အမေရိကန်ရဲ့စစ်ရေးလှုပ်ရှားမှုမှာ ပါဝင်ဖို့ ပြင်သစ်သမ္မတငြင်းဆန်

 122

ဂျန်ဇက် (NP News) - မတ် ၂၁

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြင်သစ်နိုင်ငံအနေနဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပြန်လည်ဖွင့်လှစ်မှုစစ်ဆင်ရေးတွေမှာ ပါဝင်မှာ မဟုတ်ဘူးလို့ တရားဝင် ငြင်းဆန်လိုက်ပါတယ်။
အီရန်၊ အစ္စရေးနဲ့ အမေရိကန်တို့ကြား ဖြစ်နေတဲ့ စစ်ပွဲကြောင့်ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရချိန်မှာ ပြင်သစ် အစိုးရ ၄င်းတို့ရဲ့ကြားနေရေး" မူဝါဒကို အတည်ပြုခဲ့ပါတယ်။ သမ္မတမက်ခရွန် က "ဒီစစ်ပွဲဟာ ပြင်သစ်က ရွေးချယ် ခဲ့တာ မဟုတ်သလို၊ ကျွန်တော်တို့ဟာ ဒီပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေလည်း မဟုတ်ဘူး" လို့ ပြောကြားခဲ့ပါ တယ်။
ဟော်မုဇ်ရေလက်ကြားကို အင်အားသုံး ရှင်းလင်းမယ့်ဘယ်စစ်ဆင်ရေးမျိုးမှာမဆို ပြင်သစ်နိုင်ငံက ပါဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို စစ်ရေးအင်အားသုံး ရှင်းလင်းဖို့ မဟာမိတ်တွေကို တိုက်တွန်းနေပေမယ့်၊ ပြင်သစ် အပါအဝင် ဥရောပနိုင်ငံတွေက "ထောင်ချောက်" တစ်ခုဖြစ်လာနိုင်တယ်လို့ သုံးသပ်နေပါတယ်။ ပြင်သစ်အစိုးရက စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်းဟာ ပဋိပက္ခ ကို ပိုမိုကျယ်ပြန့်သွားစေနိုင်တယ်လို့ ယူဆပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်ဟာ ဟောမုဇ့် ရေလက်ကြား နဲ့ ပတ်သက်ပြီး ဥရောပ မဟာမိတ်နိုင်ငံတွေနဲ့ အငြင်းပွားနေပါတယ်။

Zawgyi Version;
အေမရိကန္ရဲ႕စစ္ေရးလႈပ္ရွားမႈမွာ ပါဝင္ဖို႔ ျပင္သစ္သမၼတျငင္းဆန္
ဂ်န္ဇက္ (NP News) - မတ္ ၂၁
ျပင္သစ္သမၼတ အီမန္န်ဴရယ္မက္ခ႐ြန္က ျပင္သစ္ႏိုင္ငံအေနနဲ႔ ေဟာ္မုဇ္ေရလက္ၾကား (Strait of Hormuz) ျပန္လည္ဖြင့္လွစ္မႈစစ္ဆင္ေရးေတြမွာ ပါဝင္မွာ မဟုတ္ဘူးလို႔ တရားဝင္ ျငင္းဆန္လိုက္ပါတယ္။
အီရန္၊ အစၥေရးနဲ႔ အေမရိကန္တို႔ၾကား ျဖစ္ေနတဲ့ စစ္ပြဲေၾကာင့္ေဟာ္မုဇ္ေရလက္ၾကား ပိတ္ဆို႔ခံရခ်ိန္မွာ ျပင္သစ္ အစိုးရ ၄င္းတို႔ရဲ႕ၾကားေနေရး" မူဝါဒကို အတည္ျပဳခဲ့ပါတယ္။ သမၼတမက္ခ႐ြန္ က "ဒီစစ္ပြဲဟာ ျပင္သစ္က ေ႐ြးခ်ယ္ ခဲ့တာ မဟုတ္သလို၊ ကြၽန္ေတာ္တို႔ဟာ ဒီပဋိပကၡမွာ ပါဝင္ပတ္သက္သူေတြလည္း မဟုတ္ဘူး" လို႔ ေျပာၾကားခဲ့ပါ တယ္။
ေဟာ္မုဇ္ေရလက္ၾကားကို အင္အားသုံး ရွင္းလင္းမယ့္ဘယ္စစ္ဆင္ေရးမ်ိဳးမွာမဆို ျပင္သစ္ႏိုင္ငံက ပါဝင္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေဟာ္မုဇ္ေရလက္ၾကားကို စစ္ေရးအင္အားသုံး ရွင္းလင္းဖို႔ မဟာမိတ္ေတြကို တိုက္တြန္းေနေပမယ့္၊ ျပင္သစ္ အပါအဝင္ ဥေရာပႏိုင္ငံေတြက "ေထာင္ေခ်ာက္" တစ္ခုျဖစ္လာႏိုင္တယ္လို႔ သုံးသပ္ေနပါတယ္။ ျပင္သစ္အစိုးရက စစ္ေရးအရ ဝင္ေရာက္စြက္ဖက္ျခင္းဟာ ပဋိပကၡ ကို ပိုမိုက်ယ္ျပန႔္သြားေစႏိုင္တယ္လို႔ ယူဆပါတယ္။ လက္ရွိအခ်ိန္မွာ အေမရိကန္ဟာ ေဟာမုဇ့္ ေရလက္ၾကား နဲ႔ ပတ္သက္ၿပီး ဥေရာပ မဟာမိတ္ႏိုင္ငံေတြနဲ႔ အျငင္းပြားေနပါတယ္။

Related news

© 2021. All rights reserved.