တရုတ်မယားအဖြစ် အခကြေးငွေယူ ချိတ်ဆက်၊ ခေါင်းပုံဖြတ်၊ လိမ်လည်သူများအား အရေးယူ

 381

သန့်မင်းအိမ် (NP News) - မတ် ၂၈

တရုတ်မယားအဖြစ် အခကြေးငွေယူ ချိတ်ဆက်၊ ခေါင်းပုံဖြတ်၊ လိမ်လည်သူများအား အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပထမဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန်အိမ်ရာတွင် နေထိုင်သည့် မမေမြတ်သူ (ခ) မေသူနှင့် တရုတ်နိုင်ငံသား Mr. SHAOXUAN တို့ လင်မယားသည် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့် လက်ထပ်ပေါင်းသင်းစေကာ ငွေကြေးခေါင်းပုံဖြတ်နေကြောင်း သတင်းအရ အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်) က ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာအမျိုးသမီး (၃) ဦးနှင့် တရုတ်နိုင်ငံသား (၃) ဦးတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းတို့လင်မယားသည် တရုတ်နိုင်ငံသားများထံမှ တစ်ဦးလျှင် ယွမ် (၄၀,၀၀၀) စီ ရယူခဲ့ပြီး မြန်မာအမျိုးသမီးများကို ငွေကျပ်သိန်း (၄၀) ခန့်စီသာ ပေးအပ်ကာ ကျန်ငွေများကို ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မင်္ဂလာဒုံခရိုင်တရားရုံးက မတ်လ (၂၄) ရက်တွင် တရားခံ မမေမြတ်သူ (ခ) မေသူနှင့် Mr. SHAOXUAN တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်ခဲ့ပြီး ကျန်တရုတ်နိုင်ငံသား (၃) ဦး နှင့် ပွဲစားအမျိုးသမီး (၃) ဦးတို့ကိုလည်း အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
အလားတူ မကွေးမြို့နယ်မှ အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ထမင်းဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးကာ တရုတ်မယားအဖြစ် ရောင်းစားရန် ကြိုးပမ်းခဲ့သည့် မယမင်းထက် (ခ) မထက်ကိုလည်း မဟာအောင်မြေခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့် ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မှော်ဘီမြို့နယ်မှ အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသား Mr. Li Wei နှင့် ၅ လခန့် ပေါင်းသင်းနေထိုင်စေပြီး အကျိုးဆောင်ခ ယွမ် (၄၀,၀၀၀) ရယူခဲ့သည့် အမှုတွင်လည်း မင်္ဂလာဒုံခရိုင်တရားရုံးက တရားခံ မမေမြတ်သူ (ခ) မေသူနှင့် Mr. SHAOXUAN တို့ကို အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ်စီ၊ တရုတ်နိုင်ငံသား Mr. Li Wei ကို အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီ အသီးသီး ထပ်မံချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် အဆိုပါလူကုန်ကူးမှုဖြစ်စဉ်များ၌ ပါဝင်ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများဖြစ်ကြသော မအေးအေးထွေး၊ မသန်းသန်းစိုး (ခ) တရုတ်မ နှင့် အေးချမ်းမြေ့တို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၈၇၊၈၈) အရ ဖမ်းဝရမ်းများ အတည်ပြုထုတ်ဆင့်ထားကြောင်း သိရသည်။

Zawgyi Version;
တ႐ုတ္မယားအျဖစ္ အခေၾကးေငြယူ ခ်ိတ္ဆက္၊ ေခါင္းပုံျဖတ္၊ လိမ္လည္သူမ်ားအား အေရးယူ
သန႔္မင္းအိမ္ (NP News) - မတ္ ၂၈
တ႐ုတ္မယားအျဖစ္ အခေၾကးေငြယူ ခ်ိတ္ဆက္၊ ေခါင္းပုံျဖတ္၊ လိမ္လည္သူမ်ားအား အေရးယူထားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ပထမျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ခေရပင္ရိပ္မြန္အိမ္ရာတြင္ ေနထိုင္သည့္ မေမျမတ္သူ (ခ) ေမသူႏွင့္ တ႐ုတ္ႏိုင္ငံသား Mr. SHAOXUAN တို႔ လင္မယားသည္ ျမန္မာအမ်ိဳးသမီးမ်ားကို တ႐ုတ္ႏိုင္ငံသားမ်ားႏွင့္ လက္ထပ္ေပါင္းသင္းေစကာ ေငြေၾကးေခါင္းပုံျဖတ္ေနေၾကာင္း သတင္းအရ အမွတ္ (၆) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕စု (ရန္ကုန္) က ဝင္ေရာက္စစ္ေဆးခဲ့ရာ ျမန္မာအမ်ိဳးသမီး (၃) ဦးႏွင့္ တ႐ုတ္ႏိုင္ငံသား (၃) ဦးတို႔ကို ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ ၎တို႔လင္မယားသည္ တ႐ုတ္ႏိုင္ငံသားမ်ားထံမွ တစ္ဦးလွ်င္ ယြမ္ (၄၀,၀၀၀) စီ ရယူခဲ့ၿပီး ျမန္မာအမ်ိဳးသမီးမ်ားကို ေငြက်ပ္သိန္း (၄၀) ခန႔္စီသာ ေပးအပ္ကာ က်န္ေငြမ်ားကို ေခါင္းပုံျဖတ္ရယူခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မဂၤလာဒုံခ႐ိုင္တရား႐ုံးက မတ္လ (၂၄) ရက္တြင္ တရားခံ မေမျမတ္သူ (ခ) ေမသူႏွင့္ Mr. SHAOXUAN တို႔ကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ (၃၅) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၅) ႏွစ္စီ ခ်မွတ္ခဲ့ၿပီး က်န္တ႐ုတ္ႏိုင္ငံသား (၃) ဦး ႏွင့္ ပြဲစားအမ်ိဳးသမီး (၃) ဦးတို႔ကိုလည္း အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၀) ႏွစ္စီက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့သည္။
အလားတူ မေကြးၿမိဳ႕နယ္မွ အမ်ိဳးသမီးတစ္ဦးကို တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕ရွိ ထမင္းဆိုင္တြင္ အလုပ္ရမည္ဟု လိမ္လည္စည္း႐ုံးကာ တ႐ုတ္မယားအျဖစ္ ေရာင္းစားရန္ ႀကိဳးပမ္းခဲ့သည့္ မယမင္းထက္ (ခ) မထက္ကိုလည္း မဟာေအာင္ေျမခ႐ိုင္တရား႐ုံးက လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ (၃၅) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၁) ႏွစ္ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေမွာ္ဘီၿမိဳ႕နယ္မွ အမ်ိဳးသမီးတစ္ဦးကို တ႐ုတ္ႏိုင္ငံသား Mr. Li Wei ႏွင့္ ၅ လခန႔္ ေပါင္းသင္းေနထိုင္ေစၿပီး အက်ိဳးေဆာင္ခ ယြမ္ (၄၀,၀၀၀) ရယူခဲ့သည့္ အမႈတြင္လည္း မဂၤလာဒုံခ႐ိုင္တရား႐ုံးက တရားခံ မေမျမတ္သူ (ခ) ေမသူႏွင့္ Mr. SHAOXUAN တို႔ကို အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၅) ႏွစ္စီ၊ တ႐ုတ္ႏိုင္ငံသား Mr. Li Wei ကို အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၀) ႏွစ္စီ အသီးသီး ထပ္မံခ်မွတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕၏ထုတ္ျပန္ခ်က္အရ သိရသည္။
လက္ရွိတြင္ အဆိုပါလူကုန္ကူးမႈျဖစ္စဥ္မ်ား၌ ပါဝင္ပတ္သက္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္ တရားခံမ်ားျဖစ္ၾကေသာ မေအးေအးေထြး၊ မသန္းသန္းစိုး (ခ) တ႐ုတ္မ ႏွင့္ ေအးခ်မ္းေျမ့တို႔အား ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ (၈၇၊၈၈) အရ ဖမ္းဝရမ္းမ်ား အတည္ျပဳထုတ္ဆင့္ထားေၾကာင္း သိရသည္။

Picture

Hlaing Wai Phyo

28/03/2026 15:30

ယခင်္ကကိုယ့္ရြာကအပ်ိုကိုအျခားရြာကဦးေယာက္်းလာပိုးရင်္လက်္မခံတဲ့ဗမာေတြဘာျဖစ္ကုန္ျပီလဲ။

Related news

© 2021. All rights reserved.