Palisade SUV ကားကြောင့် ကလေးငယ်တစ်ဦး သေဆုံးမှုဖြစ်ပွားပြီးနောက် Hyundai က အဆိုပါ ကားအစီးရေ ခုနှစ်သောင်းနီးပါးကို အရောင်းရပ်ဆိုင်းကာ ပြန်လည်သိမ်းဆည်း

393

ရောင်နီ (NP News) - မတ် ၁၇
Hyundai မော်တော်ကားကုမ္ပဏီက သူ့ရဲ့ ၂၀၂၆ မော်ဒယ် Palisade SUV ကားအသစ်အချို့မှာ ပါဝါထိုင်ခုံ (Power Seats) ချို့ယွင်းချက်ရှိနေကြောင်း တွေ့ရှိရပြီးနောက် အမေရိကန်နဲ့ ကနေဒါနိုင်ငံ ဈေးကွက်တွေမှာ အဆိုပါကားတွေကို အရောင်းရပ်ဆိုင်းကာ ပြန်လည်သိမ်းဆည်းသွားမယ်လို့ သောကြာနေ့(မတ်လ ၁၃ ရက်) မှာ ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်က အိုဟိုင်းယိုးပြည်နယ်မှာ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး Palisade SUV ကားအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိသေးပေမယ့် ဒီဖြစ်ရပ်ဟာ ကားရဲ့ပါဝါထိုင်ခုံစနစ် ချို့ယွင်းချက်နဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆရတာကြောင့် Hyundai က ယခုလို အရေးပေါ်ဆောင်ရွက်လိုက်ခြင်းဖြစ်ပါတယ်။ Hyundai ဘက်က သေဆုံးသူ ကလေးငယ်ရဲ့မိသားစုကို အလွန်ဝမ်းနည်းရပါကြောင်းနဲ့ လက်ရှိ အဆိုပါဖြစ်စဉ်ကို အသေးစိတ် စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြန်လည်သိမ်းဆည်းမယ့် ကားတွေမှာ အဓိကအားဖြင့် ၂၀၂၆ မော်ဒယ် Hyundai Palisade Limited နဲ့ Calligraphy မော်ဒယ်တွေ ပါဝင်မယ်လို့ သိရပါတယ်။ စုစုပေါင်း ကားအစီးရေ ၆၈,၅၀၀ ခန့် (အမေရိကန်မှ ၆ဝ,၅ဝဝ ၊ ကနေဒါ မှ ၈,၀၀၀ ခန့်) ပါဝင်မယ်လို့ သိရပါတယ်။ ကားအတွင်း အဓိကပြဿနာအနေနဲ့ ဒုတိယတန်းနဲ့ တတိယတန်းရှိ ပါဝါထိုင်ခုံတွေက ထိုင်ခုံခေါက်တဲ့အချိန်မှာ ခရီးသည် (သို့) အရာဝတ္ထုတွေနဲ့ထိတွေ့မိရင် ရပ်တန့် ရမည့်အစား အာရုံခံနိုင်စွမ်းမရှိဘဲ ဆက်လက်လည်ပတ်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
Hyundai က အဆိုပါပြဿနာကို ဖြေရှင်းဖို့အတွက် မတ်လကုန်မှစတင်ကာ စနစ်ရဲ့အာရုံခံတုံ့ပြန်မှုနဲ့ ဘေးကင်းရေးကိုမြှင့်တင်ပေးမယ့် Over-the-air (OTA) software update တစ်ခု ထုတ်ပေးဖို့ ပြင်ဆင်ခြင်း၊ ကား ပြန်လည်သိမ်းဆည်းမှု လုပ်ငန်းစဉ်အတွင်း သယ်ယူပို့ဆောင်ရေး အခက်အခဲရှိတဲ့ဖောက်သည်တွေအတွက် ငှားရမ်း ယာဉ်တွေ စီစဉ်ပေးခြင်းတို့ ပြုလုပ်ပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Zawgyi Version;
Palisade SUV ကားေၾကာင့္ ကေလးငယ္တစ္ဦး ေသဆုံးမႈျဖစ္ပြားၿပီးေနာက္ Hyundai က အဆိုပါ ကားအစီးေရ ခုႏွစ္ေသာင္းနီးပါးကို အေရာင္းရပ္ဆိုင္းကာ ျပန္လည္သိမ္းဆည္း
ေရာင္နီ (NP News) - မတ္ ၁၇
Hyundai ေမာ္ေတာ္ကားကုမၸဏီက သူ႔ရဲ႕ ၂၀၂၆ ေမာ္ဒယ္ Palisade SUV ကားအသစ္အခ်ိဳ႕မွာ ပါဝါထိုင္ခုံ (Power Seats) ခ်ိဳ႕ယြင္းခ်က္ရွိေနေၾကာင္း ေတြ႕ရွိရၿပီးေနာက္ အေမရိကန္နဲ႔ ကေနဒါႏိုင္ငံ ေဈးကြက္ေတြမွာ အဆိုပါကားေတြကို အေရာင္းရပ္ဆိုင္းကာ ျပန္လည္သိမ္းဆည္းသြားမယ္လို႔ ေသာၾကာေန႔(မတ္လ ၁၃ ရက္) မွာ ေၾကညာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ မတ္လ ၇ ရက္က အိုဟိုင္းယိုးျပည္နယ္မွာ အသက္ ၂ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦး Palisade SUV ကားအတြင္း အသက္ဆုံးရႈံးခဲ့ရတဲ့ျဖစ္ရပ္တစ္ခုျဖစ္ပြားခဲ့ပါတယ္။ အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အေသးစိတ္ အခ်က္အလက္ေတြကို ထုတ္ျပန္ျခင္း မရွိေသးေပမယ့္ ဒီျဖစ္ရပ္ဟာ ကားရဲ႕ပါဝါထိုင္ခုံစနစ္ ခ်ိဳ႕ယြင္းခ်က္နဲ႔ ဆက္စပ္ႏိုင္တယ္လို႔ ယူဆရတာေၾကာင့္ Hyundai က ယခုလို အေရးေပၚေဆာင္႐ြက္လိုက္ျခင္းျဖစ္ပါတယ္။ Hyundai ဘက္က ေသဆုံးသူ ကေလးငယ္ရဲ႕မိသားစုကို အလြန္ဝမ္းနည္းရပါေၾကာင္းနဲ႔ လက္ရွိ အဆိုပါျဖစ္စဥ္ကို အေသးစိတ္ စုံစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။
ျပန္လည္သိမ္းဆည္းမယ့္ ကားေတြမွာ အဓိကအားျဖင့္ ၂၀၂၆ ေမာ္ဒယ္ Hyundai Palisade Limited နဲ႔ Calligraphy ေမာ္ဒယ္ေတြ ပါဝင္မယ္လို႔ သိရပါတယ္။ စုစုေပါင္း ကားအစီးေရ ၆၈,၅၀၀ ခန႔္ (အေမရိကန္မွ ၆ဝ,၅ဝဝ ၊ ကေနဒါ မွ ၈,၀၀၀ ခန႔္) ပါဝင္မယ္လို႔ သိရပါတယ္။ ကားအတြင္း အဓိကျပႆနာအေနနဲ႔ ဒုတိယတန္းနဲ႔ တတိယတန္းရွိ ပါဝါထိုင္ခုံေတြက ထိုင္ခုံေခါက္တဲ့အခ်ိန္မွာ ခရီးသည္ (သို႔) အရာဝတၳဳေတြနဲ႔ထိေတြ႕မိရင္ ရပ္တန႔္ ရမည့္အစား အာ႐ုံခံႏိုင္စြမ္းမရွိဘဲ ဆက္လက္လည္ပတ္ေနတာကို ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။
Hyundai က အဆိုပါျပႆနာကို ေျဖရွင္းဖို႔အတြက္ မတ္လကုန္မွစတင္ကာ စနစ္ရဲ႕အာ႐ုံခံတုံ႔ျပန္မႈနဲ႔ ေဘးကင္းေရးကိုျမႇင့္တင္ေပးမယ့္ Over-the-air (OTA) software update တစ္ခု ထုတ္ေပးဖို႔ ျပင္ဆင္ျခင္း၊ ကား ျပန္လည္သိမ္းဆည္းမႈ လုပ္ငန္းစဥ္အတြင္း သယ္ယူပို႔ေဆာင္ေရး အခက္အခဲရွိတဲ့ေဖာက္သည္ေတြအတြက္ ငွားရမ္း ယာဥ္ေတြ စီစဥ္ေပးျခင္းတို႔ ျပဳလုပ္ေပးဖို႔ ရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။