တရုတ်နိုင်ငံတွင်ရှိသည့် ကမ္ဘာ့အန္တရာယ်အများဆုံး ကျောက်ဆောင်နံရံပေါ်က ကော်ဖီဆိုင်

 1244

Pika (NP News) - မတ် ၁၅

ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းများကိုခံစားကာ ကော်ဖီတစ်ခွက်သောက်ခြင်းက စိတ်အေးလက်အေး ဖြစ်စေမည့် အတွေ့အကြုံတစ်ခုကို ပေးစွမ်းနိုင်သော်လည်း တရုတ်နိုင်ငံ ဖူကျန်းပြည် နယ်တွင်ရှိသည့် ထူးခြားသော ကော်ဖီဆိုင် Cliff Coffee တွင် ယင်းကဲ့သို့ အပန်းဖြေရန် ခက်ခဲမည်ဖြစ် ကြောင်းလည်းသိရသည်။ Cliff Coffee ကော်ဖီ ဆိုင်သည် ပင်လယ်ရေမျက်နှာပြင်အထက်မီတာ(၆၀)လောက်တွင်ရှိသော မတ်စောက်သည့် ကျောက်နံရံ ပေါ်တွင် တည်ရှိပြီး ကမ္ဘာ့အထူးခြားဆုံးကော်ဖီဆိုင်အဖြစ် ကြေညာထားသည့်ဆိုင်လည်းဖြစ်သည်။ Cliff Coffee ကော်ဖီဆိုင်တွင် ကျောက်ဆောင်နဲ့တွဲကာ ချိတ်ဆွဲထားသော ပလက်ဖောင်းများပါရှိပြီး ဧည့်သည်များအတွက် နေရာထိုင်ခင်းအဖြစ် ဖန်တီးထား ခြင်းဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါ ကော်ဖီ ဆိုင်ကို ရောက်ရှိရန်အတွက် ခရီးသွားဧည့် သည်များ အနေဖြင့် နည်းပြတစ်ဦး၏ကြီးကြပ်မှုအောက်တွင် ကျောက်ဆောင်ကို မိနစ်(၃၀)ခန့်တက်ပြီးမှသာ ပလက်ဖောင်းများ ပေါ်ကို ဆင်းရမည်ဖြစ်ကြောင်းသိရ သည်။ (၂၀ဝ၄)ခုနှစ်တည်းက စတင်ဖွင့် လှစ်ခဲ့သော Cliff Coffee ကော်ဖီဆိုင်သည် ရင်သပ်ရှုမောဖွယ် ကောင်းသောနေရာတစ်ခုမှ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တစ်ခုက လူမှုကွန်ရက်တွေပျံ့နှံ့သွားခဲ့ပြီး နောက် မကြာသေးမီက နာမည်ကြီးလာခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ခရီးသွားစိတ်ဝင်စားမှုကို ရရှိထားသည့် Cliff Coffee ကော်ဖီဆိုင်တည်ထောင်သူက ၎င်းတို့ဆိုင်တွင်ထိုင်ရန်အတွက် ကြိုတင်စာရင်း သွင်းပေးရန်လိုအပ်ပြီး ဝန်ထမ်း များ၏ကြီးကြပ်မှု မရှိဘဲ ပလက်ဖောင်းပေါ်ကို တက်လို့ရမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ Cliff Coffee ကော်ဖီ ဆိုင်တွင် ကော်ဖီတစ်ခွက်၏ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ(၅၈)ဒေါ်လာဖြစ်ပြီး ပရော်ဖက်ရှင်နယ် ပစ္စည်းငှားရမ်းခနှင့် နည်းပြငှားရမ်းခတို့ကြောင့် ကော်ဖီတစ်ခွက်ကို (၅၈)ဒေါ်လာဖြင့် ရောင်းချရခြင်းဖြစ် ကြောင်း တည်ထောင်သူက ပြောကြားခဲ့သည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံတြင္ရွိသည့္ ကမာၻ႔အႏၲရာယ္အမ်ားဆုံး ေက်ာက္ေဆာင္နံရံေပၚကေကာ္ဖီဆိုင္
Pika (NP News) - မတ္ ၁၅

ရင္သပ္ရႈေမာဖြယ္ေကာင္းေသာ ျမင္ကြင္းမ်ားကိုခံစားကာ ေကာ္ဖီတစ္ခြက္ေသာက္ျခင္းက စိတ္ေအးလက္ေအး ျဖစ္ေစမည့္ အေတြ႕အႀကဳံတစ္ခုကို ေပးစြမ္းႏိုင္ေသာ္လည္း တ႐ုတ္ႏိုင္ငံ ဖူက်န္းျပည္ နယ္တြင္ရွိသည့္ ထူးျခားေသာ ေကာ္ဖီဆိုင္ Cliff Coffee တြင္ ယင္းကဲ့သို႔ အပန္းေျဖရန္ ခက္ခဲမည္ျဖစ္ ေၾကာင္းလည္းသိရသည္။ Cliff Coffee ေကာ္ဖီ ဆိုင္သည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္မီတာ(၆၀)ေလာက္တြင္ရွိေသာ မတ္ေစာက္သည့္ ေက်ာက္နံရံ ေပၚတြင္ တည္ရွိၿပီး ကမာၻ႔အထူးျခားဆုံးေကာ္ဖီဆိုင္အျဖစ္ ေၾကညာထားသည့္ဆိုင္လည္းျဖစ္သည္။ Cliff Coffee ေကာ္ဖီဆိုင္တြင္ ေက်ာက္ေဆာင္နဲ႔တြဲကာ ခ်ိတ္ဆြဲထားေသာ ပလက္ေဖာင္းမ်ားပါရွိၿပီး ဧည့္သည္မ်ားအတြက္ ေနရာထိုင္ခင္းအျဖစ္ ဖန္တီးထား ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ အဆိုပါ ေကာ္ဖီ ဆိုင္ကို ေရာက္ရွိရန္အတြက္ ခရီးသြားဧည့္ သည္မ်ား အေနျဖင့္ နည္းျပတစ္ဦး၏ႀကီးၾကပ္မႈေအာက္တြင္ ေက်ာက္ေဆာင္ကို မိနစ္(၃၀)ခန႔္တက္ၿပီးမွသာ ပလက္ေဖာင္းမ်ား ေပၚကို ဆင္းရမည္ျဖစ္ေၾကာင္းသိရ သည္။ (၂၀ဝ၄)ခုႏွစ္တည္းက စတင္ဖြင့္ လွစ္ခဲ့ေသာ Cliff Coffee ေကာ္ဖီဆိုင္သည္ ရင္သပ္ရႈေမာဖြယ္ ေကာင္းေသာေနရာတစ္ခုမွ ႐ိုက္ကူးထားသည့္ ဗီဒီယိုဖိုင္တစ္ခုက လူမႈကြန္ရက္ေတြပ်ံ႕ႏွံ႔သြားခဲ့ၿပီး ေနာက္ မၾကာေသးမီက နာမည္ႀကီးလာခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ခရီးသြားစိတ္ဝင္စားမႈကို ရရွိထားသည့္ Cliff Coffee ေကာ္ဖီဆိုင္တည္ေထာင္သူက ၎တို႔ဆိုင္တြင္ထိုင္ရန္အတြက္ ႀကိဳတင္စာရင္း သြင္းေပးရန္လိုအပ္ၿပီး ဝန္ထမ္း မ်ား၏ႀကီးၾကပ္မႈ မရွိဘဲ ပလက္ေဖာင္းေပၚကို တက္လို႔ရမည္ မဟုတ္ေၾကာင္း ေျပာၾကားခဲ့သည္။ Cliff Coffee ေကာ္ဖီ ဆိုင္တြင္ ေကာ္ဖီတစ္ခြက္၏ေဈးႏႈန္းမွာ အေမရိကန္ ေဒၚလာ(၅၈)ေဒၚလာျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ ပစၥည္းငွားရမ္းခႏွင့္ နည္းျပငွားရမ္းခတို႔ေၾကာင့္ ေကာ္ဖီတစ္ခြက္ကို (၅၈)ေဒၚလာျဖင့္ ေရာင္းခ်ရျခင္းျဖစ္ ေၾကာင္း တည္ေထာင္သူက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.