အီရန်အစိုးရက သဘောတူညီချက်တစ်ခုပြုလုပ်လိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော

84
Pika (NP News) - မတ် ၁၇
အီရန်အစိုးရက သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ လိုလားနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်က အီရန်ရဲ့ခေါင်းဆောင်အသစ်တွေကို သိရှိရတာမျိုးမရှိသေးဘူးလို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က "အီရန်ရဲ့ အရေးကြီးတဲ့ခေါင်းဆောင်တွေအားလုံးက သေဆုံးသွားခဲ့ပါပြီ။လက်ရှိမှာ ကျွန်တော်တို့ ဘယ်သူတွေနဲ့ တွေ့ကြုံဆက်ဆံနေရတယ်ဆိုတာကိုတောင် မသိပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် စစ်ပွဲ စတင်ခဲ့တဲ့အချိန်တည်းက အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပစ်မှတ်ပေါင်း(၇၀၀၀) ကျော်ကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ပြီးတော့ အမေရိကန် ရေတပ်က အီရန်ရေတပ်သင်္ဘောအစီးရေ(၁၀၀)ကျော်နဲ့ ဒုံးကျည်နဲ့ ဒရုန်းထုတ်လုပ်တဲ့နေရာ(၃)ခုကိုလည်း တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့အီရန်အပေါ် ဆင်နွှဲနေတဲ့စစ်ပွဲကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေချိန်မှာပဲ ဒေါ်နယ်ထရမ့်က ယခုလို ထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version;
အီရန္အစိုးရက သေဘာတူညီခ်က္တစ္ခုျပဳလုပ္လိုေနတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - မတ္ ၁၇
အီရန္အစိုးရက သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ လိုလားေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္က အီရန္ရဲ႕ေခါင္းေဆာင္အသစ္ေတြကို သိရွိရတာမ်ိဳးမရွိေသးဘူးလို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က "အီရန္ရဲ႕ အေရးႀကီးတဲ့ေခါင္းေဆာင္ေတြအားလုံးက ေသဆုံးသြားခဲ့ပါၿပီ။လက္ရွိမွာ ကြၽန္ေတာ္တို႔ ဘယ္သူေတြနဲ႔ ေတြ႕ႀကဳံဆက္ဆံေနရတယ္ဆိုတာကိုေတာင္ မသိပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ စစ္ပြဲ စတင္ခဲ့တဲ့အခ်ိန္တည္းက အေမရိကန္စစ္တပ္ဟာ အီရန္ႏိုင္ငံတစ္ဝွမ္းမွာရွိတဲ့ ပစ္မွတ္ေပါင္း(၇၀၀၀) ေက်ာ္ကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ၿပီးေတာ့ အေမရိကန္ ေရတပ္က အီရန္ေရတပ္သေဘၤာအစီးေရ(၁၀၀)ေက်ာ္နဲ႔ ဒုံးက်ည္နဲ႔ ဒ႐ုန္းထုတ္လုပ္တဲ့ေနရာ(၃)ခုကိုလည္း တိုက္ခိုက္ဖ်က္ဆီးပစ္ခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ အေမရိကန္နဲ႔ အစၥေရးတို႔ရဲ႕အီရန္အေပၚ ဆင္ႏႊဲေနတဲ့စစ္ပြဲေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈေတြ ဆက္တိုက္ျဖစ္ပြားေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္က ယခုလို ထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။