိရသည္။

ယင္းသို႔ ေငြလိမ္လည္ထုတ္ယူခဲ့မႈႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္အစိုးရအဖြဲ႕က ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၁၂ ရက္ေန႔တြင္ က်င္းပျပဳလုပ္ေသာ အစည္းအေဝးတြင္ အဆိုပါကုမၸဏီႏွင့္ ဒါ႐ိုက္တာျဖစ္သူအား ၂၀၂၆-၂၀၂၇ ဘ႑ာေရးႏွစ္အထိ အမည္မည္းစာရင္း သတ္မွတ္ေၾကျငာလိုက္ေၾကာင့္ ထုတ္ျပန္ခ်က္အရသိရသည္။

Related news

© 2021. All rights reserved.