ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ ဘေးကင်းကင်းနဲ့ဖြတ်သန်းသွားလာနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေမှာ ပါဝင်ကူညီသွားမယ်လို့ နိုင်ငံပေါင်း(၂၀)ကျော် ထုတ်ပြော

 419

Pika (NP News) - မတ် ၂၂

ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ ဘေးကင်းကင်းနဲ့ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေမှာ ပါဝင်ကူညီသွားမယ်လို့ နိုင်ငံပေါင်း(၂၀)ကျော်က ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
ဒါ့ပြင် အရေးကြီးတဲ့ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ပစ်လိုက်တာကိုလည်း ၎င်းတို့ကပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်မှာ “ပင်လယ်ကွေ့မှာရှိတဲ့ကုန်သွယ်ရေးသင်္ဘောတွေအပေါ် အီရန်ရဲ့တိုက်ခိုက်မှုတွေကို ကျွန်တော် တို့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါတယ်။ ပြီးတော့ ရေနံနဲ့သဘာဝဓါတ်ငွေ့စက်ရုံတွေ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အဦးတွေကို အီရန်ရဲ့တိုက်ခိုက်မှုတွေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်တာကိုလည်း ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါတယ်။ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ ဘေးကင်းကင်းနဲ့ ဖြတ်သန်းသွားလာနိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေမှာ ပါဝင်ကူညီဖို့ ကျွန်တော်တို့အသင့်ရှိပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၂၈)ရက်မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ကျယ်ပြန့်တဲ့စစ်ပွဲကြီးတစ်ခုပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်နဲ့အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အဓိကရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်ဘက်က ပိတ်ပစ်လိုက်တာလည်းဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ေဟာ္မုဇ္ေရလက္ၾကားမွာ သေဘၤာေတြ ေဘးကင္းကင္းနဲ႔ျဖတ္သန္းသြားလာႏိုင္ေရးအတြက္ ႀကိဳးပမ္းအားထုတ္မႈ ေတြမွာ ပါဝင္ကူညီသြားမယ္လို႔ ႏိုင္ငံေပါင္း(၂၀)ေက်ာ္ ထုတ္ေျပာ
Pika (NP News) - မတ္ ၂၂
ေဟာ္မုဇ္ေရလက္ၾကားမွာ သေဘၤာေတြ ေဘးကင္းကင္းနဲ႔ ျဖတ္သန္းသြားလာႏိုင္ေရးအတြက္ ႀကိဳးပမ္းအားထုတ္မႈေတြမွာ ပါဝင္ကူညီသြားမယ္လို႔ ႏိုင္ငံေပါင္း(၂၀)ေက်ာ္က ထုတ္ေဖာ္ေျပာဆိုခဲ့ၾကပါတယ္။
ဒါ့ျပင္ အေရးႀကီးတဲ့ေရလမ္းေၾကာင္းတစ္ခုျဖစ္တဲ့ ေဟာ္မုဇ္ေရလက္ၾကားကို အီရန္က ပိတ္ပစ္လိုက္တာကိုလည္း ၎တို႔ကျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
ထုတ္ျပန္ခ်က္မွာ “ပင္လယ္ေကြ႕မွာရွိတဲ့ကုန္သြယ္ေရးသေဘၤာေတြအေပၚ အီရန္ရဲ႕တိုက္ခိုက္မႈေတြကို ကြၽန္ေတာ္ တို႔ ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ပါတယ္။ ၿပီးေတာ့ ေရနံနဲ႔သဘာဝဓါတ္ေငြ႕စက္႐ုံေတြ အပါအဝင္ အရပ္ဘက္ အေျခခံအေဆာက္အဦးေတြကို အီရန္ရဲ႕တိုက္ခိုက္မႈေတြနဲ႔ ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ပစ္လိုက္တာကိုလည္း ကြၽန္ေတာ္တို႔ ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ပါတယ္။ ေဟာ္မုဇ္ေရလက္ၾကားမွာ သေဘၤာေတြ ေဘးကင္းကင္းနဲ႔ ျဖတ္သန္းသြားလာႏိုင္ဖို႔အတြက္ ႀကိဳးပမ္းအားထုတ္မႈေတြမွာ ပါဝင္ကူညီဖို႔ ကြၽန္ေတာ္တို႔အသင့္ရွိပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။
ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ(၂၈)ရက္မွာ အေမရိကန္နဲ႔အစၥေရးတို႔က အီရန္အေပၚ တိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့ ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသမွာ က်ယ္ျပန႔္တဲ့စစ္ပြဲႀကီးတစ္ခုေပၚေပါက္လာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕ တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အဓိကေရလမ္းေၾကာင္းတစ္ခုျဖစ္တဲ့ ေဟာ္မုဇ္ေရလက္ၾကားကို အီရန္ဘက္က ပိတ္ပစ္လိုက္တာလည္းျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.