မလေးရှားနိုင်ငံမှာ ဒရုန်းတွေသုံးပြီး ယာဉ်စည်းကမ်းချိုးဖောက်မှု ၂,၀၀၀ ကျော် ဖော်ထုတ်

 166

ရောင်နီ (NP News) - မတ် ၂၂

မလေးရှားနိုင်ငံမှာ မတ်လ ၁၆ ရက်နေ့မှ စတင်ခဲ့တဲ့ သုံးရက်ကြာ Ops Hari Raya စစ်ဆင်ရေးအတွင်း ဒရုန်း နည်းပညာကို အသုံးပြုပြီး ယာဉ်စည်းကမ်း ချိုးဖောက်မှုပေါင်း ၂,၃၈၄ ခု ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ မလေးရှား ကုန်းလမ်းပို့ဆောင်ရေးဌာန (JPJ) က သတင်းထုတ်ပြန်ခဲ့ပါတယ်။
JPJ ရဲ့အကြီးတန်းညွှန်ကြားရေးမှူး မိုဟာမတ်ကီဖီလ်မာဟက်ဆန်ရဲ့ပြောကြားချက်အရ ဒရုန်းတွေနဲ့ ဖော်ထုတ်နိုင်ခဲ့တဲ့ အဓိကချိုးဖောက်မှုတွေကတော့ နှစ်လမ်းသွားလမ်းမှာ ကျော်တက်မှု - ၇၁၅ မှု၊ မီးပွိုင့်အချက်ပြ မလိုက်နာမှု - ၆၂၇ မှု၊ ဘယ်ဘက်လမ်းမှ ကျော်တက်မှု - ၅၃၉ မှု၊ အရေးပေါ်လမ်းကြော အသုံးပြုမှု - ၅ဝ၃ မှု ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ JPJ ဌာနချုပ်မှာ ဒရုန်း (၆) စင်း အသုံးပြုနေပြီး နောက်ပိုင်း အသုံးပြုမှု ပိုမိုတိုးချဲ့သွားဖို့လည်း စီစဉ်နေ တယ်လို့ ဆိုပါတယ်။ မှတ်တမ်းတင်ထားတဲ့ ပြစ်မှုတိုင်းကို သက်သေအဖြစ် အသုံးပြုမှာဖြစ်ပြီး ပါဝင်ပတ်သက်တဲ့ ယာဉ်ပိုင်ရှင်တွေကို စစ်ဆေးမေးမြန်းဖို့ အကြောင်းကြားစာတွေ ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူးက JPJ Wilayah Timur Academy မှာ ပြောကြားပါတယ်။
JPJ ရဲ့အချက်အလက်တွေအရ မလေးရှားနိုင်ငံ တစ်ဝှမ်း မတော်တဆမှု ဖြစ်ပွားမှုနှုန်းမြင့်မားနေပြီး ယာဉ်ကြောပိတ်ဆို့မှုအများဆုံးဖြစ်လေ့ရှိတဲ့ အဓိကနေရာ ၂၈၈ ခု ကို လက်ရှိဖော်ထုတ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
မေလးရွားႏိုင္ငံမွာ ဒ႐ုန္းေတြသုံးၿပီး ယာဥ္စည္းကမ္းခ်ိဳးေဖာက္မႈ ၂,၀၀၀ ေက်ာ္ ေဖာ္ထုတ္
ေရာင္နီ (NP News) - မတ္ ၂၂
မေလးရွားႏိုင္ငံမွာ မတ္လ ၁၆ ရက္ေန႔မွ စတင္ခဲ့တဲ့ သုံးရက္ၾကာ Ops Hari Raya စစ္ဆင္ေရးအတြင္း ဒ႐ုန္း နည္းပညာကို အသုံးျပဳၿပီး ယာဥ္စည္းကမ္း ခ်ိဳးေဖာက္မႈေပါင္း ၂,၃၈၄ ခု ကို ေဖာ္ထုတ္ႏိုင္ခဲ့တယ္လို႔ မေလးရွား ကုန္းလမ္းပို႔ေဆာင္ေရးဌာန (JPJ) က သတင္းထုတ္ျပန္ခဲ့ပါတယ္။
JPJ ရဲ႕အႀကီးတန္းၫႊန္ၾကားေရးမႉး မိုဟာမတ္ကီဖီလ္မာဟက္ဆန္ရဲ႕ေျပာၾကားခ်က္အရ ဒ႐ုန္းေတြနဲ႔ ေဖာ္ထုတ္ႏိုင္ခဲ့တဲ့ အဓိကခ်ိဳးေဖာက္မႈေတြကေတာ့ ႏွစ္လမ္းသြားလမ္းမွာ ေက်ာ္တက္မႈ - ၇၁၅ မႈ၊ မီးပြိဳင့္အခ်က္ျပ မလိုက္နာမႈ - ၆၂၇ မႈ၊ ဘယ္ဘက္လမ္းမွ ေက်ာ္တက္မႈ - ၅၃၉ မႈ၊ အေရးေပၚလမ္းေၾကာ အသုံးျပဳမႈ - ၅ဝ၃ မႈ ျဖစ္တယ္လို႔ သိရပါတယ္။
လက္ရွိ JPJ ဌာနခ်ဳပ္မွာ ဒ႐ုန္း (၆) စင္း အသုံးျပဳေနၿပီး ေနာက္ပိုင္း အသုံးျပဳမႈ ပိုမိုတိုးခ်ဲ႕သြားဖို႔လည္း စီစဥ္ေန တယ္လို႔ ဆိုပါတယ္။ မွတ္တမ္းတင္ထားတဲ့ ျပစ္မႈတိုင္းကို သက္ေသအျဖစ္ အသုံးျပဳမွာျဖစ္ၿပီး ပါဝင္ပတ္သက္တဲ့ ယာဥ္ပိုင္ရွင္ေတြကို စစ္ေဆးေမးျမန္းဖို႔ အေၾကာင္းၾကားစာေတြ ထုတ္ျပန္သြားမွာ ျဖစ္တယ္လို႔ ၫႊန္ၾကားေရးမႉးက JPJ Wilayah Timur Academy မွာ ေျပာၾကားပါတယ္။
JPJ ရဲ႕အခ်က္အလက္ေတြအရ မေလးရွားႏိုင္ငံ တစ္ဝွမ္း မေတာ္တဆမႈ ျဖစ္ပြားမႈႏႈန္းျမင့္မားေနၿပီး ယာဥ္ေၾကာပိတ္ဆို႔မႈအမ်ားဆုံးျဖစ္ေလ့ရွိတဲ့ အဓိကေနရာ ၂၈၈ ခု ကို လက္ရွိေဖာ္ထုတ္ထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.