အမြန်လမ်း၌ ကားတစ်စီးအရှိန်လွန်၍ တိမ်းမှောက်ရာ သံဃာတော်တစ်ပါး အပါအဝင် (၄)ဦး သေဆုံး

 622

သန့်မင်းအိမ် (NP News) - မတ် ၂၈

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ကားငယ်တစ်စီး အရှိန်လွန်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သံဃာတော်တစ်ပါး အပါအဝင် စုစုပေါင်း (၄) ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၈ ရက်)၊ နံနက် (၆ နာရီ) ဝန်းကျင်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း မောင်းနှင်လာသည့် ကားတစ်စီးသည် ပန်းတင်အမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၂၁၈/၄ အရောက်၌ အရှိန်လွန်၍ လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် သံဃာတော်တစ်ပါးနှင့် ကလေးငယ် (၂)ဦး တို့သည် ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား လူမှုကူညီရေးအသင်းဝင်များက နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးစဉ် အမျိုးသမီးဖြစ်သူမှာ လမ်းခရီး၌ပင် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သက်ဆိုင်ရာအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
အျမန္လမ္း၌ ကားတစ္စီးအရွိန္လြန္၍ တိမ္းေမွာက္ရာ သံဃာေတာ္တစ္ပါး အပါအဝင္ (၄)ဦး ေသဆုံး
သန႔္မင္းအိမ္ (NP News) - မတ္ ၂၈
ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးေပၚတြင္ ကားငယ္တစ္စီး အရွိန္လြန္၍ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာ သံဃာေတာ္တစ္ပါး အပါအဝင္ စုစုေပါင္း (၄) ဦး ေသဆုံးသြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂၈ ရက္)၊ နံနက္ (၆ နာရီ) ဝန္းက်င္ခန႔္က ရန္ကုန္-မႏၲေလးအျမန္လမ္းအတိုင္း ေမာင္းႏွင္လာသည့္ ကားတစ္စီးသည္ ပန္းတင္အျမန္လမ္းမီးသတ္စခန္းအပိုင္ မိုင္တိုင္အမွတ္ ၂၁၈/၄ အေရာက္၌ အရွိန္လြန္၍ လမ္းေဘးသို႔ တိမ္းေမွာက္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ကားေပၚတြင္ လိုက္ပါလာသည့္ သံဃာေတာ္တစ္ပါးႏွင့္ ကေလးငယ္ (၂)ဦး တို႔သည္ ရရွိေသာဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ၌ပင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျပင္းထန္ဒဏ္ရာရရွိခဲ့သည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔အား လူမႈကူညီေရးအသင္းဝင္မ်ားက ေနျပည္ေတာ္ ခုတင္ (၁၀၀၀) ေဆး႐ုံသို႔ အေရးေပၚပို႔ေဆာင္ေပးစဥ္ အမ်ိဳးသမီးျဖစ္သူမွာ လမ္းခရီး၌ပင္ ထပ္မံေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ သက္ဆိုင္ရာအျမန္လမ္းမီးသတ္စခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ လူမႈကူညီေရးအသင္းမ်ားက လိုအပ္သည့္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.