မြန်မာနှင့် လာအိုသို့ လောင်စာဆီ ဆက်လက်တင်ပို့ရခြင်းကို ထိုင်းအစိုးရ ရှင်းပြ

 3746

HtayOung (NP News)- မတ် ၃၀

ထိုင်းပြည်သူများကိုယ်တိုင် ဓာတ်ဆီဆိုင်များမှာ တန်းစီနေရပြီး လောင်စာဆီ ရှားပါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး အစိုးရက အခြေအနေကို ထိန်းချုပ်ရန် အရေးပေါ်အစီအမံများကို အသုံးပြုနေရပါတယ်။

တစ်ချိန်တည်းမှာပဲ အရှေ့အလယ်ပိုင်းပဋိပက္ခဟာ ရက်ရှည် ဆက်လက်ဖြစ်ပွားနေပြီး ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံ သယ်ယူူမှုကို အနှောင့်အယှက်ဖြစ်စေမယ်ဆိုရင် အကျပ်အတည်းဟာ ပိုမိုဆိုးရွားလာနိုင်တယ်လို့ စိုးရိမ်မှုများ ရှိနေကြောင်း ဘန်ကောက်အခြေစိုက် “နေးရှင်းသတင်းစာ” (29 March 2026) က ရေးပါတယ်။

ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်ဟာ အခြားနိုင်ငံများသို့ ရေနံတင်ပို့မှုကို ပိတ်ပင်ရန် အမိန့်ပေးခဲ့ပေမယ့် မြန်မာနဲ့ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံကိုတော့ ခြွင်းချန်ထားပါတယ်။ ထိုင်းတို့ကိုယ်တိုင် ရှားပါးမှုပြတ်လပ် နေခိုက် အဲ့ဒီ နှစ်နိုင်ငံကို နေ့စဉ် လောင်စာဆီ လီတာ ၅ သန်းခန့် တင်ပို့နေရခြင်းနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်စရာ ဖြစ်လာရပါတယ်။

ယခုလို ဆုံးဖြတ်ရခြင်းဟာ နှစ်နိုင်ငံစလုံးနဲ့ လက်ရှိသဘောတူညီချက်များကြောင့်သာမက ထိုင်းနိုင်ငံ စွမ်း အင် မဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အနုတင် အစိုးရက ရှင်းလင်းပြပါတယ်။ အထူးသဖြင့် ကမ္ဘာ့ LNG ဈေးနှုန်းတွေဟာ BTU တစ်သန်းလျှင် ဒေါ်လာ ၁၀ မှ ၂၅ အထိ မြင့်တက်လာသည်နဲ့အမျှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် လောင်စာဆီကုန်ကျစရိတ်များ သိသိသာသာ မြင့်တက်လာနိုင်ကြောင်း အရာရှိများက ဆိုပါတယ်။

လက်ရှိ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ တစ်နေ့လျှင် လီတာ ၄ သန်းကျော်နဲ မြန်မာနိုင်ငံသို့ တစ်နေ့လျှင် လီတာ ၃၀၀,၀၀၀ ခန့် စုစုပေါင်း လီတာ ၅ သန်းခန့်ကိုတော့ ဆက်လက်ပေးပို့နေရပါလိမ့်မယ်။

ထိုင်းနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ အိမ်နီးချင်း အခြားနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပါတယ်။ အထူး သဖြင့် ရေအားလျှပ်စစ် တင်သွင်းနေရတဲ့ လာအိုနိုင်ငံကို လောင်စာဆီ ပြန်လည်ထောက်ပံ့ပေးရန် လိုအပ်နေ သေးကြောင်း၊ ကမ္ဘာ့ဓာတ်ငွေ့ဈေးနှုန်းများ ဆက်လက်မြင့်တက်နေမယ်ဆိုရင် ထိုင်းအနေနဲ့ သဘာဝဓာတ် ငွေ့၊ ရေအားလျှပ်စစ်နဲ့ ကျောက်မီးသွေးတို့ကို ရောနှောအသုံးပြုခြင်းဖြင့် လျှပ်စစ်ထုတ်လုပ်မှုကို ချိန်ညှိရန် လိုအပ်နိုင်တယ်လို့ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) အထွေထွေ အတွင်း ရေးမှူး ဒါနုချာ ပီချာယာနန်က ရှင်းပြပါတယ်။

အနာဂတ်ကာလ ဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်လာတဲ့အခါ လျှပ်စစ်ဓါတ်အားခ ဈေးနှုန်းများ တည်ငြိမ် စေ ရန်အတွက် ထိုင်းအနေနဲ့ ရေအားလျှပ်စစ်ကို ပိုမိုဝယ်ယူတင်သွင်းရန် လိုအပ်နိုင်ပါတယ်။ ဒီအတွက် ထိုင်းအ နေနဲ့ အိမ်နီးချင်းနိုင်ငံများကို ယခုလို ဆက်လက်ထောက်ပံ့ရန် အရေးကြီးတယ်လို့ ပြောပါတယ်။

(တောင်အာရှနိုင်ငံ ဘင်္ဂလားဒေ့ရှ်နဲ့ အရှေ့တောင်အာရှ ထိုင်းတို့မှာ ရေအားလျှပ်စစ် (hydropower) ကို ကိုယ်တိုင် အများအပြား ထုတ်လုပ်နိုင်ခြင်း မရှိပါဘူး၊ အဓိကအားဖြင့် ပထဝီဝင်မြေမျက်နှာသွင်ပြင်+ မြစ်ရေ စီးပုံ + ပတ်ဝန်းကျင်အနေအထားနဲ့ လူမှုရေးအကန့်အသတ် တွေကြောင့် ဖြစ်ပါတယ်။ ရေအားလျှပ်စစ်အ တွက် မြင့်မားတဲ့ တောင်တန်း+ရေစီးအားမြန်ဖို့ လိုအပ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့မြေပြင်အများစုဟာ မြစ်ဝှမ်းပြန့်ပြန့် (delta) ဖြစ်ပြီး တောင်တန်းနည်းပါတယ်။ မြစ်ရေစီးဝင်မှု များပေမယ့် အိန္ဒိယနဲ့ မျှဝေသုံးစွဲနေရပြီး အနည်ကျမှု များပါတယ်။ ထိုင်းမှာ တောင်တန်းတွေရှိပေမယ့် အမြင့် ကြီးမားပြီး လျှောဇောက်ပြေပြစ်မှုနည်းပါတယ်။ ဒါကြောင့် အဲ့ဒီ နှစ်နိုင်ငံဟာ “ဆည်” တည်ဆောက်ပြီး ရေအား လျှပ်စစ်ထုတ်ယူရန် အဆင်မပြေပါ။
ဘင်္ဂလားဒေ့ရှ်ဟာ ရှမ်းပြည်နယ်လောက်သာ ကျယ်ဝန်းပြီး လူဦးရေမှာတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ ၃ ဆ လောက်ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ မြစ်ကြီးများဟာ အိမ်နီးချင်းနိုင်ငံများနဲ့ မျှဝေပိုင်ဆိုင်ပါတယ်၊ လူဦးရေပျံ့နှံ့ပုံအရ ဆည်ဆောက်ရန် အခက်အခဲရှိပါတယ်။

ဒါကြောင့် ရေအားလျှပ်စစ်ကို ဘင်္ဂလားဒေ့ရှ်ဟာ နီပေါက ထိုင်းငံဟာ လာအိုနိုင်ငံထံမှ ဝယ်သုံးပါတယ်။ ထိုင်း ရဲ့ဘဏ္ဍာရေးအခြေအနေ မိတ်ဖက်နိုင်ငံများနဲ့ နည်းပညာလက်လှမ်းမီမှုမှာ သဘာဝဓါတ် ငွေ့ဓါတ်အားပေး စက်ရုံတည်ဆောက်ရန် အခက်အခဲ မရှိပါဘူး၊ မြန်မာဟာ ရုတ်တရက် ရှာဖွေတွေ့ရှိတဲ့ သဘာဝဓါတ်ငွေ့ကို ချက်ချင်းအသုံးမချနိုင်ပါဘူး၊ နိုင်ငံခြားငွေ လိုအပ်မှုနဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေလည်း ရှိနေပါတယ်၊ ဒီအတွက် မြန်မာထံမှ သဘာဝဓါတ်ငွေ့ ဝယ်ယူပါတယ်။

အထူးသဖြင့် အဲ့ဒီနိုင်ငံတွေဟာ မြန်မာနဲ့ ပညာရေးတည်ဆောက်မှုပုံသဏ္ဍာန် အလွန်ကွာခြားတယ်။ မြန်မာမှာ အခွင့်အရေးဆိုတာ တိုက်ယူမှ ရတယ်ဆိုတဲ့ လွတ်လပ်ရေး မရခင် ဗကပတို့ လက်သုံးစကားဟာ ဒီနေ့ NUG , AA နဲ့ မျိုးဆက်သစ် PDF တို့ ပါးစပ်ထဲ ရောက်နေတယ်
အာဏာရှင်ဖယ်ရှားရေးလို့ အသံကောင်းဟစ်ယုံနဲ့ တုတ်ဆွဲ ဓါးဆွဲ နောက်လိုက်တစ်ပုံကြီး နိုင်တာ မြန်မာပြည်မှာပဲ ရှိတော့တယ်၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းမှာ လူကြိုက်မများပါ။ အာဏာမရလို့ အဝေးရောက် စင်ပြိုင် အစိုးရဖွဲ့ပြီး အမိဇာတိနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ဖို့ လူငယ်တွေ လက်နက်ကိုင် သူပုန်ထဖို့ မြှောက်ပေးသူ နိုင်ငံရေးသမား သူတို့ဆီမှာ မရှိပါ။

Zawgyi version:

ထိုင္းျပည္သူမ်ားကိုယ္တိုင္ ဓာတ္ဆီဆိုင္မ်ားမွာ တန္းစီေနရၿပီး ေလာင္စာဆီ ရွားပါးျပတ္လပ္မႈနဲ႔ ရင္ဆိုင္ေနရၿပီး အစိုးရက အေျခအေနကို ထိန္းခ်ဳပ္ရန္ အေရးေပၚအစီအမံမ်ားကို အသုံးျပဳေနရပါတယ္။
တစ္ခ်ိန္တည္းမွာပဲ အေရွ႕အလယ္ပိုင္းပဋိပကၡဟာ ရက္ရွည္ ဆက္လက္ျဖစ္ပြားေနၿပီး ေဟာ္မုဇ္ေရလက္ၾကားမွတစ္ဆင့္ ေရနံ သယ္ယူူမႈကို အေႏွာင့္အယွက္ျဖစ္ေစမယ္ဆိုရင္ အက်ပ္အတည္းဟာ ပိုမိုဆိုး႐ြားလာႏိုင္တယ္လို႔ စိုးရိမ္မႈမ်ား ရွိေနေၾကာင္း ဘန္ေကာက္အေျခစိုက္ “ေနးရွင္းသတင္းစာ” (29 March 2026) က ေရးပါတယ္။
ဝန္ႀကီးခ်ဳပ္ အႏုတင္ ခ်န္ဗီရာကူးလ္ဟာ အျခားႏိုင္ငံမ်ားသို႔ ေရနံတင္ပို႔မႈကို ပိတ္ပင္ရန္ အမိန႔္ေပးခဲ့ေပမယ့္ ျမန္မာနဲ႔ လာအိုဒီမိုကရက္တစ္သမၼတႏိုင္ငံကိုေတာ့ ႁခြင္းခ်န္ထားပါတယ္။ ထိုင္းတို႔ကိုယ္တိုင္ ရွားပါးမႈျပတ္လပ္ ေနခိုက္ အဲ့ဒီ ႏွစ္ႏိုင္ငံကို ေန႔စဥ္ ေလာင္စာဆီ လီတာ ၅ သန္းခန႔္ တင္ပို႔ေနရျခင္းနဲ႔ ပတ္သက္ၿပီး ေမးခြန္း ထုတ္စရာ ျဖစ္လာရပါတယ္။
ယခုလို ဆုံးျဖတ္ရျခင္းဟာ ႏွစ္ႏိုင္ငံစလုံးနဲ႔ လက္ရွိသေဘာတူညီခ်က္မ်ားေၾကာင့္သာမက ထိုင္းႏိုင္ငံ စြမ္း အင္ မဟာဗ်ဴဟာရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း အႏုတင္ အစိုးရက ရွင္းလင္းျပပါတယ္။ အထူးသျဖင့္ ကမာၻ႔ LNG ေဈးႏႈန္းေတြဟာ BTU တစ္သန္းလွ်င္ ေဒၚလာ ၁၀ မွ ၂၅ အထိ ျမင့္တက္လာသည္နဲ႔အမွ် လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈအတြက္ ေလာင္စာဆီကုန္က်စရိတ္မ်ား သိသိသာသာ ျမင့္တက္လာႏိုင္ေၾကာင္း အရာရွိမ်ားက ဆိုပါတယ္။
လက္ရွိ လာအိုဒီမိုကရက္တစ္သမၼတႏိုင္ငံသို႔ တစ္ေန႔လွ်င္ လီတာ ၄ သန္းေက်ာ္နဲ ျမန္မာႏိုင္ငံသို႔ တစ္ေန႔လွ်င္ လီတာ ၃၀၀,၀၀၀ ခန႔္ စုစုေပါင္း လီတာ ၅ သန္းခန႔္ကိုေတာ့ ဆက္လက္ေပးပို႔ေနရပါလိမ့္မယ္။
ထိုင္းႏိုင္ငံရဲ႕ စြမ္းအင္က႑မွာ အိမ္နီးခ်င္း အျခားႏိုင္ငံမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ရွိေနပါတယ္။ အထူး သျဖင့္ ေရအားလွ်ပ္စစ္ တင္သြင္းေနရတဲ့ လာအိုႏိုင္ငံကို ေလာင္စာဆီ ျပန္လည္ေထာက္ပံ့ေပးရန္ လိုအပ္ေန ေသးေၾကာင္း၊ ကမာၻ႔ဓာတ္ေငြ႕ေဈးႏႈန္းမ်ား ဆက္လက္ျမင့္တက္ေနမယ္ဆိုရင္ ထိုင္းအေနနဲ႔ သဘာဝဓာတ္ ေငြ႕၊ ေရအားလွ်ပ္စစ္နဲ႔ ေက်ာက္မီးေသြးတို႔ကို ေရာေႏွာအသုံးျပဳျခင္းျဖင့္ လွ်ပ္စစ္ထုတ္လုပ္မႈကို ခ်ိန္ညႇိရန္ လိုအပ္ႏိုင္တယ္လို႔ အမ်ိဳးသားစီးပြားေရးႏွင့္ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးေကာင္စီ (NESDC) အေထြေထြ အတြင္း ေရးမႉး ဒါႏုခ်ာ ပီခ်ာယာနန္က ရွင္းျပပါတယ္။
အနာဂတ္ကာလ ဓာတ္ေငြ႕ေဈးႏႈန္းမ်ား ျမင့္တက္လာတဲ့အခါ လွ်ပ္စစ္ဓါတ္အားခ ေဈးႏႈန္းမ်ား တည္ၿငိမ္ ေစ ရန္အတြက္ ထိုင္းအေနနဲ႔ ေရအားလွ်ပ္စစ္ကို ပိုမိုဝယ္ယူတင္သြင္းရန္ လိုအပ္ႏိုင္ပါတယ္။ ဒီအတြက္ ထိုင္းအ ေနနဲ႔ အိမ္နီးခ်င္းႏိုင္ငံမ်ားကို ယခုလို ဆက္လက္ေထာက္ပံ့ရန္ အေရးႀကီးတယ္လို႔ ေျပာပါတယ္။
(ေတာင္အာရွႏိုင္ငံ ဘဂၤလားေဒ့ရွ္နဲ႔ အေရွ႕ေတာင္အာရွ ထိုင္းတို႔မွာ ေရအားလွ်ပ္စစ္ (hydropower) ကို ကိုယ္တိုင္ အမ်ားအျပား ထုတ္လုပ္ႏိုင္ျခင္း မရွိပါဘူး၊ အဓိကအားျဖင့္ ပထဝီဝင္ေျမမ်က္ႏွာသြင္ျပင္+ ျမစ္ေရ စီးပုံ + ပတ္ဝန္းက်င္အေနအထားနဲ႔ လူမႈေရးအကန႔္အသတ္ ေတြေၾကာင့္ ျဖစ္ပါတယ္။ ေရအားလွ်ပ္စစ္အ တြက္ ျမင့္မားတဲ့ ေတာင္တန္း+ေရစီးအားျမန္ဖို႔ လိုအပ္ပါတယ္။
ဘဂၤလားေဒ့ရွ္ရဲ႕ေျမျပင္အမ်ားစုဟာ ျမစ္ဝွမ္းျပန႔္ျပန႔္ (delta) ျဖစ္ၿပီး ေတာင္တန္းနည္းပါတယ္။ ျမစ္ေရစီးဝင္မႈ မ်ားေပမယ့္ အိႏၵိယနဲ႔ မွ်ေဝသုံးစြဲေနရၿပီး အနည္က်မႈ မ်ားပါတယ္။ ထိုင္းမွာ ေတာင္တန္းေတြရွိေပမယ့္ အျမင့္ ႀကီးမားၿပီး ေလွ်ာေဇာက္ေျပျပစ္မႈနည္းပါတယ္။ ဒါေၾကာင့္ အဲ့ဒီ ႏွစ္ႏိုင္ငံဟာ “ဆည္” တည္ေဆာက္ၿပီး ေရအား လွ်ပ္စစ္ထုတ္ယူရန္ အဆင္မေျပပါ။
ဘဂၤလားေဒ့ရွ္ဟာ ရွမ္းျပည္နယ္ေလာက္သာ က်ယ္ဝန္းၿပီး လူဦးေရမွာေတာ့ ျမန္မာတစ္ႏိုင္ငံလုံးရဲ႕ ၃ ဆ ေလာက္ျဖစ္ေနပါတယ္။ ထိုင္းႏိုင္ငံရဲ႕ ျမစ္ႀကီးမ်ားဟာ အိမ္နီးခ်င္းႏိုင္ငံမ်ားနဲ႔ မွ်ေဝပိုင္ဆိုင္ပါတယ္၊ လူဦးေရပ်ံ႕ႏွံ႔ပုံအရ ဆည္ေဆာက္ရန္ အခက္အခဲရွိပါတယ္။
ဒါေၾကာင့္ ေရအားလွ်ပ္စစ္ကို ဘဂၤလားေဒ့ရွ္ဟာ နီေပါက ထိုင္းငံဟာ လာအိုႏိုင္ငံထံမွ ဝယ္သုံးပါတယ္။ ထိုင္း ရဲ႕ဘ႑ာေရးအေျခအေန မိတ္ဖက္ႏိုင္ငံမ်ားနဲ႔ နည္းပညာလက္လွမ္းမီမႈမွာ သဘာဝဓါတ္ ေငြ႕ဓါတ္အားေပး စက္႐ုံတည္ေဆာက္ရန္ အခက္အခဲ မရွိပါဘူး၊ ျမန္မာဟာ ႐ုတ္တရက္ ရွာေဖြေတြ႕ရွိတဲ့ သဘာဝဓါတ္ေငြ႕ကို ခ်က္ခ်င္းအသုံးမခ်ႏိုင္ပါဘူး၊ ႏိုင္ငံျခားေငြ လိုအပ္မႈနဲ႔ စီမံခန႔္ခြဲမႈ အလြဲအမွားေတြလည္း ရွိေနပါတယ္၊ ဒီအတြက္ ျမန္မာထံမွ သဘာဝဓါတ္ေငြ႕ ဝယ္ယူပါတယ္။
အထူးသျဖင့္ အဲ့ဒီႏိုင္ငံေတြဟာ ျမန္မာနဲ႔ ပညာေရးတည္ေဆာက္မႈပုံသ႑ာန္ အလြန္ကြာျခားတယ္။ ျမန္မာမွာ အခြင့္အေရးဆိုတာ တိုက္ယူမွ ရတယ္ဆိုတဲ့ လြတ္လပ္ေရး မရခင္ ဗကပတို႔ လက္သုံးစကားဟာ ဒီေန႔ NUG , AA နဲ႔ မ်ိဳးဆက္သစ္ PDF တို႔ ပါးစပ္ထဲ ေရာက္ေနတယ္
အာဏာရွင္ဖယ္ရွားေရးလို႔ အသံေကာင္းဟစ္ယုံနဲ႔ တုတ္ဆြဲ ဓါးဆြဲ ေနာက္လိုက္တစ္ပုံႀကီး ႏိုင္တာ ျမန္မာျပည္မွာပဲ ရွိေတာ့တယ္၊ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္နဲ႔ ထိုင္းမွာ လူႀကိဳက္မမ်ားပါ။ အာဏာမရလို႔ အေဝးေရာက္ စင္ၿပိဳင္ အစိုးရဖြဲ႕ၿပီး အမိဇာတိႏိုင္ငံကို ဒဏ္ခတ္ပိတ္ဆို႔ဖို႔ လူငယ္ေတြ လက္နက္ကိုင္ သူပုန္ထဖို႔ ေျမႇာက္ေပးသူ ႏိုင္ငံေရးသမား သူတို႔ဆီမွာ မရွိပါ။

Related news

© 2021. All rights reserved.