ဓာတ်အားပျောက်ဆုံးမှုသက်သာစေမည့်ပစ္စည်း နှင့် နည်းပညာ မြန်မာနိုင်ငံတွင် ရောက်နေကာ အသုံးပြုခွင့်ရရှိရန် စောင့်ဆိုင်းနေ

 725

Pearl (NP News) - စက်တင်ဘာ ၉
ဓာတ်အားပျောက်ဆုံးမှု သက်သာစေမည့် ပစ္စည်း နှင့် နည်းပညာ မြန်မာနိုင်ငံတွင် ရောက်နေကာ အသုံးပြုခွင့်ရရှိရန် စောင့်ဆိုင်းနေကြောင်း ယင်းနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါကိရိယာမှာ ပျောက်ဆုံး လျှပ်စစ်ဓာတ်အားများကို အပြည့် ပြန်လည်ဖြည့်ဆည်းရန် ကူညီ ပေးနိုင်မည်ဖြစ်ပြီး ဂျပန်နည်းပညာဖြင့် တီထွင်ထားခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင်လည်း စမ်းသပ်မှုများ ကို ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။
“အားနည်းချက်ဖြစ်သွားချက်က နည်းပညာရှင်ပေါ့ အဲဒါကိုတီထွင်တဲ့လူက သူက ဂျပန်မှာ ကျန်း မာရေးမကောင်းတော့ အမှန်က ဧပြီလတည်းက လာဖို့က မလာနိုင်ဘူးဖြစ်သွားတယ်။ သူမရှိလည်း ဒီမှာ တပ်မယ် run ထားမယ်လို့ရည်ရွယ်သေးတယ်။ နည်းပညာတွေလည်း ရန်ကုန်မှာရောက်နေပြီ။ တပ်မယ် ဆိုရင် လိုက်တပ်လို့ရတယ်။ ဒါပေမဲ့ အကျိုးအမြတ်ခွဲဝေတဲ့ကိစ္စတွေ စီးပွားရေးပိုင်းဆိုင်ရာကတော့ ဆွေး နွေးဖို့ ကျန်သေးတာပေါ့။ ဆွေးနွေးရမှာပေါ့။ အဓိကကတော့ ပညာရှင် ကျန်းမာရေးမကောင်းသေးလို့ပါ” ဟု အထက်ပါ သတင်းရင်းမြစ်က NP News သို့ပြောသည်။
အဆိုပါ ဓာတ်အားပျောက်ဆုံးမှုသက်သာ မည့်ပစ္စည်းကိုအသုံးပြုနိုင်ပါက မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အားပျောက်ဆုံးမှုများကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး လက်ရှိရရှိနိုင်သော လျှပ်စစ်ဓာတ်အား ပမာ ဏထက် ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ “ ကြားထဲမှာ Transformer ခံသလိုမျိုးပုံစံနဲ့ တူသော် ငြားလည်း အလုံးအကြီးကြီးတွေမဟုတ်ဘူး။ ပစ္စည်းက သေးသေးလေးနဲ့ ဝါယာကြိုးပေါ်မှာ ထားလိုက် တာ။ ရှင်းရှင်းပြောရရင် ကြေးကြိုးကို ကြေးရည်စိမ်လိုက်သလိုပဲပေါ့။ အရောင်က ရွှေရောင်လိုမျိုး၊ အဲဒါ လေးကို အခြောက်ခံပြီးတော့ ကွိုင်ကြိုးပြန်ပတ်တာပေါ့။ အဝင်ကြိုးက တစ်ဖက်က ပြန်ဝင်တယ်။ တစ် ဖက်က ပြန်ထွက်တယ်။ ပြန်ထွက် တဲ့အချိန်မှာ မီးအားက ပါဝါတက်သွားတယ်ပေါ့နော်။ Line Lost ကို လျှော့ချပေးတာပေါ့။ ဓာတ်အားဆုံးရှုံးမှုကို လျှော့ချပေးတာပေါ့။ ဓာတ်အားပေးစက်ရုံတွေက ထွက်လာ မယ်။ (၁၀ဝ) ထုတ်ပေးလိုက်ရင် တစ်ဖက်မှာ (၇၀) လောက်ပဲ ကျန်တာကိုး။ အဲဒါမျိုး လျော့နည်းသွား စေတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ဓာတ္အားေပ်ာက္ဆုံးမႈ သက္သာေစမည့္ပစၥည္း ႏွင့္ နည္းပညာ ျမန္မာႏိုင္ငံတြင္ ေရာက္ေနကာ အသုံးျပဳခြင့္ရရွိရန္ ေစာင့္ဆိုင္းေန
Pearl (NP News) - စက္တင္ဘာ ၉
ဓာတ္အားေပ်ာက္ဆုံးမႈ သက္သာေစမည့္ ပစၥည္း ႏွင့္ နည္းပညာ ျမန္မာႏိုင္ငံတြင္ ေရာက္ေနကာ အသုံးျပဳခြင့္ရရွိရန္ ေစာင့္ဆိုင္းေနေၾကာင္း ယင္းႏွင့္ ပတ္သက္၍ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါကိရိယာမွာ ေပ်ာက္ဆုံး လွ်ပ္စစ္ဓာတ္အားမ်ားကို အျပည့္ ျပန္လည္ျဖည့္ဆည္းရန္ ကူညီ ေပးႏိုင္မည္ျဖစ္ၿပီး ဂ်ပန္နည္းပညာျဖင့္ တီထြင္ထားျခင္းျဖစ္ကာ ျမန္မာႏိုင္ငံတြင္လည္း စမ္းသပ္မႈမ်ား ကို ျပဳလုပ္ၿပီးျဖစ္ေၾကာင္း သိရသည္။
“အားနည္းခ်က္ျဖစ္သြားခ်က္က နည္းပညာရွင္ေပါ့ အဲဒါကိုတီထြင္တဲ့လူက သူက ဂ်ပန္မွာ က်န္း မာေရးမေကာင္းေတာ့ အမွန္က ဧၿပီလတည္းက လာဖို႔က မလာႏိုင္ဘူးျဖစ္သြားတယ္။ သူမရွိလည္း ဒီမွာ တပ္မယ္ run ထားမယ္လို႔ရည္႐ြယ္ေသးတယ္။ နည္းပညာေတြလည္း ရန္ကုန္မွာေရာက္ေနၿပီ။ တပ္မယ္ ဆိုရင္ လိုက္တပ္လို႔ရတယ္။ ဒါေပမဲ့ အက်ိဳးအျမတ္ခြဲေဝတဲ့ကိစၥေတြ စီးပြားေရးပိုင္းဆိုင္ရာကေတာ့ ေဆြး ေႏြးဖို႔ က်န္ေသးတာေပါ့။ ေဆြးေႏြးရမွာေပါ့။ အဓိကကေတာ့ ပညာရွင္ က်န္းမာေရးမေကာင္းေသးလို႔ပါ” ဟု အထက္ပါ သတင္းရင္းျမစ္က NP News သို႔ေျပာသည္။
အဆိုပါ ဓာတ္အားေပ်ာက္ဆုံးမႈသက္သာ မည့္ပစၥည္းကိုအသုံးျပဳႏိုင္ပါက ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္ ဓာတ္အားေပ်ာက္ဆုံးမႈမ်ားကို ေလွ်ာ့ခ်ေပးႏိုင္မည္ျဖစ္ၿပီး လက္ရွိရရွိႏိုင္ေသာ လွ်ပ္စစ္ဓာတ္အား ပမာ ဏထက္ ပိုမိုရရွိႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။ “ ၾကားထဲမွာ Transformer ခံသလိုမ်ိဳးပုံစံနဲ႔ တူေသာ္ ျငားလည္း အလုံးအႀကီးႀကီးေတြမဟုတ္ဘူး။ ပစၥည္းက ေသးေသးေလးနဲ႔ ဝါယာႀကိဳးေပၚမွာ ထားလိုက္ တာ။ ရွင္းရွင္းေျပာရရင္ ေၾကးႀကိဳးကို ေၾကးရည္စိမ္လိုက္သလိုပဲေပါ့။ အေရာင္က ေ႐ႊေရာင္လိုမ်ိဳး၊ အဲဒါ ေလးကို အေျခာက္ခံၿပီးေတာ့ ကြိဳင္ႀကိဳးျပန္ပတ္တာေပါ့။ အဝင္ႀကိဳးက တစ္ဖက္က ျပန္ဝင္တယ္။ တစ္ ဖက္က ျပန္ထြက္တယ္။ ျပန္ထြက္ တဲ့အခ်ိန္မွာ မီးအားက ပါဝါတက္သြားတယ္ေပါ့ေနာ္။ Line Lost ကို ေလွ်ာ့ခ်ေပးတာေပါ့။ ဓာတ္အားဆုံးရႈံးမႈကို ေလွ်ာ့ခ်ေပးတာေပါ့။ ဓာတ္အားေပးစက္႐ုံေတြက ထြက္လာ မယ္။ (၁၀ဝ) ထုတ္ေပးလိုက္ရင္ တစ္ဖက္မွာ (၇၀) ေလာက္ပဲ က်န္တာကိုး။ အဲဒါမ်ိဳး ေလ်ာ့နည္းသြား ေစတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.