ကွတ်ခိုင်တွင် MNDAA ထံ TNLA လက်နက်ချဟုဆို

 775

သန့်မင်းအိမ်(NP News)-မတ် ၁၅

ရှမ်ပြည်နယ်မြောကင်ပိုင်း ကွတ်ခိုင်မြို့အပါအဝင် မူဆယ်မြို (၁၀၅) မိုင်၊ နမ့်ဖတ်ကာ၊ မုံစီးအစရှိသည့် နေရာ ၅ ခုတွင် TNLA ၏ တပ်စခန်းများကို ကိုးကန့်တပ်MNDAAဘက်က အင်အားထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကွတ်ခိုင်မြို့တွင် TNLA က MNDAA ထံ ယနေ့ မွန်းလွဲ (၂နာရီ၄၀မိနစ်) အချိန်တွင်လက်နက်ချခဲ့ကြောင်း NP News သတင်းဌာန၏ ဒေသခံ သတင်းအရင်မြစ်က NP News သတင်းဌာနကိုပြောကြားချက်အရသိရသည်။

“အခု မနက် ၆ နာရီကနေ စလာတာ၊ အခုတော့ လက်နက်ချလိုက်ပြီ။ ၂ နာရီမှာ။ ၂ နာရီ ၄၀ မိနစ်လောက်မှာ စောစောကမှ ချလိုက်တာ” ဟု ၎င်းကပြောသည်။

ကွတ်ခိုင်မြို့အတွင်းရှိ TNLA တပ်များနှင့် လက်နက်ကိုင်အဖွဲ့များအားလုံးလည်း လက်နက်ချခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

“ဒီဘက်က လက်နက်ကိုင် အဖွဲ့တွေရော အကုန်ပါတယ်။ တစ်လမ်းကြောင်းလုံးပေါ့၊ ဒီဘက်က လမ်းကြောင်းတွေရှိသမျှလမ်းကြောင်းတွေ အကုန်လုံး သူတို့ရှေ့က စခန်းအကုန် သိမ်းသွားတာ” ဟု၎င်း၏ ပြောပြချက်အရသိရသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့ကို MNDAA ဘက်က ထိန်းချုပ်ထားမှုနှင့် ပတ်သက်၍လည်း “ကွတ်ခိုင်တစ်မြို့လုံး ကိုးကန့်ကို ပေးလိုက်တာပေါ့။ ပေးရမှာလေ၊ မပေးလို့မရတော့ဘူး။ သူတို့က တောက်လျှောက်ဝင်သွားတာဆိုတော့ ရှေ့ရှိသမျှ ဒီလမ်းဘေးဝဲယာ ရှေ့ရှိသမျှ စခန်းအကုန် သိမ်းသွားတာ”ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရသိရသည်။

ကွတ်ခိုင်ဒေသတွင် မတ်လ (၁၄) ရက်မှစတင်ကာ TNLA နှင့် MNDAA တို့အကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး ဒေသခံအများအပြားမှာလည်း တိုက်ပွဲကြား ပိတ်မိနေကြကြောင်း သိရသည်။

Zawgyi Version:
ကြတ္ခိုင္တြင္ MNDAA ထံ TNLA လက္နက္ခ်ဟုဆို
သန႔္မင္းအိမ္(NP News)-မတ္ ၁၅

ရွမ္ျပည္နယ္ေျမာကင္ပိုင္း ကြတ္ခိုင္ၿမိဳ႕အပါအဝင္ မူဆယ္ၿမိဳ (၁၀၅) မိုင္၊ နမ့္ဖတ္ကာ၊ မုံစီးအစရွိသည့္ ေနရာ ၅ ခုတြင္ TNLA ၏ တပ္စခန္းမ်ားကို ကိုးကန္႔တပ္MNDAAဘက္က အင္အားေထာင္ခ်ီ အသုံးျပဳၿပီး ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ရာ ကြတ္ခိုင္ၿမိဳ႕တြင္ TNLA က MNDAA ထံ ယေန႔ မြန္းလြဲ (၂နာရီ၄၀မိနစ္) အခ်ိန္တြင္လက္နက္ခ်ခဲ့ေၾကာင္း NP News သတင္းဌာန၏ ေဒသခံ သတင္းအရင္ျမစ္က NP News သတင္းဌာနကိုေျပာၾကားခ်က္အရသိရသည္။

“အခု မနက္ ၆ နာရီကေန စလာတာ၊ အခုေတာ့ လက္နက္ခ်လိုက္ၿပီ။ ၂ နာရီမွာ။ ၂ နာရီ ၄၀ မိနစ္ေလာက္မွာ ေစာေစာကမွ ခ်လိုက္တာ” ဟု ၎ကေျပာသည္။

ကြတ္ခိုင္ၿမိဳ႕အတြင္းရွိ TNLA တပ္မ်ားႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားအားလုံးလည္း လက္နက္ခ်ခဲ့ေၾကာင္း ၎၏ ေျပာၾကားခ်က္အရ သိရသည္။

“ဒီဘက္က လက္နက္ကိုင္ အဖြဲ႕ေတြေရာ အကုန္ပါတယ္။ တစ္လမ္းေၾကာင္းလုံးေပါ့၊ ဒီဘက္က လမ္းေၾကာင္းေတြရွိသမွ်လမ္းေၾကာင္းေတြ အကုန္လုံး သူတို႔ေရွ႕က စခန္းအကုန္ သိမ္းသြားတာ” ဟု၎၏ ေျပာျပခ်က္အရသိရသည္။

လက္ရွိတြင္ ကြတ္ခိုင္ၿမိဳ႕ကို MNDAA ဘက္က ထိန္းခ်ဳပ္ထားမႈႏွင့္ ပတ္သက္၍လည္း “ကြတ္ခိုင္တစ္ၿမိဳ႕လုံး ကိုးကန႔္ကို ေပးလိုက္တာေပါ့။ ေပးရမွာေလ၊ မေပးလို႔မရေတာ့ဘူး။ သူတို႔က ေတာက္ေလွ်ာက္ဝင္သြားတာဆိုေတာ့ ေရွ႕ရွိသမွ် ဒီလမ္းေဘးဝဲယာ ေရွ႕ရွိသမွ် စခန္းအကုန္ သိမ္းသြားတာ”ဟု ေဒသခံတစ္ဦး၏ ေျပာျပခ်က္အရသိရသည္။

ကြတ္ခိုင္ေဒသတြင္ မတ္လ (၁၄) ရက္မွစတင္ကာ TNLA ႏွင့္ MNDAA တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္လာခဲ့ၿပီး ေဒသခံအမ်ားအျပားမွာလည္း တိုက္ပြဲၾကား ပိတ္မိေနၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.