ချိုင်းချွေးများမှ တစ်ဆင့် Covid-19 ကူးစက်မှု စစ်ဆေးနိုင်မည့် ကိုဗစ်စစ်ကိရိယာကို ထိုင်းတွင်စမ်းသပ်

 662

ရောင်နီ (NP News) - စက်တင်ဘာ ၁၁
ထိုင်းသုတေသီများသည် ချွေးကိုအခြေပြုသည့် mobile virus detector ကို တီထွင်နေပြီး ယခုသီ တင်းပတ်အတွင်း ဘန်ကောက်အစားအစာဈေးကွက်တစ်ခုရှိ လမ်းမများပေါ်တွင် စမ်းသပ်ခဲ့ကြောင်း Straitstimes သတင်းဖော်ပြချက်အရသိရသည်။

နမူနာများအရ Covid-19 ကူးစက်ခံရသူများသည် အလွန်ကွဲပြားသည့် ဓာတုပစ္စည်းများတွေ့ရှိခဲ့ရကြောင်း၊ ချွေးတွင် အချို့သောဘက်တီးရီးယားများမှ ထုတ်လွှတ်သည့် အနံ့များရှာဖွေနိုင်ခြင်းကို အ ခြေပြုကာ ကိုဗစ်လူနာများ ရှာဖွေကြောင်း Bangkok's Chulalongkorn တက္ကသိုလ်မှ Dr Chadin Kulsing က ပြောသည်။

စမ်းသပ်မှုသည် (၉၅) ရာခိုင်နှုန်းတိကျမှုရှိပြီး ဈေးသက်သာသည့် ရွေးချယ်စရာတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ရကြောင်း ဒေါက်တာ Chadin က ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းသည် ဖွံ့ဖြိုးတိုးတက်မှုအဆင့်တွင်သာ ရှိနေသေးပြီး ၎င်းနောက်ကွယ်မှ သုတေသနကို ထုတ်ဝေခြင်း (သို့မ ဟုတ်) ပြန်လည်သုံးသပ်ရခြင်းများ မရှိသေးကြောင်းသိရသည်။ ချွေးနမူနာစစ်ရန် ဝါဂွမ်းစကို ချိုင်း ကြားထဲတွင်အချိန် (၁၅) မိနစ်ခန့်ထားပြီး ရလဒ်ထွက်ရန် အချိန် (၃ဝ) စက္ကန့်သာ စောင့်ဆိုင်းရကြောင်းသိရသည်။ အဆိုးဝါးဆုံး Covid-19 တတိယလှိုင်းကို ရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံသည် ကြာသပတေးနေ့ (စက်တင်ဘာလ ၉ ရက်) က ကူးစက်လူနာသစ် ၁၆ဝဝဝ ကျော် ထပ်တိုးလာခဲ့ပြီး ကူးစက်မှု စုစုပေါင်း (၁.၃၄) သန်းအထိရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.