တစ်နှစ်ကျော်အကြာ ဧရာဝတီလည်ပြန် (သီးသန့်အင်တာဗျူး)

1386

သုတကျော် (NP News) - မတ်လ ၂ဝ
ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလတွင် AA နှင့် အပေါင်းပါ PDF တို့သည် ဧရာဝတီတိုင်းဒေသကြီး တွင် တိုက်ပွဲများဖော်ခဲ့ပြီး ယင်းနှင့်အတူ သတင်းမှားတည်းဟူသော အဆိပ်အတောက်များလည်း အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။ သို့သော် ဧရာဝတီတိုင်းကား ယခုထက်တိုင် အဆင်ပြေနေဆဲပင်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီတိုင်းသားဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ဧရာဝတီတိုင်း အရေး နှင့်ပတ်သက်၍ ဆောင်ရွက်တော်မူနေသော မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ အတွင်း ရေးမှူး ဦးသုစိတ္တထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
မေး - ပထမဆုံးမေးချင်တာက အင်တာနက် စာမျက်နှာတွေထက်မှာ ဧရာဝတီတိုင်းဟာ AA အဖွဲ့တွေ စိမ့်ဝင်နေတဲ့ဒေသလို့ ရေးတာတွေ့ရ ပါတယ်ဘုရား။ မြေပြင်အခြေအနေသိပါရစေဘုရား။
ဖြေ - သူတို့ကတော့ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ရေးနေကြတာလေ။ ဦးဇင်းက ဧရာဝတီသားစစ်စစ် ဖြစ်တဲ့အတွက် သူတို့ဆယ်လုံးပြောရင် မှန်တာက တစ်လုံးလောက်ပဲ ရှိတယ်။ ကိုးလုံးလောက်က အလွဲ တွေချည်းပဲလို့ ပြောချင်ပါတယ်။
မေး - လက်ရှိ ဧရာဝတီတိုင်းအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ - ဧရာဝတီရဲ့အခြေအနေက အကြမ်းဖက်မှုတွေ စတင်ခဲ့တည်းက တခြားသောတိုင်းနဲ့ ပြည်နယ်တွေလို အားတက်သရောမရှိဘူးဗျ။ အဲဒီမှာ သူ့အလုပ်သူ အဲဒီမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး တွေပဲ လုပ်ကြတယ်။ ဒါ နိုင်ငံရေးမှာပါတာတွေလည်း ရှိတာပေါ့။ အနည်းစုပါပဲ။ အများအားဖြင့်ကတော့ မရှိပါဘူး။ ဧရာဝတီက အခုလည်း ငြိမ်းချမ်းတယ်၊ အရင်ကလည်း ငြိမ်းချမ်းပါတယ်။
မေး - အခုဆို ဧရာဝတီတိုင်းဒေသကြီးက မြောက် စမ်းတို့ ဘာတို့နာမည်တွေဆို အရင်က သိပ်သိကြ ဘူးပေါ့ ဘုရား။ အခုတော့ သိလာကြပါတယ်။ ဆို တော့ အဲဒီဘက်က အခြေအနေတွေလည်း သိပါ ရစေ။
ဖြေ - မြောက်စမ်းဆိုတာက ဦးဇင်းတို့ ရေကြည်မြို့နယ်နဲ့ ငါးသိုင်းချောင်းမြို့နယ်ကြားက အမြောက်တပ်ပေါ့ဗျာ။ မြောက်စမ်း အမြောက်တပ် ရှိနေတဲ့အတွက် ဂွကိုကျော်ပြီးရင် ဗေဒါဂိတ်ဆိုတာ ရှိတယ်။ ဗေဒါဂိတ်ကိုကျော်ပြီးရင် မြောက်စမ်းကို ရောက်လာနိုင်တာပေါ့။ ဒါပေမဲ့ မြောက်စမ်းကို ရောက်ဖို့ နေနေသာ ဗေဒါဂိတ်ကိုလာတိုက်တဲ့ AA နဲ့ PDF တွေကို မြောက်စမ်းက အမြောက်တပ်ကြီး တစ်ခုလိုဖြစ်ထားတဲ့အတွက် ဒီလမ်းကြောင်းကနေ ဧရာဝတီဝင်ပေါက်အဖြစ်သုံးလို့မရပါဘူး။ အခု နာမည်ကြီးလာတယ်ဆိုတာက အမတ (၃၄၄) ဆိုတဲ့ မြောက်စမ်းလို အမြောက်တပ်ရှိနေတဲ့အတွက် လက် နက်ကိုင်သူပုန်တို့ဝင်လို့မရတဲ့အတွက် ဒီနေရာ ကြီးကို လူသိလာတာပေါ့။ လိုင်းပေါ်မှာတော့ ပြောကြမှာပေါ့။ ဦးဇင်းတို့က ဧရာဝတီသားဖြစ်တဲ့ အတွက် ဧရာဝတီနဲ့ ရန်ကုန်ကို ကူးချည်သန်းချည် လုပ်နေတာ။ သူတို့က မဟုတ်က ဟုတ်က ပြော လိုက်ပြီဆို ဧရာဝတီကို ချက်ချင်းဆင်းတာ။ ရေ ကြည်၊ အသုတ်၊ ငါးသိုင်းချောင်းဆို သုံးနာရီ၊ လေး နာရီ မောင်းရင်ရောက်တဲ့နေရာလေ။ အဲဒီတော့ သူတို့ ပြောသလောက်မဟုတ်ဘူးဆိုတာ အင်တာ နက်လူမှုကွန်ရက်ကနေ ပြန်ချပြတာပေါ့။
မေး - အင်တာနက်အပေါ်က သတင်းအဆိပ် အတောက်တွေဟာ ဧရာဝတီပြည်သူတွေအပေါ်မှာ ဘယ်လောက်အထိ အဆိပ်သင့်လဲ ဘုရား။
ဖြေ - ဘယ်လောက်အထိ အဆိပ်သင့်လဲဆိုရင် ရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင် သတင်းတုတွေက လက်ဦးမှု ရယူတယ်ဗျ။ ရိုးသား ကြိုးစား ဧရာဝတီသား ဆိုတဲ့ စကားနဲ့အညီ ရိုးသားကြတဲ့အတွက် ဒီ သတင်း တွေ တက်လာတဲ့အချိန်မှာ ဒီသတင်းကို အတုလို့ မသိကြဘူး။ မသိတဲ့အတွက် တကယ်ထင်ကြတယ်။ ဥပမာ-ရေကြည်မြို့နယ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ပစ်လိုက်တာ လူပေါင်း (၂၄)ယောက် သေသွားပါတယ် ဆိုပြီးတော့ ဝါဒဖြန့်ခဲ့တာ ရှိတယ်။ အဲဒါကို ရေကြည်ကမဟုတ်တဲ့ ကျုံပျော်၊ ကျောင်း ကုန်း၊ ဟင်္သာတ၊ လေးမျက်နှာ အစရှိသဖြင့် မြို့နယ် တွေမှာရှိတဲ့ ဧရာဝတီသူ၊ ဧရာဝတီသားတွေက မသိ တဲ့အတွက် ယုံကြတယ်။ တချို့သိနေတဲ့သူတွေကျ တော့လည်း ဒါမဖြစ်နိုင်ပါဘူးပေါ့။ အဲဒီမှာ ဘာဖြစ် လာလဲဆိုတော့ တကယ်တမ်း ရေကြည်မှာကျတော့ အဲဒီလိုသေသွားတယ်ဆိုတာ ငါတို့တောင် မသိလိုက်ရပါလား ဆိုပြီး ဖြစ်တယ်။ အနီးအနား က မြို့တွေကျတော့ သတင်းအဆိပ်အတောက်တွေ ဖြစ်ပြီးတော့ တကယ်ယုံကြတယ်။ တကယ် ရေကြည် သူ၊ ရေကြည်သားတွေကျတော့ သူတို့ လိုင်းပေါ်မှာသာ လျှောက်အော်နေကြတာ ငါတို့မှာကျတော့ မသိ လိုက်ဘူး၊ ဒါကြီးက မဟုတ်ဘူးဆိုတာ တကယ့် သက် ဆိုင်တဲ့ မြို့တွေကပဲ သိတယ်။ နည်းနည်း ဝေးသွားတဲ့ မြို့တွေကကျတော့ မသိတော့ဘူး။ သူတို့ ဝါဒမှိုင်း ဖြန့်တာက ထိရောက်တယ်။ အဲဒီအတွက် ဦးဇင်းတို့ ဒီဘက်ကနေလည်း သတင်းအတုတွေ၊ သတင်းအမှား တွေကို သတင်းအမှန် အချိန်နဲ့ တစ်ပြေးညီ ပြန်ချပေး ဖို့ လိုအပ်တယ်လို့ မြင်နေတယ်ဗျ။
မေး - AA ဟာ အစောပိုင်းကာလတွေတုန်းက ဧရာဝတီတိုင်းကို အတော်လေးပဲ စိမ့်ဝင်နိုင်ခဲ့တဲ့ အခြေအနေရှိလား ဘုရား။
ဖြေ - တော်တော်လေး စိမ့်ဝင်နိုင်ခဲ့သလား ဆိုတော့ သုံးနေရာ ရှိတယ်ဗျ။ မကွေးတိုင်း ပုသိမ် - မုံရွာလမ်း ဘက်ကနေ ဝင်လို့ရတဲ့ တစ်နေရာ၊ နောက်တစ်ခါ ဧရာဝတီတိုင်း အစွန်း ဗေဒါဂိတ်ရှိတယ်။ သီတာ ကုန်းပြင်အနီးပေါ့။ AA အနေနဲ့က အဲဒီလမ်း ကြောင်းက ဝင်မယ်ဆို စိတ်ကူးပဲရှိပါတယ်။ သူတို့ ဝင်မယ်ဆိုရင် ဦးဇင်းတို့ ဧရာဝတီတိုင်းမှာ သာပေါင်း မြို့နယ်ဆိုတာ ရှိပါတယ်။ သာပေါင်းမြို့နယ် ဆိုတာ ရေကြည်မြို့နယ်အဆုံး သာပေါင်းမြို့နယ်ပေါ့။ တော လမ်း တောင်လမ်းရှိတယ်။ ရေလမ်းရှိတယ်။ အဲဒီက နေ အနည်းအပါးပေါ သွေးတိုးစမ်းတာမျိုးရှိတယ်။ AA က အလုံးအရင်းနဲ့ ဝင်လာတာမျိုးတော့ အခုချိန် အထိ မရှိပါဘူးဗျ။
မေး - အင်တာနက်မှာ သတင်းတချို့အဆိုအရ ဧရာဝတီတိုင်းမှာ AA ရဲ့ ခြေကုပ်စခန်းမျိုးရှိတယ်လို့ ဆိုပါတယ် ဘုရား။ အဲဒါ ဟုတ်ပါသလား။
ဖြေ - ဧရာဝတီမှာ မရနိုင်ဘူး။ ဧရာဝတီသူ၊ ဧရာဝတီ သားက နိုင်ငံရေးက နိုင်ငံရေးတစ်ပိုင်းပဲ။ ဒီလို လက် နက်ကိုင် အကြမ်းဖက်လာတဲ့ ကိစ္စတွေမှာ အားမပေး တဲ့သူတွေက အများကြီးပဲ။ စစ်ခေါ်လို့ စစ်လာရင် ဒုက္ခရောက်တယ်ဆိုတာကို ဧရာဝတီသားတွေက ကောင်းကောင်းသိတယ်ဗျ။ ဒီ AA တို့ PDF တို့က ကြီးကြီးကျယ်ကျယ် စစ်စခန်းလိုမျိုး အခြေချပြီးတော့ လုပ်မယ်ဆိုတဲ့ နေရာမျိုးက မရှိဖို့ကို များပါတယ်ဗျာ။ လိုင်းပေါ်မှာတင်တဲ့ ဧရာဝတီမှာ တပ်ရင်းဘယ် လောက်ဖွဲ့စည်းပြီးပြီဆိုတဲ့ နေရာတွေကို ကြည့်လိုက် မယ် ဆိုရင် ဧရာဝတီတိုင်း မဟုတ်ပါဘူးဗျ။ မကွေး တိုင်းတို့ အဲဒီလိုနေရာတွေကနေ ဗီဒီယိုရိုက်တင် တာလို့ပဲ သိတယ်။ ဦးဇင်းတို့ကိုယ်တိုင် ဧရာဝတီနဲ့ ပတ်သက်လို့ ပုသိမ်၊ ပုသိမ်ရဲ့ဟိုဘက် ငပုတောတို့ အဲဒီဘက်မှာရှိတဲ့ မြို့နယ်တော် တော်များများရောက် တယ်။ တကယ်လို့ သူတို့လုပ်မယ်ဆိုရင်တောင် သာ ပေါင်းမြို့နယ်ဆိုတာက ရခိုင်ပြည်နယ်နဲ့အစပ်၊ တောင်အတက်၊ အဆင်းပေါ့နော် အဲဒီလို နေရာမျိုးမှာပဲ သူတို့ စခန်းသေးသေးလေးတွေ လုပ်လို့ ရကောင်းနိုင်တယ်။ စစ်စခန်းကြီးတွေသဖွယ် တပ်မဟာဘယ်လောက်တို့၊ တပ်ရင်း ဘယ်လောက်တို့ ဆိုတာကတော့ ခုနက ဦးဇင်းပြောသလိုပဲ စိတ်ကူး ယဉ်လို့ပဲ ရမယ်။ လက်တွေ့မှာ အဝေးကြီးပါ။
မေး - ဧရာဝတီတိုင်းဒေသကြီးမှာ လက်နက်ကိုင် တွေက ဘာလို့ ခုနကလိုမျိုးအခြေချမရတာလဲ ဘုရား။
ဖြေ - ဘာကြောင့် အခြေချမရတာလဲဆိုတာ ဦးဇင်း မြင်တဲ့အချက်တွေရှိတယ်။ နံပါတ်တစ်အချက် ကတော့ ခုနက ပြောတဲ့အထဲမှာပါပါတယ်။ ဧရာဝတီသူ၊ ဧရာဝတီသားတွေက စစ်ဘေး၊ စစ်ဒဏ် ကို သိတယ်ဗျ။ စစ်ခေါ်လို့စစ်လာပြီဆိုရင် ဒုက္ခ ရောက်မယ်ဆိုတာသိတယ်။ စစ်လာပြီဆိုရင် စီးပွား ရေး လုပ်လို့မရဘူး။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဲဒီဟာတွေ ဘာမှလုပ်လို့မရဘူးဆိုတဲ့ အချက်တစ် ချက်။ ဒုတိယအချက်ကတော့ အကြမ်းဖက်ကို အား ပေးတဲ့သူတွေ အခြေချဖို့အတွက် ဧရာဝတီက ရေခံ မြေခံ မကောင်းဘူးဗျ။ ရေခံမြေခံမကောင်းဘူး ဆိုတာ တောတောင် မရှိဘူး။ ဧရာဝတီဟာ မြေပြန့်ဖြစ်တယ်။ နောက်တစ်ခါ သူတို့ကို ကာပေးထားမယ့် ဥပမာ စစ် ကိုင်းတိုင်းဆို ကလေးတို့၊ တမူးတို့ အိန္ဒိယနယ်စပ် တို့ ထွက်ပြေးလို့ရတယ်။ ကရင်ပြည်နယ်လို ဟာမျိုး ဆိုလည်း ထိုင်းနယ်စပ်တို့ ထွက်ပြေးလို့ရတယ်။ ဧရာဝတီမှာတော့ အဲဒီလိုမရှိဘူး။ ခြေကုပ်ယူဖို့ နောက်ခံ ကောင်းကောင်းမရှိဘူး။ အဲဒီတော့ သူတို့က ဒီမှာ ဧရာဝတီမှာ ဒီလိုစခန်းထောင်မယ်ဆိုရင် တပ်မ တော် လက်ခုပ်ထဲကရေဖြစ်သွားမှာ။ တပ်မတော် ချေမှုန်းတာနဲ့ ပြားပြားညပ်ညပ် ဖြစ်သွားမှာ။ နှစ်အ ချက်အနေနဲ့ကတော့ ဧရာဝတီမှာ အဲဒါကြောင့် ယူလို့ မရဘူး။ နောက်တစ်ခါ လားရှိုးတို့ ဘာတို့ ကျသွား တယ်ဗျ။ လားရှိုးဆိုတာ လက်နက်ကိုင်တွေ၊ အကြမ်း ဖက်တွေကို အားပေးတဲ့သူ တစ်ပုံကြီးရှိတယ်။ သူတို့ ကိုယ်တိုင် လက်နက်သာမကိုင်တာ အကြမ်းဖက် များ တယ်။ ဧရာဝတီမှာ အကြမ်းဖက်အားပေးတာ အဲဒီ လောက်မရှိသလို ဧရာဝတီမှာအကြမ်းဖက်ကို ခြေ ကုပ်ယူဖို့လက်မခံဘူး။ ဧရာဝတီမှာ စစ်စခန်းတို့ ဘာတို့ဆိုတာ ချဖို့မလွယ်သလို ခြေကုပ်ယူဖို့လည်း မလွယ်ဘူး။ အဲဒီ အချက်သုံးချက်ကြောင့် ဧရာဝတီမှာ ကြီးကြီးမားမား ခြေကုပ်ယူလို့မရဘူး။ ဧရာဝတီသား တစ်ယောက်အနေနဲ့ ဒါကို ဦးဇင်းပြောချင်ပါတယ်။
မေး - ဧရာဝတီသားတစ်ယောက်အနေနဲ့ AA ဟာ ဘာကြောင့် ကိုယ့်တိုင်းကို အခုလို ထိကပါးရိကပါး လုပ်ချင်တယ်လို့ မြင်ပါသလဲ ဘုရား။
ဖြေ - သွေးတိုး စမ်းကြည့်တာပေါ့ဗျာ။ AA ဆိုတာ မနေ့တနေ့က ပေါ်လာတဲ့၊ KIA ရဲ့ မွေးစားသား အဆင့်ပဲ ရှိပါတယ်။ AA ဆိုတာ နှစ်ပေါင်းအားဖြင့် ဘာမှမရှိသေးပါဘူး။ သူတို့က အခုနောက်ပိုင်းမှာ ဘာလုပ်လဲဆိုတော့ နိုင်ငံရေးမကောင်းတဲ့ အချိန်မှာ ဘုံဆွမ်းဝိုင်းလောင်းတာပေါ့ဗျာ။ အရင်ကတည်းက AA ဆိုတာ တပ်မတော်ရဲ့အပေါ်မှာ အမြင်မကြည် လင်ဘူး။ သူတို့က အဖရခိုင်နိုင်ငံနဲ့ ဒို့တာဝန်အရေး သုံးပါးကို အလေးမထားတဲ့သူတွေလေ။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး စတဲ့ ဒို့တာဝန် အရေးသုံးပါးကို ဥပေက္ခာ ပြုပြီး ရခိုင့်နိုင်ငံကို ထူထောင်ချင်တဲ့သူတွေဖြစ် တယ်။ လက်နက်အင်အား၊ လူအင်အားလေးကလည်း အသင့်အတင့် စုမိလာတဲ့အချိန်၊ နိုင်ငံရေးအခင်းအ ကျင်းကြီး ဖြစ်လာတဲ့အချိန် တပ်မတော်မှာ ဘက် ပေါင်းစုံ ရန်သူတွေဝိုင်းနေတဲ့အချိန်မှာ သူတို့တွေ လုပ်နိုင်တယ်ဆိုတဲ့ အချိန်မျိုးနဲ့ မြို့နယ်ပေါင်း (၁၇) မြို့နယ်မှာ (၁၄) မြို့နယ်ကိုသိမ်းပြတယ်။ စစ်တွေတို့၊ ကျောက်ဖြူတို့၊ မာန်အောင် တို့ ကျန်တယ်လေ။ ဦးဇင်းက ပြောချင်ပါတယ် ဒါ တပ်မတော်က ပေးလို့ ရတာ။ မပေးရင် မရဘူး။ တကယ်တိုက်ယူလို့ရရင် ဒီသုံးမြို့နယ်ကို ဘာလို့မရတာလဲ။ ရှင်းရှင်းလေးပါ မပေးလို့ မရတာ။ အခု သိမ်းထားတဲ့ မြို့နယ်တွေက လည်း ခဏပဲ။ သူတို့ ရခိုင်ပြည်နယ်ထဲတင် မဟုတ်ဘူး ဧရာဝတီတိုင်းကိုလည်း လုပ်ပြမယ်လို့ ပြောတဲ့အခါ ဧရာဝတီ တိုင်းသူ၊ တိုင်းသားတွေက ဗဗ သင်္ချိုင်း ဧရာတိုင်းလို့ ပြောကြတယ်။ ဦးဇင်းတို့ ကိုယ်တိုင်ကလည်း ရဟန်း၊ သံဃာတွေ ဖြစ်တဲ့ အတွက် သူ့အသက်ကို သတ်လို့မရဘူး။ တိုင်းပြည် ငြိမ်းချမ်းဖို့၊ ပြည်သားတွေ အေးအေးဆေး ဆေးနေရဖို့ ဧရာဝတီတိုင်းကို မထိနဲ့။ ထိရင်တော့ လူထွက်ပြီး သေနတ်ကိုင်တိုက်မယ်လို့ ဆိုရှယ်မီဒီယာ တွေမှာ တင်ခဲ့ကြသလို ဧရာဝတီသူ အမျိုးသမီးတွေ ကလည်း ဒီအတိုင်းပါပဲ။ အမျိုးသားတွေက စစ်ထွက် တိုက်ရင် နောက်ကနေ ထမင်းထုပ်ချက်ပြီး ထမင်း ထုပ်ထမ်းပို့မယ်ဆိုတဲ့သူတွေ အဲဒီလိုလူတွေ အများ ကြီး ပေါ်လာတယ်။ လက်နက် မရှိဘူးနော်။ လက်နက် မရှိပေမယ့် ဧရာဝတီသူ၊ ဧရာဝတီသားတွေရဲ့ စိတ်။ ငြိမ်းချမ်းနေတဲ့ ဧရာဝတီတိုင်းကို လာထိရင် ငုံ့မခံဘူး၊ တုံ့ပြန်မယ်ဆိုတဲ့ စိတ်မျိုးရှိတဲ့အတွက် ခြိမ်းပဲ ခြိမ်းလို့ ရတယ် ရွာခွင့်မရတဲ့ မိုးလိုပါပဲ။ မရပါဘူး။
မေး - NUG ဟာလည်း ဧရာဝတီမှာ အတော်လေးကို သူတို့ အမာခံနယ်မြေထူထောင်ချင်နေတာ တွေ့ရ ပါတယ်။
ဖြေ - သူတို့က အရင်တည်းက လေလှိုင်းအစိုးရလေ။ NUG ရုံးစိုက်ရာ၊ NUG ရုံး ဘယ်မှာလဲ။ ဘယ်ဌာနမှာလည်း။ NUG ပါဆိုတဲ့သူတွေတောင် ရုံးခန်းကန္နား မရှိတဲ့ဟာ အစိုးရတစ်ရပ်ကို ဖန်တီးခွင့် ရတယ်။ လက်တွေ့မှာကျတော့ မရဘူးလေ။ အဲဒီလို လူတွေက ဧရာဝတီတိုင်းမှာ ရုံးတွေ တည်ဆောက်မယ် ဆိုတာ မဖြစ်နိုင်ဘူးလေ။ အဲဒီတော့ တိုင်းနဲ့ ပြည်နယ် (၁၄)ခုမှာ အငြိမ်းချမ်းဆုံး၊ အကြမ်းဖက်ကို လက်မခံ ဆုံးကလည်း ဧရာဝတီတိုင်းပဲ။ ဒါကြောင့်မို့လို သူတို့ က ဒလန်ဝတီတိုင်း ပြောတာ။ သူတို့ပြောတဲ့ ဒလန် လည်း မဟုတ်ဘူး။ မငြိမ်းချမ်းတဲ့ အရပ်ဒေသတွေကို ကြည့်ပြီးတော့ ငါတို့ဧရာဝတီတိုင်းမှာ ဒီလို မငြိမ် မချမ်းဖြစ်ခဲ့ရင်ဆိုတာ တွေးတယ်လေ။NUG က လည်း လေလှိုင်းပေါ်မှာပဲ တိုက်ဆောက်လို့ ရပါမယ်။ ဧရာဝတီမှာ တိုက်လာဆောက်လို့ မရပါဘူးဆိုတာ ပြောချင်ပါတယ်။
မေး - ဧရာဝတီနဲ့ ပတ်သက်လို့ လက်နက်ကိုင်တွေ ဧရာဝတီမှာ ခြေချမယ်လို့ ခြိမ်းခြောက်နေတာမျိုးနဲ့ ပတ်သက်လို့ ဘာများမိန့်ကြားချင်ပါသလဲဘုရား။
ဖြေ - ဧရာဝတီသားတွေရဲ့ စိတ်ကို ခြိမ်းခြောက်တာက မထိခိုက်ဘူးဗျ။ အပျင်းဖြေပေးတယ်လို့ သဘော ထားတယ်ဗျ။ ပြောချင်တာက ခွေးဆိုတာ ဟောင်တဲ့ ခွေးက မကိုက်ဘူးဗျ။ မဟောင်တဲ့ ခွေးက ကိုက်တယ် ဗျ။ အဲဒီလိုဟောင်လေ မကိုက်ရဲဘူးဆိုတာ သိတယ်။ ဒါပေမဲ့ မိုးမပြို ပြိုခဲ့သည်ရှိသော်။ စိတ်ရူးပေါက်ပြီး ကိုက်ခဲ့မယ်ဆိုရင်လည်း အဆင်သင့်ရှိနေတယ် ဆို တာ ပြောချင်ပါတယ်။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဘုရား။

Zawgyi Version;
တစ္ႏွစ္ေက်ာ္အၾကာ ဧရာဝတီလည္ျပန္ (သီးသန႔္အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - မတ္လ ၂ဝ
ၿပီးခဲ့သည့္ တစ္ႏွစ္ေက်ာ္ကာလတြင္ AA ႏွင့္ အေပါင္းပါ PDF တို႔သည္ ဧရာဝတီတိုင္းေဒသႀကီး တြင္ တိုက္ပြဲမ်ားေဖာ္ခဲ့ၿပီး ယင္းႏွင့္အတူ သတင္းမွားတည္းဟူေသာ အဆိပ္အေတာက္မ်ားလည္း အင္တာနက္တြင္ ပ်ံ႕ႏွံ႔ခဲ့သည္။ သို႔ေသာ္ ဧရာဝတီတိုင္းကား ယခုထက္တိုင္ အဆင္ေျပေနဆဲပင္။ အဆိုပါ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ဧရာဝတီတိုင္းသားျဖစ္ၿပီး လက္ရွိအခ်ိန္တြင္လည္း ဧရာဝတီတိုင္း အေရး ႏွင့္ပတ္သက္၍ ေဆာင္႐ြက္ေတာ္မူေနေသာ မ်ိဳးခ်စ္ျမန္မာရဟန္းေတာ္မ်ားသမဂၢ(ရန္ကုန္)၏ အတြင္း ေရးမႉး ဦးသုစိတၱထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ ေဖာ္ျပအပ္ပါသည္။
ေမး - ပထမဆုံးေမးခ်င္တာက အင္တာနက္ စာမ်က္ႏွာေတြထက္မွာ ဧရာဝတီတိုင္းဟာ AA အဖြဲ႕ေတြ စိမ့္ဝင္ေနတဲ့ေဒသလို႔ ေရးတာေတြ႕ရ ပါတယ္ဘုရား။ ေျမျပင္အေျခအေနသိပါရေစဘုရား။
ေျဖ - သူတို႔ကေတာ့ တစ္စိတ္ကို တစ္အိတ္လုပ္ၿပီး ေရးေနၾကတာေလ။ ဦးဇင္းက ဧရာဝတီသားစစ္စစ္ ျဖစ္တဲ့အတြက္ သူတို႔ဆယ္လုံးေျပာရင္ မွန္တာက တစ္လုံးေလာက္ပဲ ရွိတယ္။ ကိုးလုံးေလာက္က အလြဲ ေတြခ်ည္းပဲလို႔ ေျပာခ်င္ပါတယ္။
ေမး - လက္ရွိ ဧရာဝတီတိုင္းအေျခအေနက ဘယ္လိုရွိပါသလဲ။
ေျဖ - ဧရာဝတီရဲ႕အေျခအေနက အၾကမ္းဖက္မႈေတြ စတင္ခဲ့တည္းက တျခားေသာတိုင္းနဲ႔ ျပည္နယ္ေတြလို အားတက္သေရာမရွိဘူးဗ်။ အဲဒီမွာ သူ႔အလုပ္သူ အဲဒီမွာ စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊ ဘာသာေရး ေတြပဲ လုပ္ၾကတယ္။ ဒါ ႏိုင္ငံေရးမွာပါတာေတြလည္း ရွိတာေပါ့။ အနည္းစုပါပဲ။ အမ်ားအားျဖင့္ကေတာ့ မရွိပါဘူး။ ဧရာဝတီက အခုလည္း ၿငိမ္းခ်မ္းတယ္၊ အရင္ကလည္း ၿငိမ္းခ်မ္းပါတယ္။
ေမး - အခုဆို ဧရာဝတီတိုင္းေဒသႀကီးက ေျမာက္ စမ္းတို႔ ဘာတို႔နာမည္ေတြဆို အရင္က သိပ္သိၾက ဘူးေပါ့ ဘုရား။ အခုေတာ့ သိလာၾကပါတယ္။ ဆို ေတာ့ အဲဒီဘက္က အေျခအေနေတြလည္း သိပါ ရေစ။
ေျဖ - ေျမာက္စမ္းဆိုတာက ဦးဇင္းတို႔ ေရၾကည္ၿမိဳ႕နယ္နဲ႔ ငါးသိုင္းေခ်ာင္းၿမိဳ႕နယ္ၾကားက အေျမာက္တပ္ေပါ့ဗ်ာ။ ေျမာက္စမ္း အေျမာက္တပ္ ရွိေနတဲ့အတြက္ ဂြကိုေက်ာ္ၿပီးရင္ ေဗဒါဂိတ္ဆိုတာ ရွိတယ္။ ေဗဒါဂိတ္ကိုေက်ာ္ၿပီးရင္ ေျမာက္စမ္းကို ေရာက္လာႏိုင္တာေပါ့။ ဒါေပမဲ့ ေျမာက္စမ္းကို ေရာက္ဖို႔ ေနေနသာ ေဗဒါဂိတ္ကိုလာတိုက္တဲ့ AA နဲ႔ PDF ေတြကို ေျမာက္စမ္းက အေျမာက္တပ္ႀကီး တစ္ခုလိုျဖစ္ထားတဲ့အတြက္ ဒီလမ္းေၾကာင္းကေန ဧရာဝတီဝင္ေပါက္အျဖစ္သုံးလို႔မရပါဘူး။ အခု နာမည္ႀကီးလာတယ္ဆိုတာက အမတ (၃၄၄) ဆိုတဲ့ ေျမာက္စမ္းလို အေျမာက္တပ္ရွိေနတဲ့အတြက္ လက္ နက္ကိုင္သူပုန္တို႔ဝင္လို႔မရတဲ့အတြက္ ဒီေနရာ ႀကီးကို လူသိလာတာေပါ့။ လိုင္းေပၚမွာေတာ့ ေျပာၾကမွာေပါ့။ ဦးဇင္းတို႔က ဧရာဝတီသားျဖစ္တဲ့ အတြက္ ဧရာဝတီနဲ႔ ရန္ကုန္ကို ကူးခ်ည္သန္းခ်ည္ လုပ္ေနတာ။ သူတို႔က မဟုတ္က ဟုတ္က ေျပာ လိုက္ၿပီဆို ဧရာဝတီကို ခ်က္ခ်င္းဆင္းတာ။ ေရ ၾကည္၊ အသုတ္၊ ငါးသိုင္းေခ်ာင္းဆို သုံးနာရီ၊ ေလး နာရီ ေမာင္းရင္ေရာက္တဲ့ေနရာေလ။ အဲဒီေတာ့ သူတို႔ ေျပာသေလာက္မဟုတ္ဘူးဆိုတာ အင္တာ နက္လူမႈကြန္ရက္ကေန ျပန္ခ်ျပတာေပါ့။
ေမး - အင္တာနက္အေပၚက သတင္းအဆိပ္ အေတာက္ေတြဟာ ဧရာဝတီျပည္သူေတြအေပၚမွာ ဘယ္ေလာက္အထိ အဆိပ္သင့္လဲ ဘုရား။
ေျဖ - ဘယ္ေလာက္အထိ အဆိပ္သင့္လဲဆိုရင္ ရာခိုင္ႏႈန္းနဲ႔ေျပာမယ္ဆိုရင္ သတင္းတုေတြက လက္ဦးမႈ ရယူတယ္ဗ်။ ႐ိုးသား ႀကိဳးစား ဧရာဝတီသား ဆိုတဲ့ စကားနဲ႔အညီ ႐ိုးသားၾကတဲ့အတြက္ ဒီ သတင္း ေတြ တက္လာတဲ့အခ်ိန္မွာ ဒီသတင္းကို အတုလို႔ မသိၾကဘူး။ မသိတဲ့အတြက္ တကယ္ထင္ၾကတယ္။ ဥပမာ-ေရၾကည္ၿမိဳ႕နယ္မွာ စစ္ေကာင္စီက ေလယာဥ္နဲ႔ပစ္လိုက္တာ လူေပါင္း (၂၄)ေယာက္ ေသသြားပါတယ္ ဆိုၿပီးေတာ့ ဝါဒျဖန႔္ခဲ့တာ ရွိတယ္။ အဲဒါကို ေရၾကည္ကမဟုတ္တဲ့ က်ဳံေပ်ာ္၊ ေက်ာင္း ကုန္း၊ ဟသၤာတ၊ ေလးမ်က္ႏွာ အစရွိသျဖင့္ ၿမိဳ႕နယ္ ေတြမွာရွိတဲ့ ဧရာဝတီသူ၊ ဧရာဝတီသားေတြက မသိ တဲ့အတြက္ ယုံၾကတယ္။ တခ်ိဳ႕သိေနတဲ့သူေတြက် ေတာ့လည္း ဒါမျဖစ္ႏိုင္ပါဘူးေပါ့။ အဲဒီမွာ ဘာျဖစ္ လာလဲဆိုေတာ့ တကယ္တမ္း ေရၾကည္မွာက်ေတာ့ အဲဒီလိုေသသြားတယ္ဆိုတာ ငါတို႔ေတာင္ မသိလိုက္ရပါလား ဆိုၿပီး ျဖစ္တယ္။ အနီးအနား က ၿမိဳ႕ေတြက်ေတာ့ သတင္းအဆိပ္အေတာက္ေတြ ျဖစ္ၿပီးေတာ့ တကယ္ယုံၾကတယ္။ တကယ္ ေရၾကည္ သူ၊ ေရၾကည္သားေတြက်ေတာ့ သူတို႔ လိုင္းေပၚမွာသာ ေလွ်ာက္ေအာ္ေနၾကတာ ငါတို႔မွာက်ေတာ့ မသိ လိုက္ဘူး၊ ဒါႀကီးက မဟုတ္ဘူးဆိုတာ တကယ့္ သက္ ဆိုင္တဲ့ ၿမိဳ႕ေတြကပဲ သိတယ္။ နည္းနည္း ေဝးသြားတဲ့ ၿမိဳ႕ေတြကက်ေတာ့ မသိေတာ့ဘူး။ သူတို႔ ဝါဒမႈိင္း ျဖန႔္တာက ထိေရာက္တယ္။ အဲဒီအတြက္ ဦးဇင္းတို႔ ဒီဘက္ကေနလည္း သတင္းအတုေတြ၊ သတင္းအမွား ေတြကို သတင္းအမွန္ အခ်ိန္နဲ႔ တစ္ေျပးညီ ျပန္ခ်ေပး ဖို႔ လိုအပ္တယ္လို႔ ျမင္ေနတယ္ဗ်။
ေမး - AA ဟာ အေစာပိုင္းကာလေတြတုန္းက ဧရာဝတီတိုင္းကို အေတာ္ေလးပဲ စိမ့္ဝင္ႏိုင္ခဲ့တဲ့ အေျခအေနရွိလား ဘုရား။
ေျဖ - ေတာ္ေတာ္ေလး စိမ့္ဝင္ႏိုင္ခဲ့သလား ဆိုေတာ့ သုံးေနရာ ရွိတယ္ဗ်။ မေကြးတိုင္း ပုသိမ္ - မုံ႐ြာလမ္း ဘက္ကေန ဝင္လို႔ရတဲ့ တစ္ေနရာ၊ ေနာက္တစ္ခါ ဧရာဝတီတိုင္း အစြန္း ေဗဒါဂိတ္ရွိတယ္။ သီတာ ကုန္းျပင္အနီးေပါ့။ AA အေနနဲ႔က အဲဒီလမ္း ေၾကာင္းက ဝင္မယ္ဆို စိတ္ကူးပဲရွိပါတယ္။ သူတို႔ ဝင္မယ္ဆိုရင္ ဦးဇင္းတို႔ ဧရာဝတီတိုင္းမွာ သာေပါင္း ၿမိဳ႕နယ္ဆိုတာ ရွိပါတယ္။ သာေပါင္းၿမိဳ႕နယ္ ဆိုတာ ေရၾကည္ၿမိဳ႕နယ္အဆုံး သာေပါင္းၿမိဳ႕နယ္ေပါ့။ ေတာ လမ္း ေတာင္လမ္းရွိတယ္။ ေရလမ္းရွိတယ္။ အဲဒီက ေန အနည္းအပါးေပါ ေသြးတိုးစမ္းတာမ်ိဳးရွိတယ္။ AA က အလုံးအရင္းနဲ႔ ဝင္လာတာမ်ိဳးေတာ့ အခုခ်ိန္ အထိ မရွိပါဘူးဗ်။
ေမး - အင္တာနက္မွာ သတင္းတခ်ိဳ႕အဆိုအရ ဧရာဝတီတိုင္းမွာ AA ရဲ႕ ေျခကုပ္စခန္းမ်ိဳးရွိတယ္လို႔ ဆိုပါတယ္ ဘုရား။ အဲဒါ ဟုတ္ပါသလား။
ေျဖ - ဧရာဝတီမွာ မရႏိုင္ဘူး။ ဧရာဝတီသူ၊ ဧရာဝတီ သားက ႏိုင္ငံေရးက ႏိုင္ငံေရးတစ္ပိုင္းပဲ။ ဒီလို လက္ နက္ကိုင္ အၾကမ္းဖက္လာတဲ့ ကိစၥေတြမွာ အားမေပး တဲ့သူေတြက အမ်ားႀကီးပဲ။ စစ္ေခၚလို႔ စစ္လာရင္ ဒုကၡေရာက္တယ္ဆိုတာကို ဧရာဝတီသားေတြက ေကာင္းေကာင္းသိတယ္ဗ်။ ဒီ AA တို႔ PDF တို႔က ႀကီးႀကီးက်ယ္က်ယ္ စစ္စခန္းလိုမ်ိဳး အေျခခ်ၿပီးေတာ့ လုပ္မယ္ဆိုတဲ့ ေနရာမ်ိဳးက မရွိဖို႔ကို မ်ားပါတယ္ဗ်ာ။ လိုင္းေပၚမွာတင္တဲ့ ဧရာဝတီမွာ တပ္ရင္းဘယ္ ေလာက္ဖြဲ႕စည္းၿပီးၿပီဆိုတဲ့ ေနရာေတြကို ၾကည့္လိုက္ မယ္ ဆိုရင္ ဧရာဝတီတိုင္း မဟုတ္ပါဘူးဗ်။ မေကြး တိုင္းတို႔ အဲဒီလိုေနရာေတြကေန ဗီဒီယို႐ိုက္တင္ တာလို႔ပဲ သိတယ္။ ဦးဇင္းတို႔ကိုယ္တိုင္ ဧရာဝတီနဲ႔ ပတ္သက္လို႔ ပုသိမ္၊ ပုသိမ္ရဲ႕ဟိုဘက္ ငပုေတာတို႔ အဲဒီဘက္မွာရွိတဲ့ ၿမိဳ႕နယ္ေတာ္ ေတာ္မ်ားမ်ားေရာက္ တယ္။ တကယ္လို႔ သူတို႔လုပ္မယ္ဆိုရင္ေတာင္ သာ ေပါင္းၿမိဳ႕နယ္ဆိုတာက ရခိုင္ျပည္နယ္နဲ႔အစပ္၊ ေတာင္အတက္၊ အဆင္းေပါ့ေနာ္ အဲဒီလို ေနရာမ်ိဳးမွာပဲ သူတို႔ စခန္းေသးေသးေလးေတြ လုပ္လို႔ ရေကာင္းႏိုင္တယ္။ စစ္စခန္းႀကီးေတြသဖြယ္ တပ္မဟာဘယ္ေလာက္တို႔၊ တပ္ရင္း ဘယ္ေလာက္တို႔ ဆိုတာကေတာ့ ခုနက ဦးဇင္းေျပာသလိုပဲ စိတ္ကူး ယဥ္လို႔ပဲ ရမယ္။ လက္ေတြ႕မွာ အေဝးႀကီးပါ။
ေမး - ဧရာဝတီတိုင္းေဒသႀကီးမွာ လက္နက္ကိုင္ ေတြက ဘာလို႔ ခုနကလိုမ်ိဳးအေျခခ်မရတာလဲ ဘုရား။
ေျဖ - ဘာေၾကာင့္ အေျခခ်မရတာလဲဆိုတာ ဦးဇင္း ျမင္တဲ့အခ်က္ေတြရွိတယ္။ နံပါတ္တစ္အခ်က္ ကေတာ့ ခုနက ေျပာတဲ့အထဲမွာပါပါတယ္။ ဧရာဝတီသူ၊ ဧရာဝတီသားေတြက စစ္ေဘး၊ စစ္ဒဏ္ ကို သိတယ္ဗ်။ စစ္ေခၚလို႔စစ္လာၿပီဆိုရင္ ဒုကၡ ေရာက္မယ္ဆိုတာသိတယ္။ စစ္လာၿပီဆိုရင္ စီးပြား ေရး လုပ္လို႔မရဘူး။ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး အဲဒီဟာေတြ ဘာမွလုပ္လို႔မရဘူးဆိုတဲ့ အခ်က္တစ္ ခ်က္။ ဒုတိယအခ်က္ကေတာ့ အၾကမ္းဖက္ကို အား ေပးတဲ့သူေတြ အေျခခ်ဖို႔အတြက္ ဧရာဝတီက ေရခံ ေျမခံ မေကာင္းဘူးဗ်။ ေရခံေျမခံမေကာင္းဘူး ဆိုတာ ေတာေတာင္ မရွိဘူး။ ဧရာဝတီဟာ ေျမျပန႔္ျဖစ္တယ္။ ေနာက္တစ္ခါ သူတို႔ကို ကာေပးထားမယ့္ ဥပမာ စစ္ ကိုင္းတိုင္းဆို ကေလးတို႔၊ တမူးတို႔ အိႏၵိယနယ္စပ္ တို႔ ထြက္ေျပးလို႔ရတယ္။ ကရင္ျပည္နယ္လို ဟာမ်ိဳး ဆိုလည္း ထိုင္းနယ္စပ္တို႔ ထြက္ေျပးလို႔ရတယ္။ ဧရာဝတီမွာေတာ့ အဲဒီလိုမရွိဘူး။ ေျခကုပ္ယူဖို႔ ေနာက္ခံ ေကာင္းေကာင္းမရွိဘူး။ အဲဒီေတာ့ သူတို႔က ဒီမွာ ဧရာဝတီမွာ ဒီလိုစခန္းေထာင္မယ္ဆိုရင္ တပ္မ ေတာ္ လက္ခုပ္ထဲကေရျဖစ္သြားမွာ။ တပ္မေတာ္ ေခ်မႈန္းတာနဲ႔ ျပားျပားညပ္ညပ္ ျဖစ္သြားမွာ။ ႏွစ္အ ခ်က္အေနနဲ႔ကေတာ့ ဧရာဝတီမွာ အဲဒါေၾကာင့္ ယူလို႔ မရဘူး။ ေနာက္တစ္ခါ လားရႈိးတို႔ ဘာတို႔ က်သြား တယ္ဗ်။ လားရႈိးဆိုတာ လက္နက္ကိုင္ေတြ၊ အၾကမ္း ဖက္ေတြကို အားေပးတဲ့သူ တစ္ပုံႀကီးရွိတယ္။ သူတို႔ ကိုယ္တိုင္ လက္နက္သာမကိုင္တာ အၾကမ္းဖက္ မ်ား တယ္။ ဧရာဝတီမွာ အၾကမ္းဖက္အားေပးတာ အဲဒီ ေလာက္မရွိသလို ဧရာဝတီမွာအၾကမ္းဖက္ကို ေျခ ကုပ္ယူဖို႔လက္မခံဘူး။ ဧရာဝတီမွာ စစ္စခန္းတို႔ ဘာတို႔ဆိုတာ ခ်ဖို႔မလြယ္သလို ေျခကုပ္ယူဖို႔လည္း မလြယ္ဘူး။ အဲဒီ အခ်က္သုံးခ်က္ေၾကာင့္ ဧရာဝတီမွာ ႀကီးႀကီးမားမား ေျခကုပ္ယူလို႔မရဘူး။ ဧရာဝတီသား တစ္ေယာက္အေနနဲ႔ ဒါကို ဦးဇင္းေျပာခ်င္ပါတယ္။
ေမး - ဧရာဝတီသားတစ္ေယာက္အေနနဲ႔ AA ဟာ ဘာေၾကာင့္ ကိုယ့္တိုင္းကို အခုလို ထိကပါးရိကပါး လုပ္ခ်င္တယ္လို႔ ျမင္ပါသလဲ ဘုရား။
ေျဖ - ေသြးတိုး စမ္းၾကည့္တာေပါ့ဗ်ာ။ AA ဆိုတာ မေန႔တေန႔က ေပၚလာတဲ့၊ KIA ရဲ႕ ေမြးစားသား အဆင့္ပဲ ရွိပါတယ္။ AA ဆိုတာ ႏွစ္ေပါင္းအားျဖင့္ ဘာမွမရွိေသးပါဘူး။ သူတို႔က အခုေနာက္ပိုင္းမွာ ဘာလုပ္လဲဆိုေတာ့ ႏိုင္ငံေရးမေကာင္းတဲ့ အခ်ိန္မွာ ဘုံဆြမ္းဝိုင္းေလာင္းတာေပါ့ဗ်ာ။ အရင္ကတည္းက AA ဆိုတာ တပ္မေတာ္ရဲ႕အေပၚမွာ အျမင္မၾကည္ လင္ဘူး။ သူတို႔က အဖရခိုင္ႏိုင္ငံနဲ႔ ဒို႔တာဝန္အေရး သုံးပါးကို အေလးမထားတဲ့သူေတြေလ။ ျပည္ေထာင္စု မၿပိဳကြဲေရး၊ တိုင္းရင္းသား စည္းလုံးညီၫြတ္မႈ မၿပိဳကြဲေရး စတဲ့ ဒို႔တာဝန္ အေရးသုံးပါးကို ဥေပကၡာ ျပဳၿပီး ရခိုင့္ႏိုင္ငံကို ထူေထာင္ခ်င္တဲ့သူေတြျဖစ္ တယ္။ လက္နက္အင္အား၊ လူအင္အားေလးကလည္း အသင့္အတင့္ စုမိလာတဲ့အခ်ိန္၊ ႏိုင္ငံေရးအခင္းအ က်င္းႀကီး ျဖစ္လာတဲ့အခ်ိန္ တပ္မေတာ္မွာ ဘက္ ေပါင္းစုံ ရန္သူေတြဝိုင္းေနတဲ့အခ်ိန္မွာ သူတို႔ေတြ လုပ္ႏိုင္တယ္ဆိုတဲ့ အခ်ိန္မ်ိဳးနဲ႔ ၿမိဳ႕နယ္ေပါင္း (၁၇) ၿမိဳ႕နယ္မွာ (၁၄) ၿမိဳ႕နယ္ကိုသိမ္းျပတယ္။ စစ္ေတြတို႔၊ ေက်ာက္ျဖဴတို႔၊ မာန္ေအာင္ တို႔ က်န္တယ္ေလ။ ဦးဇင္းက ေျပာခ်င္ပါတယ္ ဒါ တပ္မေတာ္က ေပးလို႔ ရတာ။ မေပးရင္ မရဘူး။ တကယ္တိုက္ယူလို႔ရရင္ ဒီသုံးၿမိဳ႕နယ္ကို ဘာလို႔မရတာလဲ။ ရွင္းရွင္းေလးပါ မေပးလို႔ မရတာ။ အခု သိမ္းထားတဲ့ ၿမိဳ႕နယ္ေတြက လည္း ခဏပဲ။ သူတို႔ ရခိုင္ျပည္နယ္ထဲတင္ မဟုတ္ဘူး ဧရာဝတီတိုင္းကိုလည္း လုပ္ျပမယ္လို႔ ေျပာတဲ့အခါ ဧရာဝတီ တိုင္းသူ၊ တိုင္းသားေတြက ဗဗ သခ်ႋဳင္း ဧရာတိုင္းလို႔ ေျပာၾကတယ္။ ဦးဇင္းတို႔ ကိုယ္တိုင္ကလည္း ရဟန္း၊ သံဃာေတြ ျဖစ္တဲ့ အတြက္ သူ႔အသက္ကို သတ္လို႔မရဘူး။ တိုင္းျပည္ ၿငိမ္းခ်မ္းဖို႔၊ ျပည္သားေတြ ေအးေအးေဆး ေဆးေနရဖို႔ ဧရာဝတီတိုင္းကို မထိနဲ႔။ ထိရင္ေတာ့ လူထြက္ၿပီး ေသနတ္ကိုင္တိုက္မယ္လို႔ ဆိုရွယ္မီဒီယာ ေတြမွာ တင္ခဲ့ၾကသလို ဧရာဝတီသူ အမ်ိဳးသမီးေတြ ကလည္း ဒီအတိုင္းပါပဲ။ အမ်ိဳးသားေတြက စစ္ထြက္ တိုက္ရင္ ေနာက္ကေန ထမင္းထုပ္ခ်က္ၿပီး ထမင္း ထုပ္ထမ္းပို႔မယ္ဆိုတဲ့သူေတြ အဲဒီလိုလူေတြ အမ်ား ႀကီး ေပၚလာတယ္။ လက္နက္ မရွိဘူးေနာ္။ လက္နက္ မရွိေပမယ့္ ဧရာဝတီသူ၊ ဧရာဝတီသားေတြရဲ႕ စိတ္။ ၿငိမ္းခ်မ္းေနတဲ့ ဧရာဝတီတိုင္းကို လာထိရင္ ငုံ႔မခံဘူး၊ တုံ႔ျပန္မယ္ဆိုတဲ့ စိတ္မ်ိဳးရွိတဲ့အတြက္ ၿခိမ္းပဲ ၿခိမ္းလို႔ ရတယ္ ႐ြာခြင့္မရတဲ့ မိုးလိုပါပဲ။ မရပါဘူး။
ေမး - NUG ဟာလည္း ဧရာဝတီမွာ အေတာ္ေလးကို သူတို႔ အမာခံနယ္ေျမထူေထာင္ခ်င္ေနတာ ေတြ႕ရ ပါတယ္။
ေျဖ - သူတို႔က အရင္တည္းက ေလလႈိင္းအစိုးရေလ။ NUG ႐ုံးစိုက္ရာ၊ NUG ႐ုံး ဘယ္မွာလဲ။ ဘယ္ဌာနမွာလည္း။ NUG ပါဆိုတဲ့သူေတြေတာင္ ႐ုံးခန္းကႏၷား မရွိတဲ့ဟာ အစိုးရတစ္ရပ္ကို ဖန္တီးခြင့္ ရတယ္။ လက္ေတြ႕မွာက်ေတာ့ မရဘူးေလ။ အဲဒီလို လူေတြက ဧရာဝတီတိုင္းမွာ ႐ုံးေတြ တည္ေဆာက္မယ္ ဆိုတာ မျဖစ္ႏိုင္ဘူးေလ။ အဲဒီေတာ့ တိုင္းနဲ႔ ျပည္နယ္ (၁၄)ခုမွာ အၿငိမ္းခ်မ္းဆုံး၊ အၾကမ္းဖက္ကို လက္မခံ ဆုံးကလည္း ဧရာဝတီတိုင္းပဲ။ ဒါေၾကာင့္မို႔လို သူတို႔ က ဒလန္ဝတီတိုင္း ေျပာတာ။ သူတို႔ေျပာတဲ့ ဒလန္ လည္း မဟုတ္ဘူး။ မၿငိမ္းခ်မ္းတဲ့ အရပ္ေဒသေတြကို ၾကည့္ၿပီးေတာ့ ငါတို႔ဧရာဝတီတိုင္းမွာ ဒီလို မၿငိမ္ မခ်မ္းျဖစ္ခဲ့ရင္ဆိုတာ ေတြးတယ္ေလ။NUG က လည္း ေလလႈိင္းေပၚမွာပဲ တိုက္ေဆာက္လို႔ ရပါမယ္။ ဧရာဝတီမွာ တိုက္လာေဆာက္လို႔ မရပါဘူးဆိုတာ ေျပာခ်င္ပါတယ္။
ေမး - ဧရာဝတီနဲ႔ ပတ္သက္လို႔ လက္နက္ကိုင္ေတြ ဧရာဝတီမွာ ေျခခ်မယ္လို႔ ၿခိမ္းေျခာက္ေနတာမ်ိဳးနဲ႔ ပတ္သက္လို႔ ဘာမ်ားမိန႔္ၾကားခ်င္ပါသလဲဘုရား။
ေျဖ - ဧရာဝတီသားေတြရဲ႕ စိတ္ကို ၿခိမ္းေျခာက္တာက မထိခိုက္ဘူးဗ်။ အပ်င္းေျဖေပးတယ္လို႔ သေဘာ ထားတယ္ဗ်။ ေျပာခ်င္တာက ေခြးဆိုတာ ေဟာင္တဲ့ ေခြးက မကိုက္ဘူးဗ်။ မေဟာင္တဲ့ ေခြးက ကိုက္တယ္ ဗ်။ အဲဒီလိုေဟာင္ေလ မကိုက္ရဲဘူးဆိုတာ သိတယ္။ ဒါေပမဲ့ မိုးမၿပိဳ ၿပိဳခဲ့သည္ရွိေသာ္။ စိတ္႐ူးေပါက္ၿပီး ကိုက္ခဲ့မယ္ဆိုရင္လည္း အဆင္သင့္ရွိေနတယ္ ဆို တာ ေျပာခ်င္ပါတယ္။
အခုလို ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ ဘုရား။