ဒေသတွင်းမှာရှိတဲ့ စွမ်းအင်အခြေခံအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ အီရန်စစ်ဘက် ခြိမ်းခြောက်

 180

Pika (NP News) - မတ် ၂၂

ဒေသတွင်းမှာရှိတဲ့ စွမ်းအင်အခြေခံအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ အီရန်စစ်တပ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက အီရန်ရဲ့ လျှပ်စစ်ဓါတ် အားပေးစက်ရုံတွေကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့ပြီး နောက် အီရန်ဘက်က ယခုလိုတုံ့ပြန်ပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အီရန်စစ်တပ်က “ယခင်သတိပေးချက်တွေအတိုင်း အီရန်ရဲ့လောင်စာနဲ့ စွမ်းအင်အခြေခံအဆောက်အဦးတွေကို ရန်သူတွေက တိုက်ခိုက်ခဲ့မယ်ဆိုရင် အမေရိကန်နဲ့ဒေသတွင်းအစိုးရပိုင် စွမ်းအင်၊ သတင်းအချက်အလက် နည်းပညာနဲ့ ရေငန်သန့်စင်ရေးအခြေခံအဆောက်အဦးတွေအားလုံးကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို အချိန်(၄၈)နာရီအတွင်းပြန်ဖွင့်ဖို့ အီရန်ကို ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပြီး နောက် နာရီအနည်းငယ်အကြာမှာ အီရန်စစ်တပ်ရဲ့ ထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်-အစ္စရေးနဲ့အီရန်တို့ကြားဖြစ်ပွားလျက်ရှိတဲ့စစ်ပွဲဟာ ရက်ပေါင်း(၂၀)ကျော်လာပြီဖြစ်ပြီး တင်းမာမှုတွေ က သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;

Related news

© 2021. All rights reserved.