လမ်းဂိတ်ကြေးများအပြင် ရှမ်းတောင်-ရှမ်းမြောက်ကုန်ကားတစ်စီးလျှင် နှစ်စဉ်ကြေးအဖြစ် ကျပ်သိန်း (၃၀) အထိ ပေးဆောင်နေရ

203

သန့်ဇင် (NP News) - မတ် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်းမှ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ကုန်တင်ပြေးဆွဲသည့်ကုန်ကားများ အနေဖြင့် ဖြတ်သန်းခများအပြင် နှစ်စဉ်ကြေးအဖြစ် ကျပ်သိန်း (၃၀)အထိ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ထံ ပေးဆောင်ဖြတ်သန်းနေရကြောင်း ကုန်သည်အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက NP News သို့ပြော သည်။
လက်ရှိတွင် ရှမ်းတောင်နှင့်ရှမ်းမြောက် ကုန်သွယ်ရေးလမ်းကြောင်းများ အခက်အခဲများစွာ ရှိနေ သည့်ကြားမှ ကုန်ကားအချို့ ဖြတ်သန်းရာတွင် လမ်းပေါင်းစုံကိုအသုံးပြုနေကြရကြောင်းသိရကာ RCSS နှင့် SSPP သို့ နှစ်စဉ်ကြေးပေးနေရခြင်းဖြစ်သည်။
“တောင်ကြီးကတက်မယ်ဆိုရင် တောင် ကြီး-နမ့်ဆန်-ခိုလမ်-ကွန်ဟိန်း-ကာလိကနေ ဆက် တက်တာပေါ့။ အဲဒီမှာ (၁၂)ဘီးက (၁၅)သိန်း ပေးရတယ်။ တွဲကားက သိန်း(၂၀)ပေးရတယ်။ ဂိတ်တွေ ကလည်းအများကြီးပဲ။ အခု ကျွန်မတို့ကားတွေ ရှမ်းမြောက်ကိုဝင်နေတယ်။ အဲဒီမှာ RCSS ကို တစ်စီးကို သိန်း (၂၀)ပေးရတယ်။ ကုန်ကားဖြစ်တဲ့ တွဲကားတစ်စီးကိုနော်။ နောက်ပြီး SSPP ကတော့ (၁၀) သိန်း တောင်းတယ်။ အဲဒါတောင်မှ SSPP က (၇)သိန်းနဲ့ကောက်မယ်လို့ပြောလာတယ်။ ရှမ်းမြောက် တစ်ခွင် ကကုန်ကလည်း ဒီဈေးလောက်ပေးရလောက်အောင်ပေးရတဲ့ကုန်တွေမဟုတ်ဘူး”ဟု အထက်ပါ သတင်း ရင်းမြစ်ကပြောသည်။
ထို့ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အခွန်အခများကို တစ်နှစ်စာ အလုံးအ ရင်းဖြင့်ကောက်ခံနေခြင်းအပေါ် ကုန်သည်များအနေဖြင့် အခက်တွေ့နေရကြောင်းလည်း ၎င်းကဆို သည်။ “ကျွန်မတို့က ဒီလိုဖြစ်နေတော့ ညှိညှိနှိုင်းနှိုင်းနဲ့သွားကြမယ်ပေါ့။ သူတို့က အခုကဘယ်လိုဖြစ်လဲ ဆိုတော့ တစ်နှစ်စာကြီးမကောက်ပါနဲ့။ တစ်ခေါက်သွား ရင်တစ်ခါတောင်းလိုက်။ အဲဒီအထိ လက်ခံသေး တယ်။ အခုက တစ်ခေါက်ကို ကားတစ်စီးကို (၁)သိန်း တောင်းမလား ပေးလိုက်မယ်။ (၅)ခေါက်ဖြတ်ရင် (၅) သိန်းပေးလိုက်မယ်။ အခုကကျတော့ တာဝန်မယူ ဘူး။ ကျွန်မတို့က (၂၀၂၅)ခုနှစ်ထဲမှာ (၁) နှစ်စာ ဆောင်ထားတယ်။ (၂၀၂၅)က နှစ်တော့ကုန်သွားပြီး လကတော့ကျန်သေးတယ်ပေါ့။ အဲဒါကို မရဘူးတဲ့ နှစ်ကုန်ရင်ကုန်တာပဲလို့ပြောပြီး အခုနှစ်အတွက် ဆက် ကောက်တယ်”ဟုゞင်းကဆိုသည်။ ထို့ပြင် ရှမ်း တောင် မှမူဆယ်သို့ ဖြတ်သန်းကုန်သွယ်ရာတွင်လည်း လက် နက်ကိုင်အဖွဲ့ (၃)ဖွဲ့ထက်မနည်းကို အခွန် (၃) ခုထက်မနည်း ပေးဆောင်ဖြတ်သန်းနေရကြောင်း ၎င်းကဆိုသည်။ “ကားကလည်း အစီးပေါင်း များစွာတက်နေတာ ရှမ်းမြောက်ကိုက။ ရှမ်းတောင်လည်းပါတယ်။ တခြားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ TNLA ကလည်း မူဆယ်ဘက်သွားရင်လည်း အခွန်ဆောင်ရတာပဲ။ အဲဒီဘက်ဆိုရင် အခွန်(၃)ခုဆောင်ရ တယ်”ဟု ၎င်းက ပြောသည်။
ထိုသို့ ရှမ်းတောင်-ရှမ်းမြောက် ကုန်သွယ်ရာတွင် အခွန်အခများစွာပေးဆောင်နေရသဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာကာ ကုန်ဈေးနှုန်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေ ကြောင်းလည်း ၎င်းကဆိုသည်။ “သူတို့ပါးစပ်ထဲမှာသူတို့ဥပဒေဖြစ်နေတာ။ လုပ်ထုံးလုပ်နည်းတွေနဲ့ မျှမျှ တတလုပ်ပေါ့။ အဲဒီလိုဆိုရင် ပြည်သူတွေအတွက် လည်း စားရေးသောက်ရေးအဆင်ပြေမယ်လေ။ အခု ဆိုရင် ဘိလပ်မြေတစ်အိတ်ကို (၆၀ဝဝ)ကျပ်၊ (၇၀ဝဝ) ကျပ်နဲ့ ရန်ကုန်ရောက်သွားရင် အဲဒီဘိလပ် မြေက (၂၀ဝဝဝ)ကျော်ဝယ်သုံးရတော့မှာ။ အဆင် မပြေနိုင်ဘူးလေ”ဟု ကုန်သည်အသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောသည်။

Zawgyi Version;
လမ္းဂိတ္ေၾကးမ်ားအျပင္ ရွမ္းေတာင္-ရွမ္းေျမာက္ကုန္ကားတစ္စီးလွ်င္ ႏွစ္စဥ္ေၾကးအျဖစ္ က်ပ္သိန္း (၃၀) အထိ ေပးေဆာင္ေနရ
သန႔္ဇင္ (NP News) - မတ္ ၁၇
ရွမ္းျပည္နယ္ေတာင္ပိုင္းမွ ရွမ္းျပည္နယ္ ေျမာက္ပိုင္းသို႔ ကုန္တင္ေျပးဆြဲသည့္ကုန္ကားမ်ား အေနျဖင့္ ျဖတ္သန္းခမ်ားအျပင္ ႏွစ္စဥ္ေၾကးအျဖစ္ က်ပ္သိန္း (၃၀)အထိ လက္နက္ကိုင္အဖြဲ႕ႏွစ္ဖြဲ႕ထံ ေပးေဆာင္ျဖတ္သန္းေနရေၾကာင္း ကုန္သည္အသိုင္းအဝိုင္းႏွင့္နီးစပ္သူတစ္ဦးက NP News သို႔ေျပာ သည္။
လက္ရွိတြင္ ရွမ္းေတာင္ႏွင့္ရွမ္းေျမာက္ ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား အခက္အခဲမ်ားစြာ ရွိေန သည့္ၾကားမွ ကုန္ကားအခ်ိဳ႕ ျဖတ္သန္းရာတြင္ လမ္းေပါင္းစုံကိုအသုံးျပဳေနၾကရေၾကာင္းသိရကာ RCSS ႏွင့္ SSPP သို႔ ႏွစ္စဥ္ေၾကးေပးေနရျခင္းျဖစ္သည္။
“ေတာင္ႀကီးကတက္မယ္ဆိုရင္ ေတာင္ ႀကီး-နမ့္ဆန္-ခိုလမ္-ကြန္ဟိန္း-ကာလိကေန ဆက္ တက္တာေပါ့။ အဲဒီမွာ (၁၂)ဘီးက (၁၅)သိန္း ေပးရတယ္။ တြဲကားက သိန္း(၂၀)ေပးရတယ္။ ဂိတ္ေတြ ကလည္းအမ်ားႀကီးပဲ။ အခု ကြၽန္မတို႔ကားေတြ ရွမ္းေျမာက္ကိုဝင္ေနတယ္။ အဲဒီမွာ RCSS ကို တစ္စီးကို သိန္း (၂၀)ေပးရတယ္။ ကုန္ကားျဖစ္တဲ့ တြဲကားတစ္စီးကိုေနာ္။ ေနာက္ၿပီး SSPP ကေတာ့ (၁၀) သိန္း ေတာင္းတယ္။ အဲဒါေတာင္မွ SSPP က (၇)သိန္းနဲ႔ေကာက္မယ္လို႔ေျပာလာတယ္။ ရွမ္းေျမာက္ တစ္ခြင္ ကကုန္ကလည္း ဒီေဈးေလာက္ေပးရေလာက္ေအာင္ေပးရတဲ့ကုန္ေတြမဟုတ္ဘူး”ဟု အထက္ပါ သတင္း ရင္းျမစ္ကေျပာသည္။
ထို႔ေၾကာင့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ အခြန္အခမ်ားကို တစ္ႏွစ္စာ အလုံးအ ရင္းျဖင့္ေကာက္ခံေနျခင္းအေပၚ ကုန္သည္မ်ားအေနျဖင့္ အခက္ေတြ႕ေနရေၾကာင္းလည္း ၎ကဆို သည္။ “ကြၽန္မတို႔က ဒီလိုျဖစ္ေနေတာ့ ညႇိညႇိႏႈိင္းႏႈိင္းနဲ႔သြားၾကမယ္ေပါ့။ သူတို႔က အခုကဘယ္လိုျဖစ္လဲ ဆိုေတာ့ တစ္ႏွစ္စာႀကီးမေကာက္ပါနဲ႔။ တစ္ေခါက္သြား ရင္တစ္ခါေတာင္းလိုက္။ အဲဒီအထိ လက္ခံေသး တယ္။ အခုက တစ္ေခါက္ကို ကားတစ္စီးကို (၁)သိန္း ေတာင္းမလား ေပးလိုက္မယ္။ (၅)ေခါက္ျဖတ္ရင္ (၅) သိန္းေပးလိုက္မယ္။ အခုကက်ေတာ့ တာဝန္မယူ ဘူး။ ကြၽန္မတို႔က (၂၀၂၅)ခုႏွစ္ထဲမွာ (၁) ႏွစ္စာ ေဆာင္ထားတယ္။ (၂၀၂၅)က ႏွစ္ေတာ့ကုန္သြားၿပီး လကေတာ့က်န္ေသးတယ္ေပါ့။ အဲဒါကို မရဘူးတဲ့ ႏွစ္ကုန္ရင္ကုန္တာပဲလို႔ေျပာၿပီး အခုႏွစ္အတြက္ ဆက္ ေကာက္တယ္”ဟုゞင္းကဆိုသည္။ ထို႔ျပင္ ရွမ္း ေတာင္ မွမူဆယ္သို႔ ျဖတ္သန္းကုန္သြယ္ရာတြင္လည္း လက္ နက္ကိုင္အဖြဲ႕ (၃)ဖြဲ႕ထက္မနည္းကို အခြန္ (၃) ခုထက္မနည္း ေပးေဆာင္ျဖတ္သန္းေနရေၾကာင္း ၎ကဆိုသည္။ “ကားကလည္း အစီးေပါင္း မ်ားစြာတက္ေနတာ ရွမ္းေျမာက္ကိုက။ ရွမ္းေတာင္လည္းပါတယ္။ တျခားလက္နက္ကိုင္အဖြဲ႕ျဖစ္တဲ့ TNLA ကလည္း မူဆယ္ဘက္သြားရင္လည္း အခြန္ေဆာင္ရတာပဲ။ အဲဒီဘက္ဆိုရင္ အခြန္(၃)ခုေဆာင္ရ တယ္”ဟု ၎က ေျပာသည္။
ထိုသို႔ ရွမ္းေတာင္-ရွမ္းေျမာက္ ကုန္သြယ္ရာတြင္ အခြန္အခမ်ားစြာေပးေဆာင္ေနရသျဖင့္ သယ္ယူပို႔ေဆာင္ေရးစရိတ္မ်ား ျမင့္တက္လာကာ ကုန္ေဈးႏႈန္းအေပၚ တိုက္႐ိုက္သက္ေရာက္မႈရွိေန ေၾကာင္းလည္း ၎ကဆိုသည္။ “သူတို႔ပါးစပ္ထဲမွာသူတို႔ဥပေဒျဖစ္ေနတာ။ လုပ္ထုံးလုပ္နည္းေတြနဲ႔ မွ်မွ် တတလုပ္ေပါ့။ အဲဒီလိုဆိုရင္ ျပည္သူေတြအတြက္ လည္း စားေရးေသာက္ေရးအဆင္ေျပမယ္ေလ။ အခု ဆိုရင္ ဘိလပ္ေျမတစ္အိတ္ကို (၆၀ဝဝ)က်ပ္၊ (၇၀ဝဝ) က်ပ္နဲ႔ ရန္ကုန္ေရာက္သြားရင္ အဲဒီဘိလပ္ ေျမက (၂၀ဝဝဝ)ေက်ာ္ဝယ္သုံးရေတာ့မွာ။ အဆင္ မေျပႏိုင္ဘူးေလ”ဟု ကုန္သည္အသိုင္းအဝိုင္းႏွင့္ နီးစပ္သူကေျပာသည္။