မြဝတီတွင် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၈၀) ကျော်ဖမ်းဆီးရမိ

 322

ထိုက်စံ(NP News) - မတ် ၁၅
ကရင်ပြည်နယ် ၊ မြဝတီမြို့တွင် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၈၀) ကျော်ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ်စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့နယ်၊ မဲ့ထော်သလေးကျေးရွာ၏ အရှေ့ဘက်မီတာ (၁၅၀၀) ခန့်အကွာနေရာ၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်ပုန်းအောင်း နေထိုင်လျက်ရှိကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခဲ့ရာ ယမန်နေ့ (မတ် ၁၄ ရက်) ၊ ညနေပိုင်း (၄) နာရီအချိန်ခန့်က မြဝတီမြို့နယ် မဲ့ထော်သလေးကျေးရွာ၏ အရှေ့တောင်ဘက် မီတာ (၂၅၀၀) အကွာရှိ အဆောက်အအုံနှင့် နေအိမ်များအတွင်း ပုန်းအောင်းနေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား (၄၃) ဦး၊ ဖိလစ်ပိုင်နိုင်ငံသား အမျိုးသား(၁)ဦး နှင့် ထိုင်းနိုင်ငံသား အမျိုးသမီး(၁)ဦး စုစုပေါင်း (၄၅) ဦး ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မဲ့ထော်သလေးကျေးရွာ၏ အရှေ့တောင်ဘက် မီတာ (၂၈၀၀) အကွာရှိ အဆောက်အအုံနှင့် နေအိမ်များအတွင်း၌ ပုန်းအောင်းနေသည့် တရားမဝင် တရုတ်နိုင်ငံသားအမျိုးသား (၂၆) ဦးနှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း (၂၇)ဦး ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ထို့နောက် မဲ့ထော်သလေးကျေးရွာ၏ အရှေ့တောင်ဘက် မီတာ (၂၇၀၀) အကွာရှိ အဆောက်အအုံနှင့် နေအိမ်များအတွင်း၌ ပုန်းအောင်းနေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား (၁၀) ဦး၊ မလေးရှားနိုင်ငံသား အမျိုးသား(၁) ဦး ၊ ဖိလစ်ပိုင်နိုင်ငံသား အမျိုးသမီး (၁)ဦး ၊ ထိုင်းနိုင်ငံသား အမျိုးသမီး(၁)ဦး နှင့် ဗီယက်နမ်နိုင်ငံသား အမျိုးသမီး (၁) ဦး စုစုပေါင်း (၁၄) ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ထိုသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း (၈၆) ဦးတို့အား မြဝတီမြို့၌ ထိန်းသိမ်းထားရှိပြီး ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များမှ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျမဝတီတြင္ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား (၈၀) ေက်ာ္ဖမ္းဆီးရမိ
ထိုက္စံ(NP News) - မတ္ ၁၅
ကရင္ျပည္နယ္ ၊ ျမဝတီၿမိဳ႕တြင္ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား (၈၀) ေက်ာ္ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ႏိုင္ငံအတြင္း အြန္လိုင္းလိမ္လည္ေလာင္းကစားမႈ တိုက္ဖ်က္ေရးလုပ္ငန္းမ်ားႏွင့္ ႏိုင္ငံအတြင္းသို႔ ျပည္ပႏိုင္ငံသားမ်ား တရားမဝင္ ဝင္ေရာက္ေနထိုင္မႈမရွိေစေရးတို႔ကို အေသးစိတ္စစ္ေဆးၾကပ္မတ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္လ်က္ရွိရာ ျမဝတီၿမိဳ႕နယ္၊ မဲ့ေထာ္သေလးေက်း႐ြာ၏ အေရွ႕ဘက္မီတာ (၁၅၀၀) ခန႔္အကြာေနရာ၌ တရားမဝင္ ျပည္ပႏိုင္ငံသားမ်ား ဝင္ေရာက္ပုန္းေအာင္း ေနထိုင္လ်က္ရွိေၾကာင္း သတင္းရရွိသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕မ်ားက သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔စစ္ေဆးခဲ့ရာ ယမန္ေန႔ (မတ္ ၁၄ ရက္) ၊ ညေနပိုင္း (၄) နာရီအခ်ိန္ခန႔္က ျမဝတီၿမိဳ႕နယ္ မဲ့ေထာ္သေလးေက်း႐ြာ၏ အေရွ႕ေတာင္ဘက္ မီတာ (၂၅၀၀) အကြာရွိ အေဆာက္အအုံႏွင့္ ေနအိမ္မ်ားအတြင္း ပုန္းေအာင္းေနသည့္ တရားမဝင္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား (၄၃) ဦး၊ ဖိလစ္ပိုင္ႏိုင္ငံသား အမ်ိဳးသား(၁)ဦး ႏွင့္ ထိုင္းႏိုင္ငံသား အမ်ိဳးသမီး(၁)ဦး စုစုေပါင္း (၄၅) ဦး ဖမ္းဆီးမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ မဲ့ေထာ္သေလးေက်း႐ြာ၏ အေရွ႕ေတာင္ဘက္ မီတာ (၂၈၀၀) အကြာရွိ အေဆာက္အအုံႏွင့္ ေနအိမ္မ်ားအတြင္း၌ ပုန္းေအာင္းေနသည့္ တရားမဝင္ တ႐ုတ္ႏိုင္ငံသားအမ်ိဳးသား (၂၆) ဦးႏွင့္ အမ်ိဳးသမီး(၁)ဦး စုစုေပါင္း (၂၇)ဦး ဖမ္းဆီးမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ မဲ့ေထာ္သေလးေက်း႐ြာ၏ အေရွ႕ေတာင္ဘက္ မီတာ (၂၇၀၀) အကြာရွိ အေဆာက္အအုံႏွင့္ ေနအိမ္မ်ားအတြင္း၌ ပုန္းေအာင္းေနသည့္ တရားမဝင္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား (၁၀) ဦး၊ မေလးရွားႏိုင္ငံသား အမ်ိဳးသား(၁) ဦး ၊ ဖိလစ္ပိုင္ႏိုင္ငံသား အမ်ိဳးသမီး (၁)ဦး ၊ ထိုင္းႏိုင္ငံသား အမ်ိဳးသမီး(၁)ဦး ႏွင့္ ဗီယက္နမ္ႏိုင္ငံသား အမ်ိဳးသမီး (၁) ဦး စုစုေပါင္း (၁၄) ဦးကို ဖမ္းဆီးမိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသားစုစုေပါင္း (၈၆) ဦးတို႔အား ျမဝတီၿမိဳ႕၌ ထိန္းသိမ္းထားရွိၿပီး ဌာနဆိုင္ရာပူးေပါင္း အဖြဲ႕မ်ားမွ လိုအပ္သည့္ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ား စာရင္းေကာက္ယူျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.