မြန်မာ-ထိုင်းနယ်စပ်မှ အွန်လိုင်း ငွေလိမ်လုပ်ငန်းများ ထိုင်းအစား မလေးရှား အင်တာနက် ပြောင်းလဲအသုံးပြုလာ

229

သန့်ဇင် (NP News)- မတ် ၁၆
ထိုင်းဘက်က အင်တာနက်ဖြတ်သည့်အတွက် မြန်မာ-ထိုင်းနယ်စပ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း များ မလေးရှားအင်တာနက် ပြောင်းလဲအသုံးပြု လာနေကြကြောင်း သိရှိသူသတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
မလေးရှားအင်တာနက်ကို မြန်မာ-ထိုင်း နယ်စပ် ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့် (၂၀၁၉) ခုနှစ် ဝန်းကျင်ကပင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပြောင်းရွှေ့လာသော အွန်လိုင်းငွေလိမ်လုပ်ငန်း များတွင်လည်း တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြကြောင်းသိရသည်။
“NUG ရုံးစထောင်တည်းက မလေးအင်တာနက်သုံးတာ။ အဲဒီတုန်းက ဘုရားသုံးဆူမှာ ထိုင်း ဘက်ကလိုင်းရယ် မလေးဘက်ကလိုင်းရယ်ဆိုပြီးရှိတယ်။ မလေးဘက်ကအင်တာနက်လိုင်းကတော့ မလေးဆာဘာက ဗန်းနဲ့ပစ်တာ။ တရုတ်ဘက်က ထုတ်တဲ့ ကျပ် (၁၈၀ဝဝ)တန် အင်တာနက်ထုတ်တဲ့ လင်ဗန်းလေးတွေရှိတယ်။ သင်တန်းပေးတာတောင် ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီက လာပြီး သင်တန်းပေးတာ အဲဒီတုန်းက။ နယ်စပ်မှာတော့ ဘုရားသုံးဆူမှာ မလေးအင်တာနက်နဲ့ ထိုင်း အင်တာ နက်ကို ခိုးသွယ်တာရှိတယ်။ မလေးအင်တာနက်ကို အဓိကသုံးတယ်။ မြန်မာအင်တာနက်ကို လုံးဝ သုံး လို့မရဘူး။ အရင်က တော့ သိန်းငှက်အင်တာနက်လို့ပြောတယ်”ဟု သိရှိ သူတစ်ဦးကပြောသည်။
မလေးရှားအင်တာနက်တပ်ဆင်ရာတွင် စုစုပေါင်း ဘတ်ငွေ (၃၅၀ဝဝ)ဝန်းကျင်အထိကုန်ကျနိုင် ပြီး လက်ရှိတွင် အထက်ပါဒေသတွင် အွန်လိုင်း ငွေလိမ်လုပ်ငန်းများ ပြန်လည်လည်ပတ်ရန် အများစု အသုံးပြုလာကြပြီဖြစ်ကြောင်းသိရသည်။
“အဲဒီမှာ အွန်လိုင်းငွေလိမ်လုပ်တဲ့အချိန်မှာ အချိန်ယူရတာရှိတယ်။ အဲဒီမှာ ကွန်ရက်ကို မလေး အင်တာနက်နဲ့အလုပ်လုပ်တယ်။ ထိုင်းအင်တာ နက်ကလည်း ထင်သလောက်မကောင်းဘူး။ အရင်က ထိုင်းလိုင်းကို အဓိကထားသုံးလိုက်တယ်။ မြန်မာပြည်က အင်တာနက်ကိုသိပ်မကောင်းလို့ပေါ့။ Starlink ပေါ်တဲ့အချိန်မှာလည်း တရုတ်က သိပ်မသုံးကြဘူး။ Starlink တစ်လုံးက ဖုန်းအလုံးအများကြီးသုံးလို့ ရတယ်။ အဲဒီမှာ အွန်လိုင်းလိမ်လည်ရုံတစ်ရုံကို Starlink (၁၆)လုံးထက်မနည်းရှိတယ်။ အရင်က မလေး အင်တာနက်ကို ပိုက်ဆံရှိတဲ့ကောင်တွေပဲ တပ် နိုင်တာ။ အဲဒီဗန်းလေးတစ်ဗန်းကို ဘတ်ငွေ (၃၅၀ဝဝ) ပေးရတယ်။ အဲဒါက ဖုန်းအလုံး (၄၀) (၅၀) လောက်ပဲရှိတယ်။ အဲဒီတုန်းကတပ်ရင် မြန်မာ ငွေ သိန်း(၂၀)၊ သိန်း(၃၀) လောက်ဆိုရတယ်”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။ ထို့ပြင် အွန်လိုင်းငွေလိမ် လုပ် ငန်းများ တရွေ့ရွေ့ပြောင်းရွှေ့နေသော မြန်မာ-ထိုင်းနယ်စပ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထီးခီးဒေသ တစ် ဝိုက်တွင်လည်း မလေးရှားအင် တာနက်လိုင်းကိုပင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း အထက်ပါ သတင်း ရင်းမြစ်ကဆိုသည်။
“ထိုင်းကလိုင်းမရရင် ဘုရားသူံးဆူမှာက မလေးရှားကနေ ဗန်းနဲ့ပစ်ပြီး အင်တာနက်ကိုသွယ်လို့ရ တယ်။ အခုဆို ထီးခီးကနေ မောတောင်-မေတ္တာ တစ်ကြောလုံးကို မလေးအင်တာနက်ဗန်းနဲ့ပဲ ဘုရားသုံး ဆူအထိ ဗန်းပစ်ပြီး ဆာဗာတွေထိုင်ပြီးချနေတာ”ဟု ၎င်းကပြောသည်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအတွက် အဓိကလိုအပ်ချက်သည် အင်တာနက်နှင့်လျှပ်စစ် ဓာတ်အားဖြစ်ပြီး အဆိုပါရင်းမြစ်များရရှိရန် မြန်မာ-ထိုင်းနယ်စပ်ဒေသရှိ ယင်းလုပ်ငန်းများသည် အိမ်နီး ချင်းနိုင်ငံများမှ ရယူသုံးစွဲခဲ့ရကြောင်းသိရသည်။

Zawgyi Version:
ျမန္မာ-ထိုင္းနယ္စပ္မွ အြန္လိုင္း ေငြလိမ္လုပ္ငန္းမ်ား ထိုင္းအစား မေလးရွား အင္တာနက္ ေျပာင္းလဲအသုံးျပဳလာ
သန႔္ဇင္ (NP News)- မတ္ ၁၆
ထိုင္းဘက္က အင္တာနက္ျဖတ္သည့္အတြက္ ျမန္မာ-ထိုင္းနယ္စပ္မွ အြန္လိုင္းေငြလိမ္လုပ္ငန္း မ်ား မေလးရွားအင္တာနက္ ေျပာင္းလဲအသုံးျပဳ လာေနၾကေၾကာင္း သိရွိသူသတင္းရင္းျမစ္တစ္ဦးက NP News သို႔ေျပာသည္။
မေလးရွားအင္တာနက္ကို ျမန္မာ-ထိုင္း နယ္စပ္ ဘုရားသုံးဆူၿမိဳ႕တြင္ ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္ ဝန္းက်င္ကပင္ စတင္အသုံးျပဳခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ေျပာင္းေ႐ႊ႕လာေသာ အြန္လိုင္းေငြလိမ္လုပ္ငန္း မ်ားတြင္လည္း တြင္တြင္က်ယ္က်ယ္အသုံးျပဳလာၾကေၾကာင္းသိရသည္။
“NUG ႐ုံးစေထာင္တည္းက မေလးအင္တာနက္သုံးတာ။ အဲဒီတုန္းက ဘုရားသုံးဆူမွာ ထိုင္း ဘက္ကလိုင္းရယ္ မေလးဘက္ကလိုင္းရယ္ဆိုၿပီးရွိတယ္။ မေလးဘက္ကအင္တာနက္လိုင္းကေတာ့ မေလးဆာဘာက ဗန္းနဲ႔ပစ္တာ။ တ႐ုတ္ဘက္က ထုတ္တဲ့ က်ပ္ (၁၈၀ဝဝ)တန္ အင္တာနက္ထုတ္တဲ့ လင္ဗန္းေလးေတြရွိတယ္။ သင္တန္းေပးတာေတာင္ ျပည္တြင္းဆက္သြယ္ေရးကုမၸဏီက လာၿပီး သင္တန္းေပးတာ အဲဒီတုန္းက။ နယ္စပ္မွာေတာ့ ဘုရားသုံးဆူမွာ မေလးအင္တာနက္နဲ႔ ထိုင္း အင္တာ နက္ကို ခိုးသြယ္တာရွိတယ္။ မေလးအင္တာနက္ကို အဓိကသုံးတယ္။ ျမန္မာအင္တာနက္ကို လုံးဝ သုံး လို႔မရဘူး။ အရင္က ေတာ့ သိန္းငွက္အင္တာနက္လို႔ေျပာတယ္”ဟု သိရွိ သူတစ္ဦးကေျပာသည္။
မေလးရွားအင္တာနက္တပ္ဆင္ရာတြင္ စုစုေပါင္း ဘတ္ေငြ (၃၅၀ဝဝ)ဝန္းက်င္အထိကုန္က်ႏိုင္ ၿပီး လက္ရွိတြင္ အထက္ပါေဒသတြင္ အြန္လိုင္း ေငြလိမ္လုပ္ငန္းမ်ား ျပန္လည္လည္ပတ္ရန္ အမ်ားစု အသုံးျပဳလာၾကၿပီျဖစ္ေၾကာင္းသိရသည္။
“အဲဒီမွာ အြန္လိုင္းေငြလိမ္လုပ္တဲ့အခ်ိန္မွာ အခ်ိန္ယူရတာရွိတယ္။ အဲဒီမွာ ကြန္ရက္ကို မေလး အင္တာနက္နဲ႔အလုပ္လုပ္တယ္။ ထိုင္းအင္တာ နက္ကလည္း ထင္သေလာက္မေကာင္းဘူး။ အရင္က ထိုင္းလိုင္းကို အဓိကထားသုံးလိုက္တယ္။ ျမန္မာျပည္က အင္တာနက္ကိုသိပ္မေကာင္းလို႔ေပါ့။ Starlink ေပၚတဲ့အခ်ိန္မွာလည္း တ႐ုတ္က သိပ္မသုံးၾကဘူး။ Starlink တစ္လုံးက ဖုန္းအလုံးအမ်ားႀကီးသုံးလို႔ ရတယ္။ အဲဒီမွာ အြန္လိုင္းလိမ္လည္႐ုံတစ္႐ုံကို Starlink (၁၆)လုံးထက္မနည္းရွိတယ္။ အရင္က မေလး အင္တာနက္ကို ပိုက္ဆံရွိတဲ့ေကာင္ေတြပဲ တပ္ ႏိုင္တာ။ အဲဒီဗန္းေလးတစ္ဗန္းကို ဘတ္ေငြ (၃၅၀ဝဝ) ေပးရတယ္။ အဲဒါက ဖုန္းအလုံး (၄၀) (၅၀) ေလာက္ပဲရွိတယ္။ အဲဒီတုန္းကတပ္ရင္ ျမန္မာ ေငြ သိန္း(၂၀)၊ သိန္း(၃၀) ေလာက္ဆိုရတယ္”ဟု အထက္ပါသတင္းရင္းျမစ္ကေျပာသည္။ ထို႔ျပင္ အြန္လိုင္းေငြလိမ္ လုပ္ ငန္းမ်ား တေ႐ြ႕ေ႐ြ႕ေျပာင္းေ႐ႊ႕ေနေသာ ျမန္မာ-ထိုင္းနယ္စပ္၊ တနသၤာရီတိုင္းေဒသႀကီး၊ ထီးခီးေဒသ တစ္ ဝိုက္တြင္လည္း မေလးရွားအင္ တာနက္လိုင္းကိုပင္ စတင္အသုံးျပဳေနၿပီျဖစ္ေၾကာင္း အထက္ပါ သတင္း ရင္းျမစ္ကဆိုသည္။
“ထိုင္းကလိုင္းမရရင္ ဘုရားသူံးဆူမွာက မေလးရွားကေန ဗန္းနဲ႔ပစ္ၿပီး အင္တာနက္ကိုသြယ္လို႔ရ တယ္။ အခုဆို ထီးခီးကေန ေမာေတာင္-ေမတၱာ တစ္ေၾကာလုံးကို မေလးအင္တာနက္ဗန္းနဲ႔ပဲ ဘုရားသုံး ဆူအထိ ဗန္းပစ္ၿပီး ဆာဗာေတြထိုင္ၿပီးခ်ေနတာ”ဟု ၎ကေျပာသည္။
အြန္လိုင္းလိမ္လည္မႈလုပ္ငန္းမ်ားအတြက္ အဓိကလိုအပ္ခ်က္သည္ အင္တာနက္ႏွင့္လွ်ပ္စစ္ ဓာတ္အားျဖစ္ၿပီး အဆိုပါရင္းျမစ္မ်ားရရွိရန္ ျမန္မာ-ထိုင္းနယ္စပ္ေဒသရွိ ယင္းလုပ္ငန္းမ်ားသည္ အိမ္နီး ခ်င္းႏိုင္ငံမ်ားမွ ရယူသုံးစြဲခဲ့ရေၾကာင္းသိရသည္။