ထိုင်းတွင်ဝန်ကြီးချုပ် ပရာယွတ်၏ စစ်တပ်ကြောင့် တိုးတက်မှုများပျောက်ဆုံးကုန်ကြောင်း ဝန်ကြီးချုပ်ဟောင်း ယင်လတ်ပြော

1294

ရောင်နီ (NP News) - သြဂုတ် ၂၄
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ထရာက စစ်တပ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံ၏ တိုးတက်မှုများ ရပ်တန့်သွားပြီး ဖွံ့ဖြိုးမှုအခွင့်အလမ်း ဆုံးရှုံးခဲ့ရကြောင်း ဝမ်းနည်းစကားဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းဖော် ပြချက်အရသိရသည်။
ထိုင်းနိုင်ငံသည် လွန်ခဲ့သည့် (၁ဝ) နှစ်၊ ၂ဝ၁၁ ခုနှစ်၊ ဩဂုတ် (၂၃) ရက်နေ့၊ ၎င်းတို့အာဏာရရှိချိန်ကအတိုင်း ဆက်ရှိနေပြီး ဗိုလ်ချုပ်ပရာယွတ်ဦးဆောင်သည့် စစ်တပ်သာ Pheu Thai ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရကို အာဏာ သိမ်းခြင်းမရှိခဲ့ပါက နိုင်ငံသည် ယခုအချိန်တွင် အသီးအပွင့်များနှင့် ထွန်းကားနေမည်ဖြစ်ကြောင်း မစ္စယင်လတ်က သူမ၏ဖ့ဘုတ်စာမျတ်နှာတွင် ပြောကြားထားသည်။ သူမအစိုးရ၏ အထင်ကရ ပလက်ဖောင်းသည် ဆန်အာမခံအစီ အစဉ် နှင့် မြန်နှုန်းမြင့်ရထားများ စီမံကိန်းတွင်ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရန်ဖြစ်သည်။
“အခွင့်အရေးတွေ ဆုံးရှုံးသွားပြီးနောက် တိုင်းပြည်ကို ပြန်လည်စတင်ဖို့ နည်းလမ်းတွေ ပြန်ရှာရမှာအရမ်းဝမ်းနည်းတယ်” ဟု သူမကပြောသည်။ မစ္စယင်လတ်သည် မကြာသေးမီက သူမ၏လူမှုမီဒီယာပလက်ဖောင်းများတွင် တက်ကြွစွာလှုပ်ရှားခဲ့ပြီး လယ်သမားများအတွက် သစ်သီးနှင့် ဆန်နိုင်ငံခြားတင်ပို့သည့် ဈေးနှုန်းမြှင့်တင်ရန် ပျက်ကွက်ခြင်းနှင့်ပတ်သတ်ပြီး အစိုးရကို ဝေဖန်ခဲ့သည်။
၂ဝ၁၄ ခုနှစ် မေလ (၇) ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်အရ သူမကို ရာထူးမှဖယ်ရှားခဲ့ပြီး နှစ်ပတ်အကြာ မေလ (၂၂) ရက်တွင် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ပရာယွတ်က သူမ၏ အစိုးရကို အာဏာသိမ်းကာ ဖြုတ်ချခဲ့ခြင်းဖြစ်သည်။
#NPNews