မင်္ဂလာဒုံမြို့နယ် တွင် ယာဉ်(၃)စီး တိုက်မိရာ လိုက်ထရပ်ယာဉ်မောင်း အမျိုးသား(၁)ဦးသေဆုံး

 501

ထိုက်စံ (NP News) - မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ် တွင် ယာဉ်(၃)စီး တိုက်မိရာ အသက်(၃၇)နှစ်အရွယ် လိုက်ထရပ်ခ် ယာဉ်မောင်း အမျိုးသား(၁)ဦးသေဆုံးခဲ့ကြောင်း မာတာ ကူညီကယ်ဆယ်ရေး အသင်းထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မတ် ၁၆ ရက်) ၊ ညပိုင်း (၁၀)နာရီ (၁၀)မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရုံးမှတ်တိုင် အမှတ်(၃)လမ်းမ Terminal ဆီဆိုင် အနီးတွင် လိုက်ထရပ်ခ် ၊ တက္ကစီ နှင့် အမှိုက်သယ်သည့်သုံးဘီးတို့မှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လိုက်ထရပ် ကားသမားကတော့ အောက်ကိုရောက်နေတယ်။ သေနေတယ်။ ကားနှစ်စီး ခေါင်းချင်းညှပ်ပြီးတော့ပေါ့။ အမှိုက်ကျုံးတဲ့ သုံးဘီးသမား(၁)ယောက်ကတော့ ခေါင်းပေါက်တယ်။ နောက်တစ်ယောက်ကတော့ နောက်စိပေါက်တယ်” ဟု၎င်းကပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၃၇)နှစ်အရွယ် လိုက်ထရပ်ခ် ယာဉ်မောင်းအမျိုးသားမှာ ဖြစ်စဉ်တွင်သေဆုံးခဲ့ပြီး အခြားအမျိုးသား(၂ )ဦးတို့မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရသူအမျိုးသား( ၂ ) ဦးအား မာတာ ကူညီကယ်ဆယ်ရေးအသင်း နှင့် ကြယ်စင်မေတ္တာ အသင်း တို့မှ လူနာတင်ယာဉ်တို့ဖြင့် တင်ဆောင်၍လည်းကောင်း၊ သေဆုံးသူအမျိုးသားအား မင်္ဂလာဒုံ နာရေးကူညီမှုအသင်းမှ နာရေးယာဥ်ဖြင့်တင်ဆောင်၍ လည်းကောင်း မြောက်ဥက္ကလာပဆေးရုံကြီး(မေဓါဝီ)သို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည် ။

Zawgyi Version:
မဂၤလာဒုံၿမိဳ႕နယ္ တြင္ ယာဥ္(၃)စီး တိုက္မိရာ လိုက္ထရပ္ယာဥ္ေမာင္း အမ်ိဳးသား(၁)ဦးေသဆုံး
ထိုက္စံ (NP News) - မတ္ ၁၇
ရန္ကုန္တိုင္းေဒသႀကီး ၊ မဂၤလာဒုံၿမိဳ႕နယ္ တြင္ ယာဥ္(၃)စီး တိုက္မိရာ အသက္(၃၇)ႏွစ္အ႐ြယ္ လိုက္ထရပ္ခ္ ယာဥ္ေမာင္း အမ်ိဳးသား(၁)ဦးေသဆုံးခဲ့ေၾကာင္း မာတာ ကူညီကယ္ဆယ္ေရး အသင္းထံ ဆက္သြယ္ေမးျမန္းခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(မတ္ ၁၆ ရက္) ၊ ညပိုင္း (၁၀)နာရီ (၁၀)မိနစ္ အခ်ိန္ခန႔္က ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ႐ုံးမွတ္တိုင္ အမွတ္(၃)လမ္းမ Terminal ဆီဆိုင္ အနီးတြင္ လိုက္ထရပ္ခ္ ၊ တကၠစီ ႏွင့္ အမႈိက္သယ္သည့္သုံးဘီးတို႔မွ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“လိုက္ထရပ္ ကားသမားကေတာ့ ေအာက္ကိုေရာက္ေနတယ္။ ေသေနတယ္။ ကားႏွစ္စီး ေခါင္းခ်င္းညႇပ္ၿပီးေတာ့ေပါ့။ အမႈိက္က်ဳံးတဲ့ သုံးဘီးသမား(၁)ေယာက္ကေတာ့ ေခါင္းေပါက္တယ္။ ေနာက္တစ္ေယာက္ကေတာ့ ေနာက္စိေပါက္တယ္” ဟု၎ကေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္(၃၇)ႏွစ္အ႐ြယ္ လိုက္ထရပ္ခ္ ယာဥ္ေမာင္းအမ်ိဳးသားမွာ ျဖစ္စဥ္တြင္ေသဆုံးခဲ့ၿပီး အျခားအမ်ိဳးသား(၂ )ဦးတို႔မွာ ဦးေခါင္းေပါက္ၿပဲဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ဒဏ္ရာရသူအမ်ိဳးသား( ၂ ) ဦးအား မာတာ ကူညီကယ္ဆယ္ေရးအသင္း ႏွင့္ ၾကယ္စင္ေမတၱာ အသင္း တို႔မွ လူနာတင္ယာဥ္တို႔ျဖင့္ တင္ေဆာင္၍လည္းေကာင္း၊ ေသဆုံးသူအမ်ိဳးသားအား မဂၤလာဒုံ နာေရးကူညီမႈအသင္းမွ နာေရးယာဥ္ျဖင့္တင္ေဆာင္၍ လည္းေကာင္း ေျမာက္ဥကၠလာပေဆး႐ုံႀကီး(ေမဓါဝီ)သို႔ ပို႔ေဆာင္ ေပးခဲ့ေၾကာင္း သိရသည္ ။

Related news

© 2021. All rights reserved.