ဩစတြေးလျမှာ Delta ကိုဗစ်ကူးစက်မှုကြောင့် နေ့စဉ်ကူးစက်လူနာ ၁၉ဝဝ ကျော်ထိ မြင့်တက်လာ

 779

ရောင်နီ (NP News) - စက်တင်ဘာ ၁ဝ
သြစတေးလျနိုင်ငံမှာ Delta ကိုဗစ်မျိုးကွဲ ကူးစက်မှုတွေကြောင့် စက်တင်ဘာလ ၁ဝ ရက်က နေ့စဉ်ကူးစက်လူနာ ၁၉ဝဝ ကျော်အထိ ထပ်တိုးပြီး အကြီးဆုံးမြို့ဖြစ်တဲ့ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမှာ ပိုးကူးစက်မှုများ ဆက်လက်မြင့်တက် နေတယ်လို့ သိရပါတယ်။

သြစတြေးလျရဲ့ Delta မျိုးကွဲ တတိယလှိုင်းကူးစက်မှုဟာ တာဝန်ရှိသူတွေကို COVID-zero ဗျူဟာနဲ့ ဗိုင်းရပ်စ် နှိမ်နင်းကြဖို့ တွန်းအားပေးစေခဲ့ပါတယ်။ New South Wales (NSW) ဟာ နိုင်ငံရဲ့အဆိုးရွားဆုံး ကူးစက်မှုဗဟို ချက်ဖြစ်ပြီး နေ့စဉ်ကူးစက်လူနာ ၁၅၄၂ ထိရှိကာ ယခင်သီတင်းပတ်က နေ့စဉ်ကူးစက်မှု ၁၅၃၃ ထက်မြင့်တက်လာခဲ့ပါတယ်။ သေဆုံးသူသစ် ၉ ဦး ထပ်တိုးတယ်လို့ သိရပါတယ်။

ဆစ်ဒနီမြို့မှာ ကိုဗစ်ကူးစက်မှုတွေမြင့်မားလာတာကြောင့် လူနာတင်ယာဉ်ဝန်ထမ်းတွေအတွက် ဝန်ပိုမြင့်စေခဲ့ပြီး COVID-19 ကူးစက်လူနာ အရေအတွက်ဟာ ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း နှစ်ဆတိုးလာခဲ့ကာ စုစုပေါင်း ၆ဝဝဝ နီးပါးအထိ ရှိလာတယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။ ပြည်နယ်အတွင်း လူနာ ၁၁၅၆ ဦး ဆေးရုံတင်ရပြီး ၂ဝ၇ ဦး အထူးကြပ်မတ်ကုသဆောင်ကို ရောက်ရကာ လူနာ ၈၉ ဦး အောက်စီဂျင်လိုအပ်နေတယ်လို့ သိရပါတယ်။
အဆင့်လေးဆင့်ပါ ပြန်လည်ဖွင့်လှစ်ရေးအစီအစဉ်ကို ကိုဗစ်ကာကွယ်ဆေးများ ရောက်တာနဲ့ အခု ၄ဝ ရာခိုင်နှုန်း မှ ၇ဝ၊ ၈ဝ ရာခိုင်နှုန်းထိ ဖြေလျော့သွားဖို့ ရည်ရွယ်ကြောင်း အစိုးရက ဆိုပါတယ်။ သြစတြေးလျမှာ အခုဆိုရင် ပိုးကူးစက်လူနာ စုစုပေါင်း ၇ဝဝဝဝ ခန့်နဲ့ သေဆုံးမှု ၁ဝ၇၆ ထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.