ဟော်မုဇ်ရေလက်ကြား “လုံခြုံရေးစင်္ကြံ”ခေါင်းစဉ်ဖြင့် သင်္ဘောတစ်စင်းလျှင် ဒေါ်လာ (၂) သန်းအထိ အီရန်တို့ ကောက်ခံနေ

 110

ဂျန်ဇက် (NP News) - မတ် ၂၁

အီရန်နိုင်ငံသည် ကမ္ဘာ့အရေးအပါဆုံး ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ၎င်းတို့၏ရေပိုင်နက်ကိုဖြတ်သန်းမည့် “လုံခြုံစွာ ဖြတ်သန်းခွင့် စင်္ကြံ” (Safe Passage Corridor) တစ်ခုကို အသစ်ဖန်တီးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဖန်တီးလိုက်သော စင်္ကြံလမ်းကို အီရန်အာဏာပိုင်များထံမှ ကြိုတင်ခွင့်ပြုချက်ရရှိထားသော သင်္ဘော များသာ ဖြတ်သန်းခွင့်ရရှိမည်ဖြစ်ပြီး ကျန်နိုင်ငံတကာ ကုန်သွယ်ရေးသင်္ဘောအများစုမှာမူ ဖြတ်သန်းခွင့် ကန့်သတ်ပိတ် ပင် သွားမည်ဖြစ်ကြောင်းသိရသည်။ Financial Times သတင်းဌာန ၏ဖော်ပြချက်အရအီရန်သည် ၎င်း၏ ရေကြောင်း ပိတ်ဆို့မှုကို တိုးဂိတ် (Toll Road) သဖွယ် ပြောင်းလဲအသုံးချလာပြီးအာမခံချက်ရှိသော ဖြတ်သန်းခွင့်အတွက် ရေနံတင် သင်္ဘော အော်ပရေတာတစ်ခုထံမှ အမေရိ ကန်ဒေါ်လာ (၂) သန်းခန့်ကို ငွေသား၊ ခရစ်ပတို (သို့မဟုတ်) ကုန်စည် ဖလှယ် မှုစနစ်ဖြင့် ကောက်ခံခဲ့ ကြောင်း ဖော်ပြထားသည်။
အဆိုပါ အသစ်ဖန်တီးလိုက်သည့် လုံခြုံရေးစင်္ကြံလမ်း အီရန် (IRGC) ရေတပ်က တိုက်ရိုက် ကြီးကြပ်မည်ဖြစ်ပြီး ဖြတ်သန်းမည့်သင်္ဘောများသည် အီရန်နိုင်ငံ လာကာကျွန်းနှင့် Qeshm ကျွန်းအနီးတွင် စစ်ဆေးမှုများခံယူရကာ အီရန် အာဏာပိုင်များက ရေဒီယိုလှိုင်းဖြင့် အတည်ပြုချက်ပေးမှသာ ဖြတ်သန်းခွင့်ရရှိသည်။ အဆိုပါ အထူးဖြတ်သန်းခွင့်ကို အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ အီရတ်နှင့် မလေးရှား စသည့်နိုင်ငံများမှ အစိုးရများနှင့် သံတမန်လမ်းကြောင်းများမှ တစ်ဆင့် လျှို့ဝှက်ပူးပေါင်းညှိနှိုင်းကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။
ရေကြောင်းအချက်အလက်များအရ လမ်းကြောင်းသစ်ကို အသုံးပြု၍ ဘေးကင်းစွာဖြတ်သန်း သွားခဲ့သော သင်္ဘောများရှိနေကြောင်းသိရသည်။ အမေရိကန်၏ Kharg ကျွန်းရှိ စစ်ရေးပစ်မှတ်များ ကိုတိုက်ခိုက်မှုအပြီးတွင် အီရန်က ကမ္ဘာ့ရေနံထောက် ပံ့မှု၏ (၂၀) ရာခိုင်နှုန်းခန့် စီးဆင်းရာ ဟော်မုဇ်ရေ လက်ကြားကိုအပြည့်အဝနီးပါး ပိတ်ဆို့ ထားခဲ့ကြောင်း သိရသည်။ သင်္ဘောကုမ္ပဏီများအတွက် အဆိုပါ ဒေါ်လာ (၂) သန်း ဖြတ်သန်းခအပြင် စစ်ဘေးအန္တရာယ် အာမခံကြေး (War-risk premium) များကြောင့် သင်္ဘောတန်ဖိုးကုန်ကျစရိတ်၏ (၃) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ရာ ကုန်ကျစရိတ်များ အားလုံးက ကမ္ဘာ့ရေနံနှင့် ကုန်ဈေးနှုန်းများအပေါ်သို့ တိုက်ရိုက်ရိုက်ခတ်လာဖွယ်ရှိ နေကြောင်းသိရသည်။ အီရန်နှင့်အမေရိကန်ဦးဆောင်သော မဟာမိတ်နိုင်ငံများကြား စစ်ပွဲစတင်ခဲ့ပြီးနောက် ဟောမုဇ် ရေလက်ကြားမှ ရေနံတင်သင်္ဘောများ အပါအဝင် သင်္ဘောအစင်းရေ (၉၀) ခန့်ဖြတ်သန်းခွင့်ရခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေဟာ္မုဇ္ေရလက္ၾကား “လုံၿခဳံေရးစႀကႍ”ေခါင္းစဥ္ျဖင့္ သေဘၤာတစ္စင္းလွ်င္ ေဒၚလာ (၂) သန္းအထိ အီရန္တို႔ ေကာက္ခံ ေန
ဂ်န္ဇက္ (NP News) - မတ္ ၂၁

အီရန္ႏိုင္ငံသည္ ကမာၻ႔အေရးအပါဆုံး ေရနံသယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းျဖစ္သည့္ ေဟာ္မုဇ္ေရလက္ၾကား (Strait of Hormuz) တြင္ ၎တို႔၏ေရပိုင္နက္ကိုျဖတ္သန္းမည့္ “လုံၿခဳံစြာ ျဖတ္သန္းခြင့္ စႀကႍ” (Safe Passage Corridor) တစ္ခုကို အသစ္ဖန္တီးလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါဖန္တီးလိုက္ေသာ စႀကႍလမ္းကို အီရန္အာဏာပိုင္မ်ားထံမွ ႀကိဳတင္ခြင့္ျပဳခ်က္ရရွိထားေသာ သေဘၤာ မ်ားသာ ျဖတ္သန္းခြင့္ရရွိမည္ျဖစ္ၿပီး က်န္ႏိုင္ငံတကာ ကုန္သြယ္ေရးသေဘၤာအမ်ားစုမွာမူ ျဖတ္သန္းခြင့္ ကန႔္သတ္ပိတ္ ပင္ သြားမည္ျဖစ္ေၾကာင္းသိရသည္။ Financial Times သတင္းဌာန ၏ေဖာ္ျပခ်က္အရအီရန္သည္ ၎၏ ေရေၾကာင္း ပိတ္ဆို႔မႈကို တိုးဂိတ္ (Toll Road) သဖြယ္ ေျပာင္းလဲအသုံးခ်လာၿပီးအာမခံခ်က္ရွိေသာ ျဖတ္သန္းခြင့္အတြက္ ေရနံတင္ သေဘၤာ ေအာ္ပေရတာတစ္ခုထံမွ အေမရိ ကန္ေဒၚလာ (၂) သန္းခန႔္ကို ေငြသား၊ ခရစ္ပတို (သို႔မဟုတ္) ကုန္စည္ ဖလွယ္ မႈစနစ္ျဖင့္ ေကာက္ခံခဲ့ ေၾကာင္း ေဖာ္ျပထားသည္။
အဆိုပါ အသစ္ဖန္တီးလိုက္သည့္ လုံၿခဳံေရးစႀကႍလမ္း အီရန္ (IRGC) ေရတပ္က တိုက္႐ိုက္ ႀကီးၾကပ္မည္ျဖစ္ၿပီး ျဖတ္သန္းမည့္သေဘၤာမ်ားသည္ အီရန္ႏိုင္ငံ လာကာကြၽန္းႏွင့္ Qeshm ကြၽန္းအနီးတြင္ စစ္ေဆးမႈမ်ားခံယူရကာ အီရန္ အာဏာပိုင္မ်ားက ေရဒီယိုလႈိင္းျဖင့္ အတည္ျပဳခ်က္ေပးမွသာ ျဖတ္သန္းခြင့္ရရွိသည္။ အဆိုပါ အထူးျဖတ္သန္းခြင့္ကို အိႏၵိယ၊ တ႐ုတ္၊ ပါကစၥတန္၊ အီရတ္ႏွင့္ မေလးရွား စသည့္ႏိုင္ငံမ်ားမွ အစိုးရမ်ားႏွင့္ သံတမန္လမ္းေၾကာင္းမ်ားမွ တစ္ဆင့္ လွ်ိဳ႕ဝွက္ပူးေပါင္းညႇိႏႈိင္းကာ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္းသိရသည္။
ေရေၾကာင္းအခ်က္အလက္မ်ားအရ လမ္းေၾကာင္းသစ္ကို အသုံးျပဳ၍ ေဘးကင္းစြာျဖတ္သန္း သြားခဲ့ေသာ သေဘၤာမ်ားရွိေနေၾကာင္းသိရသည္။ အေမရိကန္၏ Kharg ကြၽန္းရွိ စစ္ေရးပစ္မွတ္မ်ား ကိုတိုက္ခိုက္မႈအၿပီးတြင္ အီရန္က ကမာၻ႔ေရနံေထာက္ ပံ့မႈ၏ (၂၀) ရာခိုင္ႏႈန္းခန႔္ စီးဆင္းရာ ေဟာ္မုဇ္ေရ လက္ၾကားကိုအျပည့္အဝနီးပါး ပိတ္ဆို႔ ထားခဲ့ေၾကာင္း သိရသည္။ သေဘၤာကုမၸဏီမ်ားအတြက္ အဆိုပါ ေဒၚလာ (၂) သန္း ျဖတ္သန္းခအျပင္ စစ္ေဘးအႏၲရာယ္ အာမခံေၾကး (War-risk premium) မ်ားေၾကာင့္ သေဘၤာတန္ဖိုးကုန္က်စရိတ္၏ (၃) ရာခိုင္ႏႈန္းမွ (၅) ရာခိုင္ႏႈန္းအထိ ထိုးတက္သြားခဲ့ရာ ကုန္က်စရိတ္မ်ား အားလုံးက ကမာၻ႔ေရနံႏွင့္ ကုန္ေဈးႏႈန္းမ်ားအေပၚသို႔ တိုက္႐ိုက္႐ိုက္ခတ္လာဖြယ္ရွိ ေနေၾကာင္းသိရသည္။ အီရန္ႏွင့္အေမရိကန္ဦးေဆာင္ေသာ မဟာမိတ္ႏိုင္ငံမ်ားၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္ ေဟာမုဇ္ ေရလက္ၾကားမွ ေရနံတင္သေဘၤာမ်ား အပါအဝင္ သေဘၤာအစင္းေရ (၉၀) ခန႔္ျဖတ္သန္းခြင့္ရခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.