လှိုင်သာယာတပ်ထိပ်မီးပွိုင့်အနီး ကုန်ကားဖြင့် ဝင်တိုက်မိရာ လမ်းဖြတ်ကူးနေသည့်အမျိုးသမီးတစ်ဦး သေဆုံး

524

သန့်မင်းအိမ် (NP News) - မတ်၂၈
လှိုင်သာယာတပ်ထိပ်မီးပွိုင့်အနီး ကုန်ကားဖြင့် ဝင်တိုက်မိရာ လမ်းဖြတ်ကူးနေသည့် အမျိုးသမီးတစ်ဦးသေဆုံး သွားခဲ့ကြောင်း ဒေသခံပရဟိတအသင်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ် ၂၈ ရက်) ၊ နေ့လည် (၁) နာရီဝန်းကျင်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ တပ်ထိပ်မီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တပ်ထိပ်မီးပွိုင့်အနီး အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် အသက် (၈) နှစ်အရွယ် ၎င်း၏ မြေးဖြစ်သူနှင့်အတူ လမ်းဖြတ်ကူးစဉ် ကုန်တင်ကားတစ်စီးက တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြေးအဘွားနှစ်ယောက် လမ်းကူးတာကို အဲဒီ ဆယ်ဘီး ကုန်ကားဝင်တိုက်လိုက်တာ။ အဘွားဖြစ်သူကတော့ ဆုံးသွားတယ်၊ မြေးမလေးကတော့ ဘေးကင်းသွားပါတယ်” ဟု အခင်းဖြစ်ပွားရာသို့ရောက်ရှိခဲ့သည့် ပရဟိတသမား တစ်ဦးက NP News သို့ ပြောသည်။
ဖြစ်စဉ်ကြောင့် အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည့် အတွက် ၎င်းရုပ်အလောင်းအား ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ထို့အပြင် သက်ဆိုင်ရာတာဝန်ရှိသူများမှ သေဆုံးသူ၏ မိသားစုဝင်များနှင့် ဆက်သွယ်နိုင်ရန် စုံစမ်းဆောင်ရွက် နေကြောင်းလည်း သိရသည်။

Zawgyi Version;
လႈိင္သာယာတပ္ထိပ္မီးပြိဳင့္အနီး ကုန္ကားျဖင့္ ဝင္တိုက္မိရာ လမ္းျဖတ္ကူးေနသည့္အမ်ိဳးသမီးတစ္ဦး ေသဆုံး
သန႔္မင္းအိမ္ (NP News) - မတ္၂၈
လႈိင္သာယာတပ္ထိပ္မီးပြိဳင့္အနီး ကုန္ကားျဖင့္ ဝင္တိုက္မိရာ လမ္းျဖတ္ကူးေနသည့္ အမ်ိဳးသမီးတစ္ဦးေသဆုံး သြားခဲ့ေၾကာင္း ေဒသခံပရဟိတအသင္းမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္ ၂၈ ရက္) ၊ ေန႔လည္ (၁) နာရီဝန္းက်င္ခန႔္က ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာ ၿမိဳ႕နယ္၊ တပ္ထိပ္မီးပြိဳင့္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ တပ္ထိပ္မီးပြိဳင့္အနီး အသက္ (၅၀) ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ အသက္ (၈) ႏွစ္အ႐ြယ္ ၎၏ ေျမးျဖစ္သူႏွင့္အတူ လမ္းျဖတ္ကူးစဥ္ ကုန္တင္ကားတစ္စီးက တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေျမးအဘြားႏွစ္ေယာက္ လမ္းကူးတာကို အဲဒီ ဆယ္ဘီး ကုန္ကားဝင္တိုက္လိုက္တာ။ အဘြားျဖစ္သူကေတာ့ ဆုံးသြားတယ္၊ ေျမးမေလးကေတာ့ ေဘးကင္းသြားပါတယ္” ဟု အခင္းျဖစ္ပြားရာသို႔ေရာက္ရွိခဲ့သည့္ ပရဟိတသမား တစ္ဦးက NP News သို႔ ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ အသက္ (၅၀) ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့သည့္ အတြက္ ၎႐ုပ္အေလာင္းအား ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
ထို႔အျပင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွ ေသဆုံးသူ၏ မိသားစုဝင္မ်ားႏွင့္ ဆက္သြယ္ႏိုင္ရန္ စုံစမ္းေဆာင္႐ြက္ ေနေၾကာင္းလည္း သိရသည္။