တပ်မတော်နေ့ အပြီး (၇၂ )နာရီ အကြာတွင် နိုင်ငံတော်သမ္မတသစ်ကို စတင်ရွေးချယ်မည်

412

သုတကျော် (NP News)- မတ် ၂၂
လာမည့် မတ်လ(၂၇) ရက်တွင်ကျရောက် သော တပ်မတော်နေ့အပြီး (၇၂ )နာရီအကြာ မတ်လ (၃၀)ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော် သမ္မတသစ်ကိုရွေးချယ်မည့်လုပ်ငန်းစဉ် စတင်ရန် စီစဉ်ထားကြောင်းသိရသည်။
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀) ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော် နာယက ဦးအောင်လင်းဒွေးက ကြေညာခဲ့ခြင်းဖြစ်သည်။ “လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ဒုတိယ သမ္မတလောင်းများကို ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက် ဒုတိယသမ္မတလောင်း များကိုအဆိုပြုရမည့်လွှတ်တော်ကို ယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးကို (၂၀၂၆) ခုနှစ် မတ်လ (၃၀) ရက်တွင် စတင်ကျင်းပပြုလုပ်တော့မှာဖြစ် ကြောင်း”ဟု ပြည်ထောင်စုလွှတ်တော်နာယက က ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်အစုအဖွဲ့နှင့် အမျိုးသားလွှတ်တော်အစုအဖွဲ့က ဆွေးနွေးပြီးနောက် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ခံရသည့် ဒုတိယသမ္မတလောင်းအမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့တင်ပြရမည်ဖြစ်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်ထားသည့် ဒုတိယသမ္မတ လောင်းတစ်ဦး၏အမည်စာရင်းကို အဆိုပါအစုအဖွဲ့မှ တာဝန်ပေးအပ် ထားသည့်ကိုယ်စားလှယ်တစ်ဦးက ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့တင်ပြရမည်ဖြစ်သည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌ (၂)ဦး၊ ဒုတိယဥက္ကဋ္ဌ (၂) ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် (၁) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁) ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁) ဦးပါဝင်သည့် သမ္မတ လောင်းစိစစ်ရေးအဖွဲ့က စိစစ်ကာ အတည်ပြုပြီးသည့်နောက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခေါ်ယူကာ အမည်စာရင်းကို ကြေညာမည်ဖြစ်ကာ ယင်းနောက် သမ္မတရွေး ချယ်ပွဲပြုလုပ်မည့်ရက်ကို သတ်မှတ်မည်ဖြစ်သည့်အ တွက် နောက်အကျဆုံးအဖြစ် ဧပြီလပထမပတ် အစောပိုင်းရက်များအတွင်း သမ္မတကို အပြီးသတ် ရွေးချယ်ဖွယ်ရှိကာ သင်္ကြန်ပိတ်ရက်မတိုင်မီ အစိုးရ အဖွဲ့ ပေါ်ပေါက်မည်ဟုခန့်မှန်းရသည်။
“ (၃၀) ရက်မှာ ဒုတိယသမ္မတလောင်းရွေး ပြီးရင် လွှတ်တော်ဥက္ကဋ္ဌဆီမှာ စာရင်းတင်သွင်းထားမှာ ပေါ့။ ဒါပေမဲ့ ဘယ်နေ့ သမ္မတရွေးမယ်ဆိုတာ လွှတ်တော်ဥက္ကဋ္ဌက ပြန်ပြောမယ်။ (၃၀)ရက်မှာ အပြီးတင်မယ်ဗျ။ ကြားထဲမှာ ဆွေးနွေးမှာမရှိဘူးဗျ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြော သည်။ မတ်လ (၃၀) နှင့် (၃၁) ရက်တို့တွင် ဒုတိယ သမ္မတလောင်းများကိုသာရွေးချယ်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးကပြောသည်။
“ (၃၀) နဲ့ (၃၁) က ဒုတိယ သမ္မတလောင်း ပဲရွေးမှာ။ တပ်မတော်သားအစုအဖွဲ့ကတော့ သူ့နေရာမှာသူ ရွေးတာပေါ့”ဟု ၎င်းကဆိုသည်။ ယခင် လွှတ်တော်များတွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ကတင်သော ဒုတိယသမ္မတလောင်း သည် သမ္မတအဖြစ်ကိုမရောက်ခဲ့သော်လည်း ယခု တစ်ကြိမ်တွင် စောင့်ကြည့်ရမည်ဖြစ်သည်ဟု အခြား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကဆိုသည်။
“ဒီတစ်ခါတော့ နည်းနည်းထူးခြားတယ်လို့ မြင်တယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် အစိုးရအဖွဲ့အမည်စာရင်းဟု ဆိုကာ အတည်မပြုနိုင်သော်လည်း ထွက်ပေါ်နေ သောသတင်းအရ သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယသမ္မတ (၁)အဖြစ် ဦးညိုစော၊ ဒုတိယ သမ္မတ (၂)အဖြစ် ဒေါ်ဒွဲဘူ ဟုသိရသည်။
သို့သော် ယင်းအချက်နှင့်ပတ်သက်၍ မတ်လ (၃၀)၊ (၃၁)စာရင်းထွက်လာမှသာသိရမည် ဖြစ်သော်လည်း လွှတ်တော်ကိုယ်စားလှယ်များအကြား သို့လော သို့လော သတင်းများထွက်ပေါ်နေပြီး ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒုတိယသမ္မတဖြစ် မည်ဟုလည်း နောက်ဆုံးသတင်းထွက်နေသည်။ “အဲဒီတစ်ခုကတော့ Suprise ဖြစ်တယ်။ လောလော ဆယ်တော့ ဘာမှမသိရသေးဘူး။ ဒုတိယသမ္မတက ကြိုတော့ မှန်းထားတယ်။ အတိအကျတော့မဟုတ် သေးဘူး။ ဒေါ်ဒွဲဘူလည်း ဖြစ်မလားပေါ့” ဟု အဆိုပါ ပါတီနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

Zawgyi Version:
တပ္မေတာ္ေန႔ အၿပီး (၇၂ )နာရီ အၾကာတြင္ ႏိုင္ငံေတာ္သမၼတသစ္ကို စတင္ေ႐ြးခ်ယ္မည္
သုတေက်ာ္ (NP News)- မတ္ ၂၂
လာမည့္ မတ္လ(၂၇) ရက္တြင္က်ေရာက္ ေသာ တပ္မေတာ္ေန႔အၿပီး (၇၂ )နာရီအၾကာ မတ္လ (၃၀)ရက္တြင္ ျပည္ေထာင္စုလႊတ္ေတာ္၌ ႏိုင္ငံေတာ္ သမၼတသစ္ကိုေ႐ြးခ်ယ္မည့္လုပ္ငန္းစဥ္ စတင္ရန္ စီစဥ္ထားေၾကာင္းသိရသည္။
ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးကို မတ္လ (၂၀) ရက္ နံနက္ပိုင္းက က်င္းပျပဳလုပ္ခဲ့ရာ လႊတ္ေတာ္ နာယက ဦးေအာင္လင္းေဒြးက ေၾကညာခဲ့ျခင္းျဖစ္သည္။ “လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အစုအဖြဲ႕အလိုက္ ဒုတိယ သမၼတေလာင္းမ်ားကို ေ႐ြးခ်ယ္တင္ေျမႇာက္ႏိုင္ဖို႔အတြက္ ဒုတိယသမၼတေလာင္း မ်ားကိုအဆိုျပဳရမည့္လႊတ္ေတာ္ကို ယ္စားလွယ္မ်ားအစုအဖြဲ႕ အစည္းအေဝးကို (၂၀၂၆) ခုႏွစ္ မတ္လ (၃၀) ရက္တြင္ စတင္က်င္းပျပဳလုပ္ေတာ့မွာျဖစ္ ေၾကာင္း”ဟု ျပည္ေထာင္စုလႊတ္ေတာ္နာယက က ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျပည္သူ႔လႊတ္ေတာ္အစုအဖြဲ႕ႏွင့္ အမ်ိဳးသားလႊတ္ေတာ္အစုအဖြဲ႕က ေဆြးေႏြးၿပီးေနာက္ သက္ဆိုင္ရာ လႊတ္ေတာ္ဥကၠ႒က ေ႐ြးခ်ယ္ခံရသည့္ ဒုတိယသမၼတေလာင္းအမည္စာရင္းကို ျပည္ေထာင္စု လႊတ္ေတာ္နာယကထံ ေပးပို႔တင္ျပရမည္ျဖစ္ၿပီး တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္အစုအဖြဲ႕က ေ႐ြးခ်ယ္ထားသည့္ ဒုတိယသမၼတ ေလာင္းတစ္ဦး၏အမည္စာရင္းကို အဆိုပါအစုအဖြဲ႕မွ တာဝန္ေပးအပ္ ထားသည့္ကိုယ္စားလွယ္တစ္ဦးက ျပည္ေထာင္စု လႊတ္ေတာ္နာယကထံ ေပးပို႔တင္ျပရမည္ျဖစ္သည္။
ယင္းေနာက္ လႊတ္ေတာ္ဥကၠ႒ (၂)ဦး၊ ဒုတိယဥကၠ႒ (၂) ဦး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ (၁) ဦး၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ (၁) ဦး၊ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ (၁) ဦးပါဝင္သည့္ သမၼတ ေလာင္းစိစစ္ေရးအဖြဲ႕က စိစစ္ကာ အတည္ျပဳၿပီးသည့္ေနာက္ ျပည္ေထာင္စု လႊတ္ေတာ္အစည္းအေဝးေခၚယူကာ အမည္စာရင္းကို ေၾကညာမည္ျဖစ္ကာ ယင္းေနာက္ သမၼတေ႐ြး ခ်ယ္ပြဲျပဳလုပ္မည့္ရက္ကို သတ္မွတ္မည္ျဖစ္သည့္အ တြက္ ေနာက္အက်ဆုံးအျဖစ္ ဧၿပီလပထမပတ္ အေစာပိုင္းရက္မ်ားအတြင္း သမၼတကို အၿပီးသတ္ ေ႐ြးခ်ယ္ဖြယ္ရွိကာ သၾကၤန္ပိတ္ရက္မတိုင္မီ အစိုးရ အဖြဲ႕ ေပၚေပါက္မည္ဟုခန႔္မွန္းရသည္။
“ (၃၀) ရက္မွာ ဒုတိယသမၼတေလာင္းေ႐ြး ၿပီးရင္ လႊတ္ေတာ္ဥကၠ႒ဆီမွာ စာရင္းတင္သြင္းထားမွာ ေပါ့။ ဒါေပမဲ့ ဘယ္ေန႔ သမၼတေ႐ြးမယ္ဆိုတာ လႊတ္ေတာ္ဥကၠ႒က ျပန္ေျပာမယ္။ (၃၀)ရက္မွာ အၿပီးတင္မယ္ဗ်။ ၾကားထဲမွာ ေဆြးေႏြးမွာမရွိဘူးဗ်”ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကေျပာ သည္။ မတ္လ (၃၀) ႏွင့္ (၃၁) ရက္တို႔တြင္ ဒုတိယ သမၼတေလာင္းမ်ားကိုသာေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ဦးကေျပာသည္။
“ (၃၀) နဲ႔ (၃၁) က ဒုတိယ သမၼတေလာင္း ပဲေ႐ြးမွာ။ တပ္မေတာ္သားအစုအဖြဲ႕ကေတာ့ သူ႔ေနရာမွာသူ ေ႐ြးတာေပါ့”ဟု ၎ကဆိုသည္။ ယခင္ လႊတ္ေတာ္မ်ားတြင္ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္ကတင္ေသာ ဒုတိယသမၼတေလာင္း သည္ သမၼတအျဖစ္ကိုမေရာက္ခဲ့ေသာ္လည္း ယခု တစ္ႀကိမ္တြင္ ေစာင့္ၾကည့္ရမည္ျဖစ္သည္ဟု အျခား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကဆိုသည္။
“ဒီတစ္ခါေတာ့ နည္းနည္းထူးျခားတယ္လို႔ ျမင္တယ္” ဟု ၎ကဆိုသည္။
လက္ရွိတြင္ အစိုးရအဖြဲ႕အမည္စာရင္းဟု ဆိုကာ အတည္မျပဳႏိုင္ေသာ္လည္း ထြက္ေပၚေန ေသာသတင္းအရ သမၼတအျဖစ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယသမၼတ (၁)အျဖစ္ ဦးညိဳေစာ၊ ဒုတိယ သမၼတ (၂)အျဖစ္ ေဒၚဒြဲဘူ ဟုသိရသည္။
သို႔ေသာ္ ယင္းအခ်က္ႏွင့္ပတ္သက္၍ မတ္လ (၃၀)၊ (၃၁)စာရင္းထြက္လာမွသာသိရမည္ ျဖစ္ေသာ္လည္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအၾကား သို႔ေလာ သို႔ေလာ သတင္းမ်ားထြက္ေပၚေနၿပီး ပအိုဝ္း အမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီမွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ဒုတိယသမၼတျဖစ္ မည္ဟုလည္း ေနာက္ဆုံးသတင္းထြက္ေနသည္။ “အဲဒီတစ္ခုကေတာ့ Suprise ျဖစ္တယ္။ ေလာေလာ ဆယ္ေတာ့ ဘာမွမသိရေသးဘူး။ ဒုတိယသမၼတက ႀကိဳေတာ့ မွန္းထားတယ္။ အတိအက်ေတာ့မဟုတ္ ေသးဘူး။ ေဒၚဒြဲဘူလည္း ျဖစ္မလားေပါ့” ဟု အဆိုပါ ပါတီႏွင့္ နီးစပ္သူ တစ္ဦးကေျပာသည္။