ICA အရာရှိကို ကားနဲ့ ဒရွတ်တိုက်ဆွဲခဲ့တဲ့ စင်ကာပူအမျိုးသား ထောင်ဒဏ် (၈) လကျော် ချမှတ်ခံရ

183

ရောင်နီ (NP News) - မတ် ၂၈
စင်ကာပူနိုင်ငံ၊ Woodlands စစ်ဆေးရေးဂိတ်မှာ လောင်စာဆီ စစ်ဆေးနေတဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးအာဏာပိုင် (ICA) အရာရှိတစ်ဦးကို ကားနဲ့ ဒရွတ်တိုက် ဆွဲခေါ်ကာ ဒဏ်ရာရရှိစေခဲ့သူ စင်ကာပူ နိုင်ငံသား စတိဗ်လင်းဝေလောင် ကို မတ်လ (၂၅) ရက်မှာ တရားရုံးက ထောင်ဒဏ် (၈) လနဲ့ (၃) ပတ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အသက် (၄ဝ) နှစ် အရွယ်ရှိ လင်းဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က သူငယ်ချင်းဖြစ်သူကို သွားကြိုဖို့ Woodlands စစ်ဆေးရေးဂိတ်ကို မောင်းနှင်လာခဲ့တာဖြစ်ပြီး အဲဒီမှာ ရဲအရာရှိတွေက လောင်စာဆီပမာဏ စစ်ဆေးဖို့ တားမြစ်ခဲ့ပါတယ်။ စစ်ဆေးမှုအရ ၎င်းရဲ့ ကားအတွင်းရှိ ဆီပမာဏဟာ ဥပဒေအရ သတ်မှတ်ထားတဲ့အောက်ရောက်ရှိနေတာကြောင့် အရာရှိက ရှေ့ဆက်သွားခွင့်မပြုဘဲ ကားရပ်ဖို့နဲ့ နိုင်ငံကူးလက်မှတ်အပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
တရားရုံး တင်ပြချက်တွေအရ အရာရှိဖြစ်သူဟာ ကားအတွင်းပိုင်းရှိ ဆီဒိုင်ခွက်ကို ကြည့်ရှုစစ်ဆေးဖို့ ပြတင်းပေါက်မှတစ်ဆင့် ၎င်းရဲ့ခေါင်းနဲ့ ခန္ဓာကိုယ်အထက်ပိုင်းကို ကားထဲ သွင်းထားချိန်မှာ လင်းက အရှိန်မြှင့် မောင်းထွက်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အရာရှိဟာ ကားနဲ့အတူ (၄) မီတာခန့် အကွာအထိ ဒရွတ်တိုက် ပါသွားခဲ့ပြီး ညာဘက်ဒူးမှာ ညိုမဲဒဏ်ရာတွေ ရရှိခဲ့ကာ Ng Teng Fong ဆေးရုံကို ပို့ဆောင်ကုသခဲ့ရပါတယ်။
လင်း ကတော့ အရာရှိကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိကြောင်းနဲ့ အရာရှိက ကားကိုလွှတ်ပေးလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြောင်း လျှောက်လဲခဲ့ပေမယ့် အစိုးရရှေ့နေကတော့ ၄င်းဟာ အန္တရာယ်ရှိမှန်းသိလျက်နဲ့ တမင်တကာ အရှိန်မြှင့်ခဲ့ခြင်းဖြစ်တယ်လို့ တုံ့ပြန်ကာ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၅) ရက်မှာ ပစ်ဒဏ် ချမှတ်လိုက်ပါတယ်။

Zawgyi Version;
ICA အရာရွိကို ကားနဲ႔ ဒ႐ြတ္တိုက္ဆြဲခဲ့တဲ့ စင္ကာပူအမ်ိဳးသား ေထာင္ဒဏ္ (၈) လေက်ာ္ ခ်မွတ္ခံရ
ေရာင္နီ (NP News) - မတ္ ၂၈
စင္ကာပူႏိုင္ငံ၊ Woodlands စစ္ေဆးေရးဂိတ္မွာ ေလာင္စာဆီ စစ္ေဆးေနတဲ့လူဝင္မႈႀကီးၾကပ္ေရးနဲ႔ စစ္ေဆးေရးအာဏာပိုင္ (ICA) အရာရွိတစ္ဦးကို ကားနဲ႔ ဒ႐ြတ္တိုက္ ဆြဲေခၚကာ ဒဏ္ရာရရွိေစခဲ့သူ စင္ကာပူ ႏိုင္ငံသား စတိဗ္လင္းေဝေလာင္ ကို မတ္လ (၂၅) ရက္မွာ တရား႐ုံးက ေထာင္ဒဏ္ (၈) လနဲ႔ (၃) ပတ္ ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။
အသက္ (၄ဝ) ႏွစ္ အ႐ြယ္ရွိ လင္းဟာ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ ၁၂ ရက္ေန႔က သူငယ္ခ်င္းျဖစ္သူကို သြားႀကိဳဖို႔ Woodlands စစ္ေဆးေရးဂိတ္ကို ေမာင္းႏွင္လာခဲ့တာျဖစ္ၿပီး အဲဒီမွာ ရဲအရာရွိေတြက ေလာင္စာဆီပမာဏ စစ္ေဆးဖို႔ တားျမစ္ခဲ့ပါတယ္။ စစ္ေဆးမႈအရ ၎ရဲ႕ ကားအတြင္းရွိ ဆီပမာဏဟာ ဥပေဒအရ သတ္မွတ္ထားတဲ့ေအာက္ေရာက္ရွိေနတာေၾကာင့္ အရာရွိက ေရွ႕ဆက္သြားခြင့္မျပဳဘဲ ကားရပ္ဖို႔နဲ႔ ႏိုင္ငံကူးလက္မွတ္အပ္ဖို႔ ၫႊန္ၾကားခဲ့ပါတယ္။
တရား႐ုံး တင္ျပခ်က္ေတြအရ အရာရွိျဖစ္သူဟာ ကားအတြင္းပိုင္းရွိ ဆီဒိုင္ခြက္ကို ၾကည့္ရႈစစ္ေဆးဖို႔ ျပတင္းေပါက္မွတစ္ဆင့္ ၎ရဲ႕ေခါင္းနဲ႔ ခႏၶာကိုယ္အထက္ပိုင္းကို ကားထဲ သြင္းထားခ်ိန္မွာ လင္းက အရွိန္ျမႇင့္ ေမာင္းထြက္ခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ အရာရွိဟာ ကားနဲ႔အတူ (၄) မီတာခန႔္ အကြာအထိ ဒ႐ြတ္တိုက္ ပါသြားခဲ့ၿပီး ညာဘက္ဒူးမွာ ညိဳမဲဒဏ္ရာေတြ ရရွိခဲ့ကာ Ng Teng Fong ေဆး႐ုံကို ပို႔ေဆာင္ကုသခဲ့ရပါတယ္။
လင္း ကေတာ့ အရာရွိကို ထိခိုက္ေစလိုတဲ့ ဆႏၵမရွိေၾကာင္းနဲ႔ အရာရွိက ကားကိုလႊတ္ေပးလိမ့္မယ္လို႔ ထင္မွတ္ခဲ့ေၾကာင္း ေလွ်ာက္လဲခဲ့ေပမယ့္ အစိုးရေရွ႕ေနကေတာ့ ၄င္းဟာ အႏၲရာယ္ရွိမွန္းသိလ်က္နဲ႔ တမင္တကာ အရွိန္ျမႇင့္ခဲ့ျခင္းျဖစ္တယ္လို႔ တုံ႔ျပန္ကာ ၂၀၂၆ ခုႏွစ္၊ မတ္လ (၂၅) ရက္မွာ ပစ္ဒဏ္ ခ်မွတ္လိုက္ပါတယ္။