ရုရှားတွင် ဘီလျံနာ လူတန်းစားအသစ်တစ်ခု ပေါ်ပေါက်လာ

 2038

Pika(Ref : RT) (NP News) - မတ်လ ၁၅

ပြီးခဲ့သည့်နှစ်အတွင်း ရုရှားနိုင်ငံတွင် ဘီလျံနာအရေအတွက် နောက်ထပ်(၁၄)ဦးထပ်တိုးလာခဲ့ပြီး ၎င်းတို့အနက် (၇)ဦးမှာ စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်မှုပိုင်းမှ ချမ်းသာကြွယ်ဝလာခဲ့ခြင်းဖြစ်ကြောင်း Forbes World’s Billionaires List ၏ (၂၀၂၆) ခုနှစ်စာရင်းအရသိရသည်။ Forbes World’s Billionaires List ကထုတ်ပြန်ခဲ့သော နှစ်ပတ်လည်အဆင့်သတ်မှတ်ချက်၌ (၂၀၂၂)ခုနှစ် တွင်ဖြစ်ပွားခဲ့သည့် ယူကရိန်းစစ်ပွဲနောက်ပိုင်း အနောက်အုပ်စုနိုင်ငံ များက ရုရှားအပေါ် ပိတ်ဆို့အရေး ယူမှုများချမှတ်ခဲ့သော်လည်း ဘီလျံနာစာရင်းတွင် ရုရှားနိုင်ငံသား(၁၅၅)ဦး စံချိန် တင်ပါဝင်လာခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထို့ပြင် ၎င်းတို့၏စုစုပေါင်းချမ်းသာကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ (၆၉၆ ဒသမ ၅) ဘီလျံဖြစ်ပြီး သမိုင်းမှတ်တမ်းတစ်လျှောက် အမြင့်ဆုံးဖြစ်ကြောင်းလည်းသိရသည်။ သို့သော်လည်း ရုရှားရှိ ချမ်းသာကြွယ်ဝသူများ၏ ဖွဲ့စည်းပုံမှာ ပြောင်းလဲလာနေကြောင်းလည်းသိရသည်။

ရုရှား၏ချမ်းသာကြွယ်ဝမှု၏ ရှည်လျားသောကျောရိုး ဖြစ်သည့် စွမ်းအင်နှင့်သတ္တုများတွင် ရိုးရာ ချမ်းသာကြွယ်ဝမှုများသည် လက်ရှိအချိန်တွင် အစားအစာပိုင်း မှာ အရင်းအနှီးပြုပြီး အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိဈေးကွက်များသို့ တင်ပို့မှုများကိုတိုးချဲ့ခဲ့ သော စိုက်ပျိုးရေးဘီလျံနာလူတန်းစားများနှင့်အတူ မျှဝေနေရာယူထားကြောင်းသိရသည်။ အစားအစာ လုပ်ငန်းမှ အသစ်ဝင်ရောက်လာသူများထဲတွင် ရုရှား၏ အကြီးဆုံးအစားအစာနှင့် စိုက်ပျိုးရေးထုတ်လုပ် သည့်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော Agrocom­plex ၏ ပူးတွဲတည်ထောင်သူနှင့် ထိန်းချုပ်ရှယ်ယာရှင် Aleksandr Tkachev က အမေရိ ကန်ဒေါ်လာ (၁ ဒဿမ ၈)ဘီလျံ ကြွယ်ဝချမ်းသာကြောင်းသိရသည်။

Aleksandr Tkachev သည် (၂၀၁၅)ခုနှစ်မှ (၂၀၁၈)ခုနှစ်အထိ ရုရှား၏စိုက်ပျိုးရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းလည်းသိရသည်။ နောက် ထပ်အသစ် ဝင်ရောက်လာသူတစ်ဦးမှာ အမေရိကန် ဒေါ်လာ(၁ ဒသမ ၅)ဘီလျံ ချမ်းသာကြွယ်ဝသည့် Vadim Vikulov ဖြစ်ပြီး ရုရှား၏ စိုက်ပျိုးရေးတင်ပို့မှု၊ ကောက်ပဲသီးနှံနှင့် ဟင်းသီးဟင်းရွက်ဆီတွင် အဓိက ပါဝင်သည့်ကုမ္ပဏီတစ်ခုဖြစ်သော Aston ကုမ္ပဏီကို ပိုင်ဆိုင်ကြောင်းသိရသည်။

ထို့ပြင် အမေရိကန်ဒေါ်လာ (၂ ဒသမ ၉)ဘီလျံ ချမ်းသာကြွယ်ဝသည့် Vadim Moshkovich သည် ၎င်းတို့ထဲတွင် အချမ်းသာဆုံး ဖြစ်ပြီး အဆိုပါစာရင်းတွင် အဆက်မပြတ်ပါဝင်နေကာ ရုရှား၏ အကြီးဆုံးဝက်သားနှင့်သကြားထုတ်လုပ်သည့်ကုမ္ပဏီများထဲမှတစ်ခုဖြစ်သော Rusagro ကို ထိန်းချုပ်ထားသည်။

zawgyi version

႐ုရွားတြင္ ဘီလ်ံနာ လူတန္းစားအသစ္တစ္ခု ေပၚေပါက္လာ

Pika(Ref : RT) (NP News) - မတ္လ ၁၅

ၿပီးခဲ့သည့္ႏွစ္အတြင္း ႐ုရွားႏိုင္ငံတြင္ ဘီလ်ံနာအေရအတြက္ ေနာက္ထပ္(၁၄)ဦးထပ္တိုးလာခဲ့ၿပီး ၎တို႔အနက္ (၇)ဦးမွာ စိုက္ပ်ိဳးေရးႏွင့္ အစားအစာထုတ္လုပ္မႈပိုင္းမွ ခ်မ္းသာႂကြယ္ဝလာခဲ့ျခင္းျဖစ္ေၾကာင္း Forbes World’s Billionaires List ၏ (၂၀၂၆) ခုႏွစ္စာရင္းအရသိရသည္။ Forbes World’s Billionaires List ကထုတ္ျပန္ခဲ့ေသာ ႏွစ္ပတ္လည္အဆင့္သတ္မွတ္ခ်က္၌ (၂၀၂၂)ခုႏွစ္ တြင္ျဖစ္ပြားခဲ့သည့္ ယူကရိန္းစစ္ပြဲေနာက္ပိုင္း အေနာက္အုပ္စုႏိုင္ငံ မ်ားက ႐ုရွားအေပၚ ပိတ္ဆို႔အေရး ယူမႈမ်ားခ်မွတ္ခဲ့ေသာ္လည္း ဘီလ်ံနာစာရင္းတြင္ ႐ုရွားႏိုင္ငံသား(၁၅၅)ဦး စံခ်ိန္ တင္ပါဝင္လာခဲ့ေၾကာင္း ေရးသားေဖာ္ျပထားသည္။

ထို႔ျပင္ ၎တို႔၏စုစုေပါင္းခ်မ္းသာႂကြယ္ဝမႈမွာ အေမရိကန္ေဒၚလာ (၆၉၆ ဒသမ ၅) ဘီလ်ံျဖစ္ၿပီး သမိုင္းမွတ္တမ္းတစ္ေလွ်ာက္ အျမင့္ဆုံးျဖစ္ေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း ႐ုရွားရွိ ခ်မ္းသာႂကြယ္ဝသူမ်ား၏ ဖြဲ႕စည္းပုံမွာ ေျပာင္းလဲလာေနေၾကာင္းလည္းသိရသည္။

႐ုရွား၏ခ်မ္းသာႂကြယ္ဝမႈ၏ ရွည္လ်ားေသာေက်ာ႐ိုး ျဖစ္သည့္ စြမ္းအင္ႏွင့္သတၱဳမ်ားတြင္ ႐ိုးရာ ခ်မ္းသာႂကြယ္ဝမႈမ်ားသည္ လက္ရွိအခ်ိန္တြင္ အစားအစာပိုင္း မွာ အရင္းအႏွီးျပဳၿပီး အာရွ၊ အာဖရိကႏွင့္ အေရွ႕အလယ္ပိုင္းရွိေဈးကြက္မ်ားသို႔ တင္ပို႔မႈမ်ားကိုတိုးခ်ဲ႕ခဲ့ ေသာ စိုက္ပ်ိဳးေရးဘီလ်ံနာလူတန္းစားမ်ားႏွင့္အတူ မွ်ေဝေနရာယူထားေၾကာင္းသိရသည္။ အစားအစာ လုပ္ငန္းမွ အသစ္ဝင္ေရာက္လာသူမ်ားထဲတြင္ ႐ုရွား၏ အႀကီးဆုံးအစားအစာႏွင့္ စိုက္ပ်ိဳးေရးထုတ္လုပ္ သည့္ကုမၸဏီမ်ားထဲမွ တစ္ခုျဖစ္ေသာ Agrocom­plex ၏ ပူးတြဲတည္ေထာင္သူႏွင့္ ထိန္းခ်ဳပ္ရွယ္ယာရွင္ Aleksandr Tkachev က အေမရိ ကန္ေဒၚလာ (၁ ဒႆမ ၈)ဘီလ်ံ ႂကြယ္ဝခ်မ္းသာေၾကာင္းသိရသည္။

Aleksandr Tkachev သည္ (၂၀၁၅)ခုႏွစ္မွ (၂၀၁၈)ခုႏွစ္အထိ ႐ုရွား၏စိုက္ပ်ိဳးေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္းလည္းသိရသည္။ ေနာက္ ထပ္အသစ္ ဝင္ေရာက္လာသူတစ္ဦးမွာ အေမရိကန္ ေဒၚလာ(၁ ဒသမ ၅)ဘီလ်ံ ခ်မ္းသာႂကြယ္ဝသည့္ Vadim Vikulov ျဖစ္ၿပီး ႐ုရွား၏ စိုက္ပ်ိဳးေရးတင္ပို႔မႈ၊ ေကာက္ပဲသီးႏွံႏွင့္ ဟင္းသီးဟင္း႐ြက္ဆီတြင္ အဓိက ပါဝင္သည့္ကုမၸဏီတစ္ခုျဖစ္ေသာ Aston ကုမၸဏီကို ပိုင္ဆိုင္ေၾကာင္းသိရသည္။

ထို႔ျပင္ အေမရိကန္ေဒၚလာ (၂ ဒသမ ၉)ဘီလ်ံ ခ်မ္းသာႂကြယ္ဝသည့္ Vadim Moshkovich သည္ ၎တို႔ထဲတြင္ အခ်မ္းသာဆုံး ျဖစ္ၿပီး အဆိုပါစာရင္းတြင္ အဆက္မျပတ္ပါဝင္ေနကာ ႐ုရွား၏ အႀကီးဆုံးဝက္သားႏွင့္သၾကားထုတ္လုပ္သည့္ကုမၸဏီမ်ားထဲမွတစ္ခုျဖစ္ေသာ Rusagro ကို ထိန္းခ်ဳပ္ထားသည္။

Related news

© 2021. All rights reserved.