စစ်ပွဲကို အဆုံးသတ်ဖို့ စိတ်ဝင်စားမှုတွေကို အီရန်က အမေရိကန်ကို အချက်ပြခဲ့တယ်လို့ Axios ရေးသားဖော်ပြ

 155

Pika (NP News) - မတ် ၁၇

အမေရိကန်သံတမန်စတိဗ်ဝစ်အော့ဖ်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီတို့အကြား တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပြန်လည်အသက်သွင်းခဲ့တယ်လို့ အမေရိကန်အရာရှိ တစ်ဦးနဲ့ အဲဒီကိစ္စနဲ့ရင်းနှီးတဲ့သတင်းရင်းမြစ်တို့ရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး Axios သတင်းစာက ရေးသား ဖော်ပြခဲ့ပါတယ်။
စတိဗ်ဝစ်အော့ဖ်နဲ့ အာဘတ်စ်အာဂရာချီတို့ကြား ဆက်သွယ်မှုတွေဟာ ဘယ်လိုရလဒ်တွေရှိခဲ့လဲဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးပေမယ့်လည်း အဲဒီဆက်သွယ်မှုက အမေရိကန်-အစ္စရေးနဲ့ အီရန် တို့ကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်လုပ်ဆောင်တဲ့ တိုက်ရိုက်ဆက်သွယ်မှုတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် စစ်ပွဲအဆုံးသတ်ရေးအပေါ် အာရုံစိုက်ထားတဲ့စာတိုတွေကို အာဘတ်စ် အာဂရာချီက စတိဗ်ဝစ်အော့ဖ်ကို ပေးပို့ခဲ့တယ်လို့လည်း Axios က ရေးသားဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း အမေရိကန်ဘက်ကတော့ အီရန်ကို စကားပြောဆိုခဲ့တာမျိုး၊စာပို့ခဲ့တာမျိုး မရှိခဲ့ဘူးလို့ အမေရိကန် အရာရှိတစ်ဦးက Axios သတင်းစာကို ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ အီရန်က သဘောတူညီချက် တစ်ခုပြုလုပ်လိုနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နာရီအနည်းငယ် အကြာမှာ ယခုလိုမျိုးအစီရင်ခံစာတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

Zawgyi Version;
စစ္ပြဲကို အဆုံးသတ္ဖို႔ စိတ္ဝင္စားမႈေတြကို အီရန္က အေမရိကန္ကို အခ်က္ျပခဲ့တယ္လို႔ Axios ေရးသားေဖာ္ျပ
Pika (NP News) - မတ္ ၁၇
အေမရိကန္သံတမန္စတိဗ္ဝစ္ေအာ့ဖ္နဲ႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီတို႔အၾကား တိုက္႐ိုက္ ဆက္သြယ္ေရးလမ္းေၾကာင္းကို ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ျပန္လည္အသက္သြင္းခဲ့တယ္လို႔ အေမရိကန္အရာရွိ တစ္ဦးနဲ႔ အဲဒီကိစၥနဲ႔ရင္းႏွီးတဲ့သတင္းရင္းျမစ္တို႔ရဲ႕ေျပာဆိုခ်က္ေတြကို ကိုးကားၿပီး Axios သတင္းစာက ေရးသား ေဖာ္ျပခဲ့ပါတယ္။
စတိဗ္ဝစ္ေအာ့ဖ္နဲ႔ အာဘတ္စ္အာဂရာခ်ီတို႔ၾကား ဆက္သြယ္မႈေတြဟာ ဘယ္လိုရလဒ္ေတြရွိခဲ့လဲဆိုတာကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေပမယ့္လည္း အဲဒီဆက္သြယ္မႈက အေမရိကန္-အစၥေရးနဲ႔ အီရန္ တို႔ၾကား စစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္လုပ္ေဆာင္တဲ့ တိုက္႐ိုက္ဆက္သြယ္မႈတစ္ခု ျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ စစ္ပြဲအဆုံးသတ္ေရးအေပၚ အာ႐ုံစိုက္ထားတဲ့စာတိုေတြကို အာဘတ္စ္ အာဂရာခ်ီက စတိဗ္ဝစ္ေအာ့ဖ္ကို ေပးပို႔ခဲ့တယ္လို႔လည္း Axios က ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါေပမယ့္လည္း အေမရိကန္ဘက္ကေတာ့ အီရန္ကို စကားေျပာဆိုခဲ့တာမ်ိဳး၊စာပို႔ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ အေမရိကန္ အရာရွိတစ္ဦးက Axios သတင္းစာကို ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ အီရန္က သေဘာတူညီခ်က္ တစ္ခုျပဳလုပ္လိုေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ နာရီအနည္းငယ္ အၾကာမွာ ယခုလိုမ်ိဳးအစီရင္ခံစာေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.