အီရန်က ပါကစ္စတန်အလံလွှင့်ထားတဲ့ သင်္ဘောအစီးရေ(၂၀)ကို ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ ပါကစ္စတန်အစိုးရပြော

165

Pika(NP News) - မတ် ၃၀
အီရန်နိုင်ငံဟာ ပါကစ္စတန်အလံလွှင့်ထူထားတဲ့ သင်္ဘောအစီးရေ(၂၀)ကို ဟော်မုဇ်ရေလက်ကြားကနေတစ်ဆင့် ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ပါကစ္စတန်အလံလွှင့်ထူထားတဲ့ သင်္ဘောအစီးရေ(၂၀)စီးလုံးကို တစ်နေ့တည်း ဖြတ်သန်းခွင့်ပြုမှာမဟုတ်ဘဲ တစ်နေ့မှာ(၂)စီးပဲ ဖြတ်သန်းခွင့်ပြုမှာဖြစ်တယ်လို့လည်း အီရှက်ဒါက ထပ်မံပြောကြားခဲ့ပါတယ်။
အီရှက်ဒါက” အီရန်အစိုးရက ပါကစ္စတန်အလံလွှင့်ထူထားတဲ့ သင်္ဘောအစီးရေ(၂၀)ကို ဟော်မုဇ်ရေလက်ကြားကနေတစ်ဆင့် ဖြတ်သန်းခွင့်ပြုတဲ့ သတင်းကောင်းကို မျှဝေခွင့်ရတဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်။ဒါပေမယ့် သင်္ဘောအစီးရေ(၂၀)လုံးကို တစ်နေ့တည်းဖြတ်သန်းခွင့်ပြုမှာတော့မဟုတ်ဘဲ တစ်နေ့မှာ(၂)စီးပဲ ဖြတ်သန်းခွင့်ပြုတာပါ” လို့ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အီရန်ရဲ့လုပ်ရပ်ဟာ ကြိုဆိုဖွယ်ကောင်းပြီး ကျေးဇူးတင်ထိုက်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့လည်း အီရှက်ဒါက ချီးကျူးပြောဆိုခဲ့ပါတယ်။
၎င်းက”ဒီအပြုသဘောဆောင်တဲ့ ကြေညာချက်က ငြိမ်းချမ်းရေးဆီကို ဦးတည်တဲ့ အဓိပ္ပါယ်ရှိတဲ့ခြေလှမ်းတစ်ခုကို အမှတ်အသားပြုတာပဲဖြစ်ပါတယ်။အီရန်အစိုးရရဲ့ ဒီလိုမျိုးကျေးဇူးတင်ထိုက်တဲ့လုပ်ရက်ကို ကျွန်တော်တို့တကယ် အသိအမှတ်ပြုပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi version:
အီရန္ႏိုင္ငံဟာ ပါကစၥတန္အလံလႊင့္ထူထားတဲ့ သေဘၤာအစီးေရ(၂၀)ကို ေဟာ္မုဇ္ေရလက္ၾကားကေနတစ္ဆင့္ ျဖတ္သန္းခြင့္ျပဳခဲ့တယ္လို႔ ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီး အီရွက္ဒါက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ပါကစၥတန္အလံလႊင့္ထူထားတဲ့ သေဘၤာအစီးေရ(၂၀)စီးလုံးကို တစ္ေန႔တည္း ျဖတ္သန္းခြင့္ျပဳမွာမဟုတ္ဘဲ တစ္ေန႔မွာ(၂)စီးပဲ ျဖတ္သန္းခြင့္ျပဳမွာျဖစ္တယ္လို႔လည္း အီရွက္ဒါက ထပ္မံေျပာၾကားခဲ့ပါတယ္။
အီရွက္ဒါက” အီရန္အစိုးရက ပါကစၥတန္အလံလႊင့္ထူထားတဲ့ သေဘၤာအစီးေရ(၂၀)ကို ေဟာ္မုဇ္ေရလက္ၾကားကေနတစ္ဆင့္ ျဖတ္သန္းခြင့္ျပဳတဲ့ သတင္းေကာင္းကို မွ်ေဝခြင့္ရတဲ့အတြက္ တကယ္ကိုဝမ္းသာမိပါတယ္။ဒါေပမယ့္ သေဘၤာအစီးေရ(၂၀)လုံးကို တစ္ေန႔တည္းျဖတ္သန္းခြင့္ျပဳမွာေတာ့မဟုတ္ဘဲ တစ္ေန႔မွာ(၂)စီးပဲ ျဖတ္သန္းခြင့္ျပဳတာပါ” လို႔ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အီရန္ရဲ႕လုပ္ရပ္ဟာ ႀကိဳဆိုဖြယ္ေကာင္းၿပီး ေက်းဇူးတင္ထိုက္တဲ့ လုပ္ရပ္တစ္ခုျဖစ္တယ္လို႔လည္း အီရွက္ဒါက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
၎က”ဒီအျပဳသေဘာေဆာင္တဲ့ ေၾကညာခ်က္က ၿငိမ္းခ်မ္းေရးဆီကို ဦးတည္တဲ့ အဓိပၸါယ္ရွိတဲ့ေျခလွမ္းတစ္ခုကို အမွတ္အသားျပဳတာပဲျဖစ္ပါတယ္။အီရန္အစိုးရရဲ႕ ဒီလိုမ်ိဳးေက်းဇူးတင္ထိုက္တဲ့လုပ္ရက္ကို ကြၽန္ေတာ္တို႔တကယ္ အသိအမွတ္ျပဳပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။