တည်ဆောက်ချိန် (၁၇)နှစ်နီးပါးရှိလာသည့် အထက်ကျိုင်းတောင်းစီမံကိန်းကို (၂၀၂၇-၂၀၂၈) ဘဏ္ဍာနှစ်တွင် ပြီးစီးရန် ရည်မှန်းထား

82

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၁
(၂၀ဝ၈-၂၀ဝ၉)ဘဏ္ဍာနှစ်က စတင်တည်ဆောက်ပြီး လက်ရှိအချိန်အထိ (၁၇)နှစ်နီးပါးရှိလာ သည့် အထက်ကျိုင်းတောင်းစီမံကိန်းကို လာမည့် (၂၀၂၇ -၂၀၂၈)ဘဏ္ဍာနှစ်တွင်ပြီးစီးစေရန်ရည်မှန်းထား ကြောင်း NP News က စုံစမ်းသိရှိရသည်။
အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျိုင်းတောင်း မြို့၏ အနောက်တောင်ဘက် (၁၄)မိုင်အကွာ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန အမှတ် (၅)တည်ဆောက်ရေးက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံ ကိန်းတစ်ခုဖြစ်ကြောင်းသိရသည်။
“အခုလောလောဆယ်တော့ ရေအားလျှပ်စစ်စီမံကိန်းထဲမှာ ရှမ်းတောင်မှာရှိတဲ့ အထက်ကျိုင်း တောင်းပေါ့။ အဲဒီအထက်ကျိုင်းတောင်းစီမံကိန်းတစ်ခုပဲ ဆောင်ရွက်ဆဲအနေအထားမှာရှိပါတယ်။ အဲဒါ ကတော့ (၂၀၂၇-၂၀၂၈) ဘဏ္ဍာနှစ်အစလောက်မှာတော့ ပြီးနိုင်အောင်လို့ ကြိုးစားပြီးဆောင်ရွက်နေပါ တယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နေဆဲဖြစ်ပြီး တည်ဆောက် ချိန် (၁၇)နှစ်နီးပါးရှိလာချိန်တွင် (၉၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း အထက်ပါသတင်းရင်း မြစ်က ဆိုသည်။
“ရှမ်းတောင်မှာရှိတဲ့ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းက (၅၁) မဂ္ဂဝပ်ရှိတာပေါ့ နော်။ အဲဒီဟာတစ်ခုပဲ အခုလက်ရှိမှာတော့ အကောင်အထည်ဖော်နေတာပေါ့။ အထက်ကျိုင်းတောင်း ကတော့ ပြီးတော့မှာပါ (၉၀)ရာခိုင်နှုန်းကျော် ပြီးနေပြီ။ ပြီးရင် လူဦးရေ (၇)သိန်းကျော်တိုးတက်ပြီး သုံးစွဲ နိုင်ပါမယ်” ဟု ၎င်းကပြောသည်။
အဆိုပါ စီမံကိန်းကို (၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ်က တစ်ကြိမ်၊ (၂၀၂၅-၂၀၂၆) ယခုနှစ် ဘဏ္ဍာနှစ်တွင် တစ်ကြိမ် အပြီးအစီးဆောင်ရွက် ရန်လျာထားခဲ့ကြောင်းသိရသည်။
အထက်ကျိုင်းတောင်းစီမံကိန်းသည် စက်တပ်ဆင်အင်အား (၁၇)မဂ္ဂါဝပ်ရှိသော စက်(၃)လုံး ဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၅၁)မဂ္ဂါဝပ်မှ နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်း ပေါင်း (၂၆၇)သန်းထုတ်လုပ်ပေးနိုင်မည့် ဒေသအ ကျိုးပြုစီမံကိန်းကြီးဖြစ်ကြောင်းသိရသည်။
အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းမှထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများနှင့် လက်ရှိ ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို (၂၃၀)ကေဗီ မဟာဓာတ်အားလိုင်းဖြင့် နမ့်စန် ပင်မဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်၍ နိုင်ငံတော် ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရည်ရွယ်အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
တည္ေဆာက္ခ်ိန္ (၁၇)ႏွစ္နီးပါးရွိလာသည့္ အထက္က်ိဳင္းေတာင္းစီမံကိန္းကို (၂၀၂၇-၂၀၂၈) ဘ႑ာႏွစ္ တြင္ ၿပီးစီးရန္ ရည္မွန္းထား
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၁
(၂၀ဝ၈-၂၀ဝ၉)ဘ႑ာႏွစ္က စတင္တည္ေဆာက္ၿပီး လက္ရွိအခ်ိန္အထိ (၁၇)ႏွစ္နီးပါးရွိလာ သည့္ အထက္က်ိဳင္းေတာင္းစီမံကိန္းကို လာမည့္ (၂၀၂၇ -၂၀၂၈)ဘ႑ာႏွစ္တြင္ၿပီးစီးေစရန္ရည္မွန္းထား ေၾကာင္း NP News က စုံစမ္းသိရွိရသည္။
အထက္က်ိဳင္းေတာင္းေရအားလွ်ပ္စစ္စီမံကိန္းသည္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) က်ိဳင္းေတာင္း ၿမိဳ႕၏ အေနာက္ေတာင္ဘက္ (၁၄)မိုင္အကြာ နမ့္တိန္ေခ်ာင္းေပၚတြင္ ေရအားလွ်ပ္စစ္အေကာင္အထည္ ေဖာ္ေရးဦးစီးဌာန အမွတ္ (၅)တည္ေဆာက္ေရးက အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိသည့္ စီမံ ကိန္းတစ္ခုျဖစ္ေၾကာင္းသိရသည္။
“အခုေလာေလာဆယ္ေတာ့ ေရအားလွ်ပ္စစ္စီမံကိန္းထဲမွာ ရွမ္းေတာင္မွာရွိတဲ့ အထက္က်ိဳင္း ေတာင္းေပါ့။ အဲဒီအထက္က်ိဳင္းေတာင္းစီမံကိန္းတစ္ခုပဲ ေဆာင္႐ြက္ဆဲအေနအထားမွာရွိပါတယ္။ အဲဒါ ကေတာ့ (၂၀၂၇-၂၀၂၈) ဘ႑ာႏွစ္အစေလာက္မွာေတာ့ ၿပီးႏိုင္ေအာင္လို႔ ႀကိဳးစားၿပီးေဆာင္႐ြက္ေနပါ တယ္” ဟု လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ အဆိုပါစီမံကိန္းကို ဆက္လက္အေကာင္အထည္ေဖာ္ေနဆဲျဖစ္ၿပီး တည္ေဆာက္ ခ်ိန္ (၁၇)ႏွစ္နီးပါးရွိလာခ်ိန္တြင္ (၉၀) ရာခိုင္ႏႈန္းေက်ာ္ ၿပီးစီးေနၿပီျဖစ္ေၾကာင္း အထက္ပါသတင္းရင္း ျမစ္က ဆိုသည္။
“ရွမ္းေတာင္မွာရွိတဲ့ အထက္က်ိဳင္းေတာင္းေရအားလွ်ပ္စစ္စီမံကိန္းက (၅၁) မဂၢဝပ္ရွိတာေပါ့ ေနာ္။ အဲဒီဟာတစ္ခုပဲ အခုလက္ရွိမွာေတာ့ အေကာင္အထည္ေဖာ္ေနတာေပါ့။ အထက္က်ိဳင္းေတာင္း ကေတာ့ ၿပီးေတာ့မွာပါ (၉၀)ရာခိုင္ႏႈန္းေက်ာ္ ၿပီးေနၿပီ။ ၿပီးရင္ လူဦးေရ (၇)သိန္းေက်ာ္တိုးတက္ၿပီး သုံးစြဲ ႏိုင္ပါမယ္” ဟု ၎ကေျပာသည္။
အဆိုပါ စီမံကိန္းကို (၂၀၂၄-၂၀၂၅)ဘ႑ာႏွစ္က တစ္ႀကိမ္၊ (၂၀၂၅-၂၀၂၆) ယခုႏွစ္ ဘ႑ာႏွစ္တြင္ တစ္ႀကိမ္ အၿပီးအစီးေဆာင္႐ြက္ ရန္လ်ာထားခဲ့ေၾကာင္းသိရသည္။
အထက္က်ိဳင္းေတာင္းစီမံကိန္းသည္ စက္တပ္ဆင္အင္အား (၁၇)မဂၢါဝပ္ရွိေသာ စက္(၃)လုံး ျဖင့္ စုစုေပါင္း စက္တပ္ဆင္အင္အား (၅၁)မဂၢါဝပ္မွ ႏွစ္စဥ္ ပ်မ္းမွ် လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီသန္း ေပါင္း (၂၆၇)သန္းထုတ္လုပ္ေပးႏိုင္မည့္ ေဒသအ က်ိဳးျပဳစီမံကိန္းႀကီးျဖစ္ေၾကာင္းသိရသည္။
အထက္က်ိဳင္းေတာင္းေရအားလွ်ပ္စစ္စီမံကိန္းမွထြက္ရွိလာမည့္ လွ်ပ္စစ္ဓာတ္အားမ်ားႏွင့္ လက္ရွိ က်ိဳင္းေတာင္းေရအားလွ်ပ္စစ္ဓာတ္အားေပး စက္႐ုံမွထြက္ရွိလာသည့္ လွ်ပ္စစ္ဓာတ္အားမ်ားကို (၂၃၀)ေကဗီ မဟာဓာတ္အားလိုင္းျဖင့္ နမ့္စန္ ပင္မဓာတ္အားခြဲ႐ုံသို႔ ခ်ိတ္ဆက္ပို႔လႊတ္၍ ႏိုင္ငံေတာ္ ဓာတ္အားစနစ္မွ ျဖန႔္ျဖဴးေပးႏိုင္ရန္အတြက္ ရည္႐ြယ္အေကာင္အထည္ေဖာ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။