အီရန်တွင် ပဲ့ထိန်းဒုံးကျည်နှင့် ယူရေနီယံသန့်စင်နိုင်စွမ်း မရှိတော့ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု ကြေညာ

103

ဂျန်ဇက် (NP News) - မတ် ၂၁
အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းဆင်နွှဲနေသော လေကြောင်းစစ်ဆင်ရေးများကြောင့်အီရန်နိုင်ငံအနေဖြင့် ယူရေနီယံသန့်စင်ရန်နှင့် ပဲ့ထိန်းဒုံးကျည်များ ထုတ်လုပ်နိုင်စွမ်း လုံးဝမရှိတော့ကြောင်း အစ္စရေးဝန်ကြီးချုပ်နေ တန်ရာ ဟုက ထုတ်ဖော်ပြော ဆိုလိုက်သည်။
အစ္စရေးဝန်ကြီးချုပ်က ‘ကျွန်တော်တို့ အနိုင်ရနေပြီ၊ အီရန်ရဲ့ စစ်ရေးစွမ်းရည်တွေ ဖျက်ဆီး ခံလိုက်ရပြီ’ ဟု ပြောသည်။ အီရန်၏ နျူကလီးယား လက်နက်နှင့် ဒုံးကျည်အစိတ်အပိုင်းများ ထုတ်လုပ်နေသည့် စက်ရုံများကို အဓိက ထား တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ဆိုသည်။
အီရန်၏ ဒုံးကျည်နှင့် ဒရုန်းလက်နက်တိုက်များမှာလည်း အကြီးအကျယ် ပျက်စီးသွားပြီဖြစ်ပြီး လုံးဝပြုန်း တီးသွားအောင် ဆက်လက်လုပ်ဆောင်မည် ဟု အစ္စရေးဝန်ကြီးချုပ်ထပ်မံပြောဆိုခဲ့သည်။ ထို့ပြင် အစ္စရေးဝန်ကြီးချုပ်က အမေရိကန်ကို အီရန်နှင့် ဖြစ်ပွားနေသည့်ပဋိပက္ခအတွင်း အတင်းအကြပ် ဆွဲ သွင်းခဲ့သည်ဆိုသော စွပ်စွဲချက်များကို ငြင်းဆန်ပယ်ချခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးအကြား အလွန်နီးကပ်သော ပူးပေါင်း ဆောင်ရွက်မှုရှိပြီး အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်အတွက် အကောင်းဆုံးဖြစ်မည့် ဆုံးဖြတ်ချက်ကို ချမှတ်ခြင်း ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ကပြောသည်။
လက်ရှိအချိန်တွင် လေကြောင်း တိုက်ခိုက်မှုများကို အဓိကပြုလုပ်ခဲ့သော်လည်း စစ်ပွဲအဆုံး သတ်ရန်အတွက် “မြေပြင်စစ်ဆင်ရေး အစိတ်အပိုင်း”လည်းလိုအပ်လာနိုင်ကြောင်းနှင့် ဖြစ်နိုင်ခြေ များစွာရှိကြောင်း အစ္စရေးဝန်ကြီးချုပ် ကပြော သည်။
အီရန်အပေါ် ပြုလုပ်သည့် စစ်ဆင်ရေး၏ အဓိကရည်မှန်းချက်များထဲတွင် နျူကလီးယားအန္တ ရာယ်ကို ဖယ်ရှားရန်၊ မြေအောက်စခန်းများရှိ ပဲ့ထိန်း ဒုံးကျည်အန္တရာယ်ကိုဖယ်ရှားရန်နှင့် အီရန် ပြည်သူများ၎င်းတို့၏ လွတ်လပ် ခွင့်ကို ရယူနိုင်မည့် အခြေအနေတစ်ရပ် ဖန်တီးပေးရန် သို့မဟုတ် အစိုးရ ပြောင်းလဲရေးဖြစ်ကြောင်း အစ္စရေးဝန်ကြီး ချုပ်က ပြောသည်။
အစ္စရေးနိုင်ငံသည် ဖေဖော်ဝါရီ (၂၈)ရက် တွင် အီရန်နိုင်ငံကို အမေရိကန်နိုင်နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အီရန်နိုင်ငံရှိ မတူညီသော ပစ် မှတ်ပေါင်းထောင်ချီကို လေကြောင်းမှတိုက်ခိုက်ထားကြောင်း သိရသည်။

Zawgyi Version;
အီရန္တြင္ ပဲ့ထိန္းဒုံးက်ည္ႏွင့္ ယူေရနီယံသန႔္စင္ႏိုင္စြမ္း မရွိေတာ့ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု ေၾကညာ
ဂ်န္ဇက္ (NP News) - မတ္ ၂၁
အေမရိကန္ႏွင့္ အစၥေရးတို႔ ပူးေပါင္းဆင္ႏႊဲေနေသာ ေလေၾကာင္းစစ္ဆင္ေရးမ်ားေၾကာင့္အီရန္ႏိုင္ငံအေနျဖင့္ ယူေရနီယံသန႔္စင္ရန္ႏွင့္ ပဲ့ထိန္းဒုံးက်ည္မ်ား ထုတ္လုပ္ႏိုင္စြမ္း လုံးဝမရွိေတာ့ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေန တန္ရာ ဟုက ထုတ္ေဖာ္ေျပာ ဆိုလိုက္သည္။
အစၥေရးဝန္ႀကီးခ်ဳပ္က ‘ကြၽန္ေတာ္တို႔ အႏိုင္ရေနၿပီ၊ အီရန္ရဲ႕ စစ္ေရးစြမ္းရည္ေတြ ဖ်က္ဆီး ခံလိုက္ရၿပီ’ ဟု ေျပာသည္။ အီရန္၏ န်ဴကလီးယား လက္နက္ႏွင့္ ဒုံးက်ည္အစိတ္အပိုင္းမ်ား ထုတ္လုပ္ေနသည့္ စက္႐ုံမ်ားကို အဓိက ထား တိုက္ခိုက္ဖ်က္ဆီးခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက ဆိုသည္။
အီရန္၏ ဒုံးက်ည္ႏွင့္ ဒ႐ုန္းလက္နက္တိုက္မ်ားမွာလည္း အႀကီးအက်ယ္ ပ်က္စီးသြားၿပီျဖစ္ၿပီး လုံးဝျပဳန္း တီးသြားေအာင္ ဆက္လက္လုပ္ေဆာင္မည္ ဟု အစၥေရးဝန္ႀကီးခ်ဳပ္ထပ္မံေျပာဆိုခဲ့သည္။ ထို႔ျပင္ အစၥေရးဝန္ႀကီးခ်ဳပ္က အေမရိကန္ကို အီရန္ႏွင့္ ျဖစ္ပြားေနသည့္ပဋိပကၡအတြင္း အတင္းအၾကပ္ ဆြဲ သြင္းခဲ့သည္ဆိုေသာ စြပ္စြဲခ်က္မ်ားကို ျငင္းဆန္ပယ္ခ်ခဲ့သည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ အစၥေရးအၾကား အလြန္နီးကပ္ေသာ ပူးေပါင္း ေဆာင္႐ြက္မႈရွိၿပီး အေမရိ ကန္သမၼတ ေဒၚနယ္ထရမ့္သည္ အေမရိကန္အတြက္ အေကာင္းဆုံးျဖစ္မည့္ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ျခင္း ျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ကေျပာသည္။
လက္ရွိအခ်ိန္တြင္ ေလေၾကာင္း တိုက္ခိုက္မႈမ်ားကို အဓိကျပဳလုပ္ခဲ့ေသာ္လည္း စစ္ပြဲအဆုံး သတ္ရန္အတြက္ “ေျမျပင္စစ္ဆင္ေရး အစိတ္အပိုင္း”လည္းလိုအပ္လာႏိုင္ေၾကာင္းႏွင့္ ျဖစ္ႏိုင္ေျခ မ်ားစြာရွိေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ ကေျပာ သည္။
အီရန္အေပၚ ျပဳလုပ္သည့္ စစ္ဆင္ေရး၏ အဓိကရည္မွန္းခ်က္မ်ားထဲတြင္ န်ဴကလီးယားအႏၲ ရာယ္ကို ဖယ္ရွားရန္၊ ေျမေအာက္စခန္းမ်ားရွိ ပဲ့ထိန္း ဒုံးက်ည္အႏၲရာယ္ကိုဖယ္ရွားရန္ႏွင့္ အီရန္ ျပည္သူမ်ား၎တို႔၏ လြတ္လပ္ ခြင့္ကို ရယူႏိုင္မည့္ အေျခအေနတစ္ရပ္ ဖန္တီးေပးရန္ သို႔မဟုတ္ အစိုးရ ေျပာင္းလဲေရးျဖစ္ေၾကာင္း အစၥေရးဝန္ႀကီး ခ်ဳပ္က ေျပာသည္။
အစၥေရးႏိုင္ငံသည္ ေဖေဖာ္ဝါရီ (၂၈)ရက္ တြင္ အီရန္ႏိုင္ငံကို အေမရိကန္ႏိုင္ႏွင့္အတူ ပူးေပါင္းတိုက္ခိုက္ခဲ့ၿပီး အီရန္ႏိုင္ငံရွိ မတူညီေသာ ပစ္ မွတ္ေပါင္းေထာင္ခ်ီကို ေလေၾကာင္းမွတိုက္ခိုက္ထားေၾကာင္း သိရသည္။