သရက်သီးနှင့်ပတ်သက်သည့်ထုတ်ကုန်များ တင်ပို့ရန် ဘယ်လာရုစ်မှ လုပ်ငန်းရှင်များက ကမ်းလှမ်းမှုများရှိနေ

 282

ပုလဲ (NP News) - မတ် ၃ဝ

သရက်သီးနှင့်ပတ်သက်သည့် ထုတ်ကုန်များတင်ပို့ရန် ဘယ်လာရုစ်မှ လုပ်ငန်းရှင်များက ကမ်းလှမ်းမှုများရှိနေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ပြည်တွင်း၌ ထွက်ရှိသည့် စိန်တလုံးသရက်၊ မချစ်စု သရက် ၊ ရွှေဟင်္သာသရက်နှင့် ပတ္တမြားငမောက်သရက်တို့ကို တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံ အပါအဝင် နိုင်ငံအချို့ကို တန်ချိန်ဖြင့် သရက်သီး အလုံးအလိုက်တင်ပို့မှုများရှိနေရာ ဘယ်လာရုစ်နိုင်ငံမှ လုပ်ငန်းရှင်များကလည်း သရက်သီးနှင့်ပတ်သက်သည့်ထုတ်ကုန်များ တင်ပို့ရန် ကမ်းလှမ်းလာကြောင်း သိရသည်။
“အခု ဘယ်လာရုစ်ကလည်း လာတွေ့တယ်။ တွေ့တဲ့အချိန် သရက်သီး Fresh တင် မဟုတ်ဘူး။ သရက်သီး အခြောက်ပါ တင်ပို့လို့ရအောင် ၊ သရက်သီးအနှစ်လည်း ပို့လို့ရမယ်ဆိုပြီး ကမ်းလှမ်းမှုရှိတယ်။ ဒီဘက်ကထုတ်ပြီး ပို့လိုက်ပေမယ့်လို့ သူတို့ဘက်က လိုအပ်ချက်တွေပေါ်လာဦးမှာလေ။ အဲဒီတော့ သူတို့နိုင်ငံရဲ့ Guideline နဲ့ ညီအောင်လို့ ပြန်ပြီးတော့ နည်းပညာ Sharing ပေးပါလို့ ပြန်တောင်း တယ်။ တရုတ်ကိုပို့ရင်လည်း GACC စံနှုန်းလိုတယ်။ အဲဒီတော့ ဘယ်လာရုစ်ကို ပို့ရင်လည်း လိုအပ်တဲ့ စံချိန်စံနှုန်းတွေ သိရင်တော့ ပိုလုပ်လို့ရအောင် နည်းပညာပြန်တောင်းထားတယ်” ဟု မြန်မာ့သရက် ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
ထို့ကြောင့် ဘယ်လာရုစ်သို့ သရက်သီးနှင့် ပတ်သက်သည့် ထုတ်ကုန်များ တင်ပို့ရန်အတွက် နည်းပညာများ ပြန်လည်တောင်းခံထားကြောင်းလည်း သိရသည်။
“သူတို့ဘက်ကတော့ ပြန်အကြောင်း မကြားသေးဘူး။ တင်ပို့ရမယ်ဆိုရင် ဒီဘက်မှာက ကုန် ကြမ်းအလုံအလောက်က ရှိပြီးသား။ သူတို့ဘက်က နည်းပညာရဖို့ပဲလိုတာ။ သရက်သီးခြောက်ဆိုရင် လည်း Dryer နဲ့ ခြောက်တာရှိတယ်။ နေလှန်းခြောက်ရှိတယ်။ အနှစ်ဆိုရင်လည်း တာရှည်ခံဆေးသုံး တာတွေ မသုံးတာတွေ အဲဒါမျိုးတွေရှိသေးတယ်လေ” ဟုပြောသည်။
ပြီးခဲ့သည့် သရက်သီးတင်ပို့သည့် ရာသီက စိန်တလုံးသရက်၊ မချစ်စုသရက် ၊ ရွှေဟင်္သာ သရက် နှင့် ပတ္တမြားငမောက်သရက်တို့၏သရက်သီး အနှစ်များကိုလည်း စည်သွတ်ဘူးများဖြင့် အေးခဲ၍ စမ်း သပ်တင်ပို့ခဲ့ရာ ဈေးကောင်းရရှိခဲ့ကြောင်း သိရသည်။
အမျိုးအစားအလိုက် ဈေးနှုန်းကွာဟမှုရှိ ပြီး အနှစ်တစ်တန်လျှင် (၁၅) သိန်းအထက် ပေါက်ဈေး ရှိခဲ့ကာ ပြည်တွင်းတွင်သာမက ပြည်ပတွင်လည်း ဝယ်လိုအားများကြောင်း သိရသည်။
မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် ငွေပေး ချေမှုနှင့်စပ်လျဉ်းပြီး ရုရှား ရူဘယ်ငွေဖြင့် သော်လည်းကောင်း၊ တရုတ်ယွမ်ငွေ ဖြင့်သော်လည်းကောင်း အပြန်အလှန်ပေးချေနိုင်ရန် ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝါဝါမောင်၏ ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် အောက်တိုဘာလက သွားရောက်ခဲ့သည့် ဘယ် လာရုစ်ခရီးစဉ်အတွင်း ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ပုလဲများတွင် ငွေပေးချေမှုနှင့်စပ်လျဉ်းပြီး ရုရှား ရူဘယ်ငွေဖြင့် သော်လည်းကောင်း၊ တရုတ်ယွမ်ငွေဖြင့်သော်လည်းကောင်း အပြန်အလှန်ပေးချေ နိုင်ရန် ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်၏ ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် အောက်တိုဘာလက သွားရောက်ခဲ့သည့် ဘယ်လာရုစ်ခရီးစဉ် အတွင်း ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
သရက္သီးႏွင့္ပတ္သက္သည့္ထုတ္ကုန္မ်ား တင္ပို႔ရန္ ဘယ္လာ႐ုစ္မွ လုပ္ငန္းရွင္မ်ားက ကမ္းလွမ္းမႈ မ်ားရွိေန
ပုလဲ (NP News) - မတ္ ၃ဝ
သရက္သီးႏွင့္ပတ္သက္သည့္ ထုတ္ကုန္မ်ားတင္ပို႔ရန္ ဘယ္လာ႐ုစ္မွ လုပ္ငန္းရွင္မ်ားက ကမ္းလွမ္းမႈမ်ားရွိေနေၾကာင္း ျမန္မာ့သရက္ေဈးကြက္ႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွတာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။
ျပည္တြင္း၌ ထြက္ရွိသည့္ စိန္တလုံးသရက္၊ မခ်စ္စု သရက္ ၊ ေ႐ႊဟသၤာသရက္ႏွင့္ ပတၱျမားငေမာက္သရက္တို႔ကို တ႐ုတ္ႏိုင္ငံ၊ ႐ုရွားႏိုင္ငံႏွင့္ စင္ကာပူႏိုင္ငံ အပါအဝင္ ႏိုင္ငံအခ်ိဳ႕ကို တန္ခ်ိန္ျဖင့္ သရက္သီး အလုံးအလိုက္တင္ပို႔မႈမ်ားရွိေနရာ ဘယ္လာ႐ုစ္ႏိုင္ငံမွ လုပ္ငန္းရွင္မ်ားကလည္း သရက္သီးႏွင့္ပတ္သက္သည့္ထုတ္ကုန္မ်ား တင္ပို႔ရန္ ကမ္းလွမ္းလာေၾကာင္း သိရသည္။
“အခု ဘယ္လာ႐ုစ္ကလည္း လာေတြ႕တယ္။ ေတြ႕တဲ့အခ်ိန္ သရက္သီး Fresh တင္ မဟုတ္ဘူး။ သရက္သီး အေျခာက္ပါ တင္ပို႔လို႔ရေအာင္ ၊ သရက္သီးအႏွစ္လည္း ပို႔လို႔ရမယ္ဆိုၿပီး ကမ္းလွမ္းမႈရွိတယ္။ ဒီဘက္ကထုတ္ၿပီး ပို႔လိုက္ေပမယ့္လို႔ သူတို႔ဘက္က လိုအပ္ခ်က္ေတြေပၚလာဦးမွာေလ။ အဲဒီေတာ့ သူတို႔ႏိုင္ငံရဲ႕ Guideline နဲ႔ ညီေအာင္လို႔ ျပန္ၿပီးေတာ့ နည္းပညာ Sharing ေပးပါလို႔ ျပန္ေတာင္း တယ္။ တ႐ုတ္ကိုပို႔ရင္လည္း GACC စံႏႈန္းလိုတယ္။ အဲဒီေတာ့ ဘယ္လာ႐ုစ္ကို ပို႔ရင္လည္း လိုအပ္တဲ့ စံခ်ိန္စံႏႈန္းေတြ သိရင္ေတာ့ ပိုလုပ္လို႔ရေအာင္ နည္းပညာျပန္ေတာင္းထားတယ္” ဟု ျမန္မာ့သရက္ ေဈးကြက္ႏွင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ထို႔ေၾကာင့္ ဘယ္လာ႐ုစ္သို႔ သရက္သီးႏွင့္ ပတ္သက္သည့္ ထုတ္ကုန္မ်ား တင္ပို႔ရန္အတြက္ နည္းပညာမ်ား ျပန္လည္ေတာင္းခံထားေၾကာင္းလည္း သိရသည္။
“သူတို႔ဘက္ကေတာ့ ျပန္အေၾကာင္း မၾကားေသးဘူး။ တင္ပို႔ရမယ္ဆိုရင္ ဒီဘက္မွာက ကုန္ ၾကမ္းအလုံအေလာက္က ရွိၿပီးသား။ သူတို႔ဘက္က နည္းပညာရဖို႔ပဲလိုတာ။ သရက္သီးေျခာက္ဆိုရင္ လည္း Dryer နဲ႔ ေျခာက္တာရွိတယ္။ ေနလွန္းေျခာက္ရွိတယ္။ အႏွစ္ဆိုရင္လည္း တာရွည္ခံေဆးသုံး တာေတြ မသုံးတာေတြ အဲဒါမ်ိဳးေတြရွိေသးတယ္ေလ” ဟုေျပာသည္။
ၿပီးခဲ့သည့္ သရက္သီးတင္ပို႔သည့္ ရာသီက စိန္တလုံးသရက္၊ မခ်စ္စုသရက္ ၊ ေ႐ႊဟသၤာ သရက္ ႏွင့္ ပတၱျမားငေမာက္သရက္တို႔၏သရက္သီး အႏွစ္မ်ားကိုလည္း စည္သြတ္ဘူးမ်ားျဖင့္ ေအးခဲ၍ စမ္း သပ္တင္ပို႔ခဲ့ရာ ေဈးေကာင္းရရွိခဲ့ေၾကာင္း သိရသည္။
အမ်ိဳးအစားအလိုက္ ေဈးႏႈန္းကြာဟမႈရွိ ၿပီး အႏွစ္တစ္တန္လွ်င္ (၁၅) သိန္းအထက္ ေပါက္ေဈး ရွိခဲ့ကာ ျပည္တြင္းတြင္သာမက ျပည္ပတြင္လည္း ဝယ္လိုအားမ်ားေၾကာင္း သိရသည္။
ျမန္မာႏွင့္ ဘယ္လာ႐ုစ္ ႏွစ္ႏိုင္ငံအၾကား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္မႈလုပ္ငန္းမ်ားတြင္ ေငြေပး ေခ်မႈႏွင့္စပ္လ်ဥ္းၿပီး ႐ုရွား ႐ူဘယ္ေငြျဖင့္ ေသာ္လည္းေကာင္း၊ တ႐ုတ္ယြမ္ေငြ ျဖင့္ေသာ္လည္းေကာင္း အျပန္အလွန္ေပးေခ်ႏိုင္ရန္ ရင္းႏွီးျမႇဳပ္ႏွံမႈ ႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာဝါဝါေမာင္၏ ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ ေအာက္တိုဘာလက သြားေရာက္ခဲ့သည့္ ဘယ္ လာ႐ုစ္ခရီးစဥ္အတြင္း ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။ ပုလဲမ်ားတြင္ ေငြေပးေခ်မႈႏွင့္စပ္လ်ဥ္းၿပီး ႐ုရွား ႐ူဘယ္ေငြျဖင့္ ေသာ္လည္းေကာင္း၊ တ႐ုတ္ယြမ္ေငြျဖင့္ေသာ္လည္းေကာင္း အျပန္အလွန္ေပးေခ် ႏိုင္ရန္ ရင္းႏွီးျမႇဳပ္ႏွံမႈ ႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝါဝါေမာင္၏ ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ ေအာက္တိုဘာလက သြားေရာက္ခဲ့သည့္ ဘယ္လာ႐ုစ္ခရီးစဥ္ အတြင္း ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.